K pop

■ Pre-orders စံချိန်တင် ရရှိထားတဲ့ HYBE ရဲ့ LE SSERAFIM

– – – HYBE က ပွဲထုတ်မယ့် LE SSERAFIM အဖွဲ့ဟာ Pre-order စံချိန်တင် ဘယ်လောက်အထိ ရရှိထားတယ်ဆိုတာ …

HYBE ရဲ့ လက်အောက်ခံ Source Music က ပွဲထုတ်မယ့် LE SSERAFIM အဖွဲ့မှာ Debut အတွက် Pre-orders စံချိန်တင်ရထားပြီး ပွဲထွက်မှာ အောင်မြင်ဖို့ သေချာသလောက် ရှိနေပါတယ်။

LE SSERAFIM အဖွဲ့ သူတို့ရဲ့ ပွဲထွက် mini-album ‘Fearless’ အတွက် Pre-orders (380,000) ကျော်အထိ ရရှိထားပြီး ဒါဟာ ပွဲထွက်မယ့် အဖွဲ့သစ်တစ်ဖွဲ့အတွက် စံချိန်တင် ရောင်းအားလည်း ဖြစ်ပါတယ်။

LE SSERAFIM အဖွဲ့ရဲ့ mini-album ‘Fearless’ မှာ “The World Is My Oyster”, “Blue Flame”, “The Great Mermaid”, “Sour Grapes” စတဲ့ သီချင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

LE SSERAFIM အဖွဲ့အနေနဲ့ ‘Fearless’ Album ကို မေလ (၂) ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ (၆) နာရီမှာ ထုတ်ဝေမှာ ဖြစ်ပါတယ်။

Source: KBZ

 

 

-Zawgyi







Source: KBZ

You cannot copy content of this page