K pop

■ SMTOWN Live Tokyo မှာ EXO Chen ပါဝင်မယ်လို့ ကြေညာပြီးနောက် အမြင်ကွဲလွဲ

– – – SMTOWN Live Tokyo မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တဲ့ EXO Chen ပါဝင်မယ်လို့ အတည်ပြုနောက်မှာတော့ ပရိသတ်တွေက အခုလိုတုံ့ပြန်ခဲ့ကြတာပါ။

EXO အဖွဲ့ဝင် Chen ဟာ ဧပြီလ (၂၅) ရက်က စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပြီး SM Entertainment က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပမယ့် live concert ဖြစ်တဲ့ “SMTOWN LIVE 2022: SMCU EXPRESS” ကို ကြေညာခဲ့ပြီး အဲဒီပွဲမှာ Chen လည်း ပါဝင်မယ်လို့ အတည်ပြုခဲ့တာပါ။

ဒါဟာ SMTOWN ရဲ့ ကိုဗစ်ကာလ (၃) နှစ်အတွင်း ပထမဆုံး offline show ဖြစ်ပြီး ဧပြီလ (၂၇) ရက်နဲ့ (၂၈) ရက်တွေမှာ Tokyo Dome မှာ ကျင်းပမှာဖြစ်ပြီး အဲဒီပွဲမှာ Red Velvet, aespa, NCT, Super Junior နဲ့ TVXQ အဖွဲ့တွေ ပါဝင်မှာ ဖြစ်သလို၊ Soloists တွေဖြစ်တဲ့ BoA၊ Kangta၊ Taeyeon, Hyoyeon, Onew, Key,Suho, Chen, Kai၊ DJs Raiden နဲ့ Gino တို့လည်း ပါဝင်မှာပါ။

အဲဒီပွဲမှာ Chen ပါဝင်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး Netizen အချို့က မလိုလားတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပြီး တချို့ကတော့ ကောင်းတယ်။ လိုလားတယ်ဆိုတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Chen ဟာ ၂၀၂၀ ဇန်နဝါရီမှာ non-celebrity ကောင်မလေးနဲ့ လက်ထပ်ကြောင်း ကြေညာခဲ့ပြီး အဲဒီ ကြေညာချက် ထွက်လို့ သိပ်မကြာခင်မှာပဲ သားဦးလေးကို မွေးဖွားခဲ့သလို၊ ဒီနှစ် ဇန်နဝါရီမှာလည်း ကလေးနောက်ထပ်တစ်ဦး မွေးဖွားခဲ့တာကြောင့် ပရိသတ်အချို့ရဲ့ အမြင်မကြည်ခြင်းကို ခံနေရတာပါ။

Source: KBZ

 

-Zawgyi




ဒါဟာ SMTOWN ရဲ့ ကိုဗစ်ကာလ (၃) နှစ်အတွင်း ပထမဆုံး offline show ဖြစ်ပြီး ဧပြီလ (၂၇) ရက်နဲ့ (၂၈) ရက်တွေမှာ Tokyo Dome မှာ ကျင်းပမှာဖြစ်ပြီး အဲဒီပွဲမှာ Red Velvet, aespa, NCT, Super Junior နဲ့ TVXQ အဖွဲ့တွေ ပါဝင်မှာ ဖြစ်သလို၊ Soloists တွေဖြစ်တဲ့ BoA၊ Kangta၊ Onew, Key,Suho, Chen, Kai၊ DJs Raiden နဲ့ Gino တို့လည်း ပါဝင်မှာပါ။



Source: KBZ

You cannot copy content of this page