K pop

■ ဧပြီလအတွင်း Brand Reputation အမြင့်ဆုံး ကြယ်ပွင့်များ

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဖွဲ့တွေကတော့ …

Korea Institute of Corporate Reputation က ဧပြီလအတွက် အဆိုတော်တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ မတ်လ (၃၀)ရက်ကနေ ဧပြီလ (၃၀)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BTS၊ Lim Young Woong နဲ့ BIGBANG တို့ ရပ်တည်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ brand value index 11,052,255 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Lim Young Woong က 8,501,064 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ BIGBANG အဖွဲ့က 6,362,585 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

■ ဧပြီလအတွင်း အကျော်ကြားဆုံး ကြယ်ပွင့် (၁၀)

1- BTS
2- Lim Young-woong
3- BIGBANG
4- Son Heung-min
5- IU
6- Son Ye-jin
7- BLACKPINK
8- Ryu Hyun-jin
9- Kim Jun-ho
10- Lee Chan-won

Source: Soompi

You cannot copy content of this page