K pop

■ ကျောင်းသားတွေချည်းရှိတဲ့ ကျောင်းမှာ ဖျော်ဖြေခဲ့တဲ့ aespa အဖွဲ့ ဆွဲလား ရမ်းလား အလုပ်ခံခဲ့ရ

– – – လုံခြုံရေးအားနည်းခြင်းရဲ့ အကျိုးဆက်နဲ့ ကျောင်းသားတွေရဲ့ မစောင့်ထိန်းတဲ့ အခြေအနေတွေကြောင့် အတော်လေးရုပ်ပျက်ခဲ့သလို၊ aespa အဖွဲ့ဝင်တွေဟာ …

aespa အဖွဲ့ဟာ မေလ (၂) ရက်မှာ ကျောင်သားတွေချည်းပဲ တက်တဲ့ Kyungbock High School မှာ ဖျော်ဖြေရာမှာတော့ လုံခြုံရေးအားနည်းမှုကြောင့် အဖွဲ့ဝင်တွေဟာ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

Kyungbock High School မှာ SM Entertainment အနုပညာရှင်တွေ ဖျော်ဖြေလေ့ရှိပြီး ၂၀၀၈ မှာ Girl’s Generation၊ ၂၀၁၅ မှာ Red Velvet၊ ၂၀၁၆ မှာ NCT 127၊ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ NCT Dream တို့ တက်ရောက်ခဲ့ကာ ဒီနှစ်မှာတော့ aespa ကိုလည်း ပရိသတ်တွေ မျှော်လင့်ချက် မြင့်မားခဲ့တာပါ။

ဒါပေမဲ့ လုံခြုံရေးအားနည်းမှုကြောင့် မြင်ကွင်းတွေကတော့ အတော်လေး အကျဉ်းတန်ခဲ့ပြီး aespa အဖွဲ့ဝင်တွေအနေနဲ့လည်း အတော်လေးကို စိတ်ကျဉ်းကျပ်ခဲ့ကာ စိုးရိမ်သောက ရောက်ခဲ့မှာ သေချာပါတယ်။

aespa အဖွဲ့ ကျောင်းကို စရောက်ကတည်းက ကျောင်းသားတွေဟာ ထိန်းမရဖြစ်ပြီး တချို့ကျောင်းသားတွေက aespa အဖွဲ့ဝင်တွေကို ဆွဲလား၊ ရမ်းလား လုပ်တာ၊ ခါးကို ကိုင်တွယ်တာ၊ ဖက်တာမျိုးတွေ လုပ်ခဲ့ကြတာပါ။

အဲဒီထက်ပိုဆိုးတာက တချို့ကျောင်းသားတွေဟာ aespa အဖွဲ့ ဖျော်ဖြေတဲ့ စတိတ်စင်ပေါ်အထိ တက်ပြီး အဖွဲ့ဝင်တွေနဲ့အတူ Selfie တွေ ရိုက်ခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်တွေအတွက် ကိုရီးယားအင်တာနက်အသုံးပြုသူတွေက ကျောင်းသားတွေကို ဝေဖန်ခဲ့သလို၊ လုံခြုံရေးအားနည်းတဲ့ SM ကိုလည်း အပြစ်ဖို့ခဲ့ကြတာပါ။

ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာတော့ Kyungbock High School ဘက်က အဲဒီဖြစ်ရပ်တွေအတွက် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Source: Wikitree, Theqoo and Wikitree

 

-Zawgyi

■ ေက်ာင္းသားေတြခ်ည္းရွိတဲ့ ေက်ာင္းမွာ ေဖ်ာ္ေျဖခဲ့တဲ့ aespa အဖဲြ႕ ဆဲြလား ရမ္းလား အလုပ္ခံခဲ့ရ

— – – လုံၿခံဳေရးအားနည္းျခင္းရဲ႕ အက်ဳိးဆက္နဲ႔ ေက်ာင္းသားေတြရဲ႕ မေစာင့္ထိန္းတဲ့ အေျခအေနေတြေၾကာင့္ အေတာ္ေလး႐ုပ္ပ်က္ခဲ့သလုိ၊ aespa အဖဲြ႕၀င္ေတြဟာ …

aespa အဖဲြ႕ဟာ ေမလ (၂) ရက္မွာ ေက်ာင္သားေတြခ်ည္းပဲ တက္တဲ့ Kyungbock High School မွာ ေဖ်ာ္ေျဖရာမွာေတာ့ လုံၿခံဳေရးအားနည္းမႈေၾကာင့္ အဖဲြ႕၀င္ေတြဟာ အခက္အခဲေတြ၊ ဒုကၡေတြနဲ႔ ရင္ဆုိင္ခဲ့ရတာပါ။

Kyungbock High School မွာ SM Entertainment အႏုပညာရွင္ေတြ ေဖ်ာ္ေျဖေလ့ရွိၿပီး ၂၀၀၈ မွာ Girl’s Generation၊ ၂၀၁၅ မွာ Red Velvet၊ ၂၀၁၆ မွာ NCT 127၊ ၂၀၁၇ နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာ NCT Dream တုိ႔ တက္ေရာက္ခဲ့ကာ ဒီႏွစ္မွာေတာ့ aespa ကုိလည္း ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ ျမင့္မားခဲ့တာပါ။

ဒါေပမဲ့ လုံၿခံဳေရးအားနည္းမႈေၾကာင့္ ျမင္ကြင္းေတြကေတာ့ အေတာ္ေလး အက်ဥ္းတန္ခဲ့ၿပီး aespa အဖဲြ႕၀င္ေတြအေနနဲ႔လည္း အေတာ္ေလးကို စိတ္က်ဥ္းက်ပ္ခဲ့ကာ စုိးရိမ္ေသာက ေရာက္ခဲ့မွာ ေသခ်ာပါတယ္။

aespa အဖဲြ႕ ေက်ာင္းကုိ စေရာက္ကတည္းက ေက်ာင္းသားေတြဟာ ထိန္းမရျဖစ္ၿပီး တခ်ဳိ႕ေက်ာင္းသားေတြက aespa အဖဲြ႕၀င္ေတြကုိ ဆဲြလား၊ ရမ္းလား လုပ္တာ၊ ခါးကုိ ကုိင္တြယ္တာ၊ ဖက္တာမ်ဳိးေတြ လုပ္ခဲ့ၾကတာပါ။

အဲဒီထက္ပုိဆုိးတာက တခ်ဳိ႕ေက်ာင္းသားေတြဟာ aespa အဖဲြ႕ ေဖ်ာ္ေျဖတဲ့ စတိတ္စင္ေပၚအထိ တက္ၿပီး အဖဲြ႕၀င္ေတြနဲ႔အတူ Selfie ေတြ ႐ုိက္ခ့ဲတာပါပဲ။ အဲဒီျဖစ္ရပ္ေတြအတြက္ ကုိရီးယားအင္တာနက္အသုံးျပဳသူေတြက ေက်ာင္းသားေတြကုိ ေ၀ဖန္ခဲ့သလုိ၊ လုံၿခံဳေရးအားနည္းတဲ့ SM ကုိလည္း အျပစ္ဖုိ႔ခဲ့ၾကတာပါ။

ေ၀ဖန္မႈေတြ ျမင့္တက္လာၿပီးေနာက္မွာေတာ့ Kyungbock High School ဘက္က အဲဒီျဖစ္ရပ္ေတြအတြက္ ေတာင္းပန္ေၾကာင္း ထုတ္ျပန္္ခဲ့ပါတယ္။

Source: Wikitree, Theqoo and Wikitree

You cannot copy content of this page