– – – SM Entertainment က EXO အဖွဲ့ဝင် Chanyeol နဲ့ ပတ်သက်ပြီး တောင်းပန်ပြီးနောက်မှာ အဲဒီအမျိုးသမီးက တောင်းပန်ခဲ့တာဖြစ်ပြီး ဇာတ်ကြောင်းအစုံကိုတော့ ပုံနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
ဧပြီ ၂၇ ရက်မှာ motorcycle influencer Jang Si Nae ဟာ Channel S မှာ ပါဝင်ခဲ့ပြီး နာမည်ကျော် Idol တစ်ဦးက သူမကို ဆဲဆိုကာ ရိုင်းစိုင်းစွာဆက်ဆံခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
သူမက “တစ်နေ့ အလုပ်ကို ကျွန်မ scooter စီးပြီး သွားတော့ လူတစ်ယောက်က နိုင်ငံခြားကားနဲ့ ကျွန်မ နောက်က မောင်းလာတာကို တွေ့ပါတယ်။ သူ့ကားက ကျွန်မဆိုင်ကယ်နောက်ကို အလျင်အမြန် ရောက်လာခဲ့ပြီး ကျွန်မက သူ့ကို ရှောင်ဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ သူက ကျွန်မကို လက်ခလယ်ထောင်ပြပြီး ဆဲသွားတယ်။ ကျွန်မလည်း သူ့ကားနံပါတ်ကို မြင်ရအောင် ပြန်လိုက်တာပေါ့။ ကံကောင်းတော့ မီးပွိုင့်မှာ သူ့ကို သွားမိတယ်။ ဒါနဲ့ ကျွန်မလည်း သူ့ကားတံခါး သွားခေါက်ပြီး ဘာကြောင့် သူ ဒီလိုလုပ်သလဲ သွားကြည့်တာပေါ့။
အစကတော့ သူက သူ့မျက်နှာကို အုပ်ထားတယ်။ နောက်တော့ မျက်နှာကိုလည်း ပြရော ကျွန်မ အရမ်းအံံ့ဩသွားတယ်။ သူက အရမ်းနာမည်ကြီးတာလေ။ သူက Idol တစ်ယောက်ပါ။ သူ့နာမည်ကို ကျွန်မ ထုတ်ပြောရင် Blame ခံရမယ် ထင်တယ်” လို့ ဆိုခဲ့တာပါ။
Jang Si Nae vlog က လက်ခလယ်ထောင်ပြခဲ့တဲ့ Idol ဆိုသူ အမျိုးသားရဲ့ Video ကို ထုတ်ပြခဲ့ပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မှတ်မိဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ Car Brand က Chanyeol စီးတဲ့ Car Brand ဖြစ်လို့ ပရိသတ်တချို့က Chanyeol ကို စွပ်စွဲခဲ့ကြပါတယ်။
အခု SM Entertainment က အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး အခုလို ထုတ်ပြန်ခဲ့ပါတယ်။ “ဗီဒီယိုမှာ ပါတဲ့လူက Chanyeol မဟုတ်ပါဘူး။ ပြီးတော့ ကားကလည်း Chanyeol ရဲ့ ကိုယ်ပိုင်ကားနဲ့ ကွာခြားပါတယ်။ သတင်းမှားဖြန့်သူတွေကို ကျွန်တော်တို့ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ” လို့ ဖော်ပြပါရှိပါတယ်။
SM Entertainment ရဲ့ အဲဒီထုတ်ပြန်ချက် ထွက်လာပြီးနောက်မှာတော့ သူ့ကို ရိုင်းစိုင်းစွာ ဆက်ဆံခဲ့တဲ့ Idol ဟာ Chanyeol မဟုတ်ကြောင်းနဲ့ Chanyeol နဲ့ ပတ်သက်ပြီး အခုလို အထင်မှားစေတဲ့အတွက် တောင်းပန်ကြောင်း သူ့ရဲ့ Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
Source: SM Entertainment