Celebrity

■ ရုပ်သံအစီအစဉ်မှာ ရာသီမလာတဲ့အကြောင်း ပြောလို့ ဝေဖန်ခံနေရတဲ့ အမျိုးသမီး Idol

– – – နောက်ဆုံးမှာ Yoo Jae Suk က ရုပ်သံလွှင့်နေတာလေ။ အဲဒါတွေ ပြောမနေပါနဲ့ ထားယူရတဲ့ အထိ ဖြစ်ခဲ့တာပါ …

tvN’s entertainment program တစ်ခုဖြစ်တဲ့ Sixth Sense 3 မှာ Yoo Jae Suk နဲ့ Jessi၊ Mi-joo တို့ ပါဝင်ခဲ့ပြီး Mi-joo ကြောင့် Yoo Jae Suk အရှက်ပိုခဲ့ရပါတယ်။ အဲဒီအစီအစဉ်မှာ ကျောပိုးအိတ် လွယ်လာတဲ့ Jessi ကို Yoo Jae Suk က ဘယ်အကယ်ဒမီကို သွားမလို့လဲဆိုပြီး မေးမြန်းခဲ့တာပါ။

အဲဒါကို Jessi က “အဲဒီလို မဟုတ်ပါဘူး။ ဒီနေ့က အဲဒီနေ့ဖြစ်လို့ ကျွန်မ ဒီလိုဖြစ်နေတာ” လို့ ဆိုခဲ့ပါတယ်။ ဒါကို Yoo Jae Suk က နားလည်နေပြီဖြစ်ပေမဲ့ Mi-joo က “ဒီနေ့တော့ သူ့ကို သွားမစနဲ့။ ဒီနေ့တော့ မဟုတ်ဘူး”လို့ Yoo Jae Suk ကို ပြောခဲ့တာပါ။

Jessi ဟာ အဲဒီကိစ္စကြောင့် တစ်ရက်လုံး ရှက်နေခဲ့ပြီး Oh Na-ra က “ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ဒီလိုမျိုး ကြုံခဲ့သေးလား”လို့ မေးမြန်းရာမှာ Yoo Jae Suk က “နင်တို့က ငါ့ကို အစ်ကိုတစ်ယောက်လို သဘောထားတာတော့ ကောင်းပါတယ်။ အဲဒီတော့”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အဲဒီမှာ Mi-joo က “ကျွန်မလည်း ရာသီမလာတာ (၂) လလောက်ရှိပြီ ကိုဗစ်ရဲ့ နောက်ဆက်တွဲတွေပေါ့လေ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါကို Yoo Jae Suk က “ဒီအကြောင်းတွေ မပြောနဲ့လေ။ ငါတို့ ရုပ်သံ လွှင့်နေတာ”ဆိုပြီး တားခဲ့ပါတယ်။

အဲဒီအပိုင်း ထွက်လာပြီးနောက်မှာတော့ Netizens တွေက Mi-joo ဟာ ရုပ်သံမှာ မသင့်တော်တဲ့ စကားကို ပြောဆိုခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

Source: KBZ

 

-Zawgyi

■ ႐ုပ္သံအစီအစဥ္မွာ ရာသီမလာတဲ့အေၾကာင္း ေျပာလုိ႔ ေ၀ဖန္ခံေနရတဲ့ အမ်ဳိးသမီး Idol

— – – ေနာက္ဆုံးမွာ Yoo Jae Suk က ႐ုပ္သံလႊင့္ေနတာေလ။ အဲဒါေတြ ေျပာမေနပါနဲ႔ ထားယူရတဲ့ အထိ ျဖစ္ခဲ့တာပါ …

tvN’s entertainment program တစ္ခုျဖစ္တဲ့ Sixth Sense 3 မွာ Yoo Jae Suk နဲ႔ Jessi၊ Mi-joo တုိ႔ ပါ၀င္ခဲ့ၿပီး Mi-joo ေၾကာင့္ Yoo Jae Suk အရွက္ပုိခဲ့ရပါတယ္။ အဲဒီအစီအစဥ္မွာ ေက်ာပုိးအိတ္ လြယ္လာတဲ့ Jessi ကုိ Yoo Jae Suk က ဘယ္အကယ္ဒမီကုိ သြားမလုိ႔လဲဆုိၿပီး ေမးျမန္းခဲ့တာပါ။

အဲဒါကုိ Jessi က “အဲဒီလုိ မဟုတ္ပါဘူး။ ဒီေန႔က အဲဒီေန႔ျဖစ္လုိ႔ ကၽြန္မ ဒီလိုျဖစ္ေနတာ” လုိ႔ ဆုိခဲ့ပါတယ္။ ဒါကုိ Yoo Jae Suk က နားလည္ေနၿပီျဖစ္ေပမဲ့ Mi-joo က “ဒီေန႔ေတာ့ သူ႕ကုိ သြားမစနဲ႔။ ဒီေန႔ေတာ့ မဟုတ္ဘူး”လုိ႔ Yoo Jae Suk ကုိ ေျပာခဲ့တာပါ။

Jessi ဟာ အဲဒီကိစၥေၾကာင့္ တစ္ရက္လုံး ရွက္ေနခဲ့ၿပီး Oh Na-ra က “ၿပီးခဲ့တဲ့ အပတ္တုန္းကေတာ့ ဒီလုိမ်ဳိး ႀကံဳခဲ့ေသးလား”လုိ႔ ေမးျမန္းရာမွာ Yoo Jae Suk က “နင္တုိ႔က ငါ့ကုိ အစ္ကုိတစ္ေယာက္လုိ သေဘာထားတာေတာ့ ေကာင္းပါတယ္။ အဲဒီေတာ့”ဆုိၿပီး ေျပာဆုိခဲ့ပါတယ္။

အဲဒီမွာ Mi-joo က “ကၽြန္မလည္း ရာသီမလာတာ (၂) လေလာက္ရွိၿပီ ကုိဗစ္ရဲ႕ ေနာက္ဆက္တဲြေတြေပါ့ေလ” လုိ႔ ေျပာဆုိခဲ့ပါတယ္။ ဒါကုိ Yoo Jae Suk က “ဒီအေၾကာင္းေတြ မေျပာနဲ႔ေလ။ ငါတုိ႔ ႐ုပ္သံ လႊင့္ေနတာ”ဆုိၿပီး တားခဲ့ပါတယ္။

အဲဒီအပုိင္း ထြက္လာၿပီးေနာက္မွာေတာ့ Netizens ေတြက Mi-joo ဟာ ႐ုပ္သံမွာ မသင့္ေတာ္တဲ့ စကားကုိ ေျပာဆုိခဲ့တယ္ဆုိၿပီး ေ၀ဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။

Source: KBZ

You cannot copy content of this page