K pop

■ Girls’ Generation ကို ကျော်ပြီး ဒုတိယမျိုးဆက်မှာ Music Show Win အမျာဆုံးဖြစ်လာတဲ့ BIGBANG

– – – Still Life သီချင်းနဲ့ Music Show Win (၈) ခု ရပြီးနောက်မှာတော့ BIGBANG အဖွဲ့ဟာ K-Pop ဒုတိယမျိုးဆက်မှာ …

BIGBANG အဖွဲ့ဟာ သူတို့ရဲ့နောက်ဆုံးထုတ်သီချင်း Still Life နဲ့ Music Show Win (၈) ခုရပြီးနောက်မှာတော့ K-Pop သမိုင်းတစ်လျှောက် Music Show Win အမျာဆုံးရတဲ့ ဒုတိယမျိုးဆက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒုတိယမျိုးဆက် K-Pop အဖွဲ့တွေထဲမှာ Music Show Win (၁၀၀) နဲ့အထက် ရတဲ့ အဖွဲ့ (၂) ဖွဲ့ပဲ ရှိပြီး သူတို့ကတော့ BIGBANG နဲ့ Girls’ Generation အဖွဲ့တွေ ဖြစ်ပါတယ်။

Girls’ Generation အဖွဲ့ဟာ K-Pop ဒုတိယမျိုးဆက်တွေထဲမှာ Music Show Win (၁၀၀) ရတဲ့ ပထမဆုံးအဖွဲ့အဖြစ် မှတ်တမ်းဝင်ထားတာဖြစ်ပြီး BIGBANG အဖွဲ့ကတော့ Still Life သီချင်းနဲ့ Music Show Win (၈) ခုရပြီးနောက် သူတို့အဖွဲ့ဟာ အဖွဲ့သမိုင်းတစ်လျှောက် Music Show Win (၁၀၁) အထိ ရှိလာခဲ့တာပါ။

ဒါကြောင့် BIGBANG အဖွဲ့ဟာ K-Pop ဒုတိယမျိုးဆက်တွေထဲမှာ Music Show Win အများဆုံးရတဲ့ အဖွဲ့အဖြစ် Girls’ Generation ထက် (၁) ခုအသာနဲ့ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် BIGBANG ရဲ့ Still Life သီချင်းဟာ Taeyeon ရဲ့ ‘INVU’ သီချင်းနဲ့အတူ ၂၀၂၂ အတွင်း Music Show Win အများဆုံးရတဲ့ သီချင်းအဖြစ် (၈) ကြိမ်စီနဲ့ မှတ်တမ်းဝင်ထားပါတယ်။

Source: AKP

 

-Zawgyi


Big Bang Height, Weight, Age






Source: AKP

You cannot copy content of this page