K pop

■ စစ်တပ်မှာ Sergeant အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ EXO အဖွဲ့ဝင်

– – – လက်ရှိ စစ်မှုထမ်းနေတဲ့ EXO အဖွဲ့ဝင်တွေထဲမှာ … ကတော့ ..

EXO အဖွဲ့မှာ လက်ရှိ စစ်မှုထမ်းနေသူတွေကတော့ ပရိသတ်တွေ Ship ကြလေ့ရှိတဲ့ Chanbaek အတွဲ ဖြစ်ပြီး သူတို့ထဲမှာ Chanyeol ဟာ မေလ (၁) ရက်မှာ Sergeant အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံရတာပါ။

Chanyeol အနေနဲ့ အခုလို Sergeant အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခြင်းခံခဲ့ရတာဟာ စစ်မှုတာဝန်တွေ ထမ်းဆောင်နေစဉ်အတွင်း တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်တာကြောင့် စစ်သားချင်းချင်း ထောက်ခံချက် ပေးခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ စစ်မှုတာဝန်ထမ်းဆောင်နေစဉ်အတွင်း Chanyeol အနေနဲ့ ဒုတိယအကြိမ်မြောက် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာလတုန်းကလည်း “special warrior” test ကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ‘Corporal’ အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသေးတာပါ။

Chanyeol ဟာ ဒီနှစ်အတွင်း စစ်မှုထမ်းတာဝန်ပြီးဆုံးမှာဖြစ်ပြီး စက်တင်ဘာ (၂၈) ရက်မှာ တာဝန်တွေ အားလုံးပြီးဆုံးမှာ ဖြစ်ကာ လက်ရှိမှာတော့ military musical, “Blue Helmet: A Song Of Meissa” မှာ ပါဝင်ထားပါတယ်။

Source: AKP

 

-Zawgyi







Source: AKP

You cannot copy content of this page