K pop

■ မေလမှာ ပထမဆုံး Mini Album ထုတ်ဝေမယ့် SNSD အဖွဲ့ဝင်နဲ့ Single တစ်ပုဒ် ထုတ်မယ့် B.I

— – – မေလအတွင်း ပထမဆုံး Mini Album ထုတ်ဝေမယ့် Girls’ Generation ကတော့ … B.I အနေနဲ့ သူ့ရဲ့ “LOVE OR LOVED [L.O.L]” project အတွက် …\

Girls’ Generation အဖွဲ့ဝင် Hyoyeon ဟာ သူ့ရဲ့ Solo Comeback ကို ဒီလ ပြုလုပ်မှာဖြစ်ပြီး မေလ (၂) ရက်မှာ Hyoyeon က သူ့အနေနဲ့ ပထမဆုံး solo mini album “DEEP” ကို ထုတ်ဝေမယ်လို့ ကြေညာခဲ့ပါတယ်။

Hyoyeon ဟာ မေလ (၂) ရက်မှာ သူ့ရဲ့ ပထမဆုံး solo mini album “DEEP” အတွက် teaser ကို ထုတ်ဝေခဲ့ပြီး အဲဒီ solo mini album “DEEP” ကို မေလ (၁၆) ရက်၊ ကိုရီးယားစံတော်ချိန် ညနေ (၆) နာရီမှာ ထုတ်ဝေမယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း iKON အဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ B.I ဟာ သူ့ရဲ့ 2022 global album project အတွက် pre-release single ကို စတင်ထုတ်ဝေသွားမယ်လို့ မေလ (၂) ရက်က ကြေညာခဲ့ပါတယ်။

“LOVE OR LOVED [L.O.L]” project အတွက် B.I ဟာ သူ့ရဲ့ pre-release single ကို မေလ (၁၃) ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လယ် (၁) နာရီမှာ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

Source: Soompi

 

-Zawgyi







Source: Soompi

You cannot copy content of this page