K pop

■ BLACKPINK အဖွဲ့ ဇွန်လ Comeback လုပ်မယ်ဆိုတဲ့ သတင်းကို YG တုံ့ပြန်

– – – ဇွန်လမှာ BLACKPINK အဖွဲ့ Comeback လုပ်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ YG Entertainment က တရားဝင်တုံ့ပြန်လိုက်ပါပြီ။

BLACKPINK အဖွဲ့ဟာ ၂၀၂၀ အောက်တိုဘာမှာ သူတို့ရဲ့ ပထမဆုံး full-length album ဖြစ်တဲ့ “THE ALBUM” ကို ထုတ်ဝေပြီးကတည်းက Comeback ပြုလုပ်ခြင်းမရှိသေးတာကြောင့် ပရိသတ်တွေက သူတို့ရဲ့ Comeback ကို အတော်လေး မျှော်လင့်နေကြပါတယ်။

Comeback နဲ့ ပတ်သက်လို့ BLACKPINK အဖွဲ့ဝင်တွေက အစွန်းအစ ပြောဆိုတာတွေ ရှိပေမဲ့ အခုထက်ထိတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဧပြီလ (၂၆) ရက်မှာတော့ Sports Dong-A က BLACKPINK အဖွဲ့ဟာ ဇွန်လအစောဆုံးထားပြီး Comeback လုပ်ဖို့ စီစဉ်နေတယ်လို့ အတိအလင်း ဖော်ပြခဲ့ပါတယ်။

Sports Dong-A က BLACKPINK ရဲ့ Comeback နဲ့ပတ်သက်ပြီး အဲဒီလို ဖော်ပြပြီးနောက်မှာ အဲဒီသတင်းက Netizens တွေအကြား Hot Topic ဖြစ်နေခဲ့ပြီး အခု YG Entertainment က တရားဝင် ထုတ်ပြန်ခဲ့တာပါ။

YG Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “BLACKPINK အဖွဲ့ရဲ့ comeback schedule နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ မဆုံးဖြတ်ရသေးပါဘူး။ BLACKPINK အဖွဲ့အနေနဲ့ ဇွန်လ comeback လုပ်မယ်လို့ ပြောဆိုနေကြပေမဲ့ ဒါက ကျွန်တော်တို့ တရားဝင် ကြေညာထားတာ မဟုတ်ပါဘူး” လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ကိုရီးယားမီဒီယာတွေကတော့ BLACKPINK အဖွဲ့ဟာ ၂၀၂၂ ဒုတိယနှစ်ဝက်မှာ ကျိန်းသေပေါက် Comeback ပြုလုပ်မှာဖြစ်ပြီး အခုအချိန်မှာ ကိုဗစ်ကင်းလွတ်ခွင့်တွေပါ နိုင်ငံတော်တော်များများ ရှိနေပြီဖြစ်လို့ BLACKPINK အနေနဲ့ World Tour ပါ တစ်ပါတည်း ပြုလုပ်သွားရှိတယ်လို့ ဖော်ပြနေကြပါတယ်။

ပြီးတော့ BLACKPINK အနေနဲ့ Comeback ပြုလုပ်ရာမှာလည်း mini-Album မဟုတ်ဘဲ THE ALBUM လို့ full-length album ထုတ်ဖို့ စီစဉ်နေတာဖြစ်ပြီး သီချင်းအနည်းဆုံး (၈)ပုဒ်ကနေ (၁၀) ပုဒ်လောက်အထိ ပါဝင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Source: YG Entertainment

You cannot copy content of this page