K pop

■ LE SSERAFIM အဖွဲ့ရဲ့ အလန်းစား ပွဲထွက် MV

– – – Pre-order စံချိန်တင် ရရှိထားတဲ့ HYBE ရဲ့ အဖွဲ့သစ် LE SSERAFIM ဟာ ဒီနေ့ ပွဲထွက်ခဲ့ပြီး သူတို့ရဲ့ ပွဲထွက် MV ကတော့ You Tube မှာ စံချိန်တင်ဖို့တောင် …

ဒီနေ့ (မေလ ၂ ရက်)မှာ ကောင်မလေး (၆) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ LE SSERAFIM အဖွဲ့ဟာ ပထမဆုံး mini album “FEARLESS” နဲ့ ပွဲထွက်ခဲ့ပြီး ခေါင်းစီးသီချင်း “FEARLESS” ရဲ့ အလန်းစား MV ကိုလည်း ချပြခဲ့တာပါ။

V

LE SSERAFIM အဖွဲ့အနေနဲ့ ပွဲထွက်အထိမ်းအမှတ်အဖြစ် Fan Showcase ကိုလည်း ဒီနေ့(မေလ ၂ ရက်) ည (၈) နာရီမှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

LE SSERAFIM အဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင် (၆) ယောက်ကတော့ Yujin၊ Kazuha၊ Sakura၊ Chaewon၊ Kim Garam နဲ့ Eunchae တို့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ အသက်အငယ်ဆုံးက (၁၅) နှစ်ဖြစ်ပြီး အသက်အကြီးဆုံးအဖွဲ့ဝင် (၂၄) နှစ် ဖြစ်ပါတယ်။

LE SSERAFIM အဖွဲ့ရဲ့ ပွဲထွက်သီချင်း “FEARLESS” ကို အောက်ကဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Source: HYBE

 

-Zawgyi






Source: HYBE

You cannot copy content of this page