K pop

■ ကျောင်းအရှုပ်တော်ပုံကြောင့် Kim Garam ဖြေနေချိန်မှာ Chaewon မိုက်လုဖြေခဲ့လို့ ရုပ်ပေါက်ခဲ့

– – – သတင်းထောက်က အဲဒီတုန်းက ဘယ်လိုဖြစ်တာလဲလို့ Kim Garam ကို တိုက်ရိုက်မေးခဲ့ရာ အဲဒီမေးခွန်းကို Kim Garam က တုံ့ပြန်ချိန်မှာ Chaewon က …

ပွဲမထွက်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ LE SSERAFIM အဖွဲ့ဟာ မေလ (၂) ရက်မှာ ပထမဆုံး mini-album ‘FEARLESS’ နဲ့ ပွဲထွက်ခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ သတင်းစာရှင်းလင်းပွဲနဲ့ ပွဲထွက်ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။

LE SSERAFIM အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Garam ဟာ ပွဲမထွက်ခင်ကတည်းက ကျောင်းသူဘဝမှာ အတန်းဖော်တွေကို အနိုင်ကျင့်ဗိုလ်ကျခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ပွဲထွက်စတိတ်မှာ သတင်းထောက်တွေက အဲဒီအကြောင်းကို အထာမထားဘဲ မေးမြန်းခဲ့တာပါ။

ဒါကို Kim Garam က “အခုအချိန်မှာ အဲဒီတုန်းက အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြောပြဖို့ ခက်တာကြောင့် ရှင်တို့ နားလည်ပေးနိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မအနေနဲ့ LE SSERAFIM အဖွဲ့ဝင်အဖြစ် အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ပြေကြားခဲ့ပါတယ်။

ပိုပြီးရုပ်ပေါက်သွားတာက အဲဒီအချိန်မှာ အဖွဲ့ခေါင်းဆောင် Kim Chaewon က Kim Garam ဆီက မိုက်ကို ယူပြီး “ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီက အသေးစိတ်ရှင်းပြမယ့် အခွင့်အရေး ပေါ်လာပါလိမ့်မယ်။ အခုလိုအချိန်မျိုးမှာ ဒီအကြောင်းကို တိုက်ရိုက်ပြောဖို့ မသင့်တော်ပါဘူး”လို့ ပြောကြားခဲ့တာပါ။

Source: KBZ

 

 

-Zawgyi

■ ေက်ာင္းအ႐ႈပ္ေတာ္ပုံေၾကာင့္ Kim Garam ေျဖေနခ်ိန္မွာ Chaewon မုိက္လုေျဖခဲ့လုိ႔ ႐ုပ္ေပါက္ခဲ့

— – – သတင္းေထာက္က အဲဒီတုန္းက ဘယ္လုိျဖစ္တာလဲလုိ႔ Kim Garam ကုိ တုိက္႐ုိ္က္ေမးခဲ့ရာ အဲဒီေမးခြန္းကို Kim Garam က တုံ႔ျပန္ခ်ိန္မွာ Chaewon က …

ပဲြမထြက္ခင္ကတည္းက ပရိသတ္ေတြရဲ႕ စိတ္၀င္စားျခင္းခံခဲ့ရတဲ့ LE SSERAFIM အဖဲြ႕ဟာ ေမလ (၂) ရက္မွာ ပထမဆုံး mini-album ‘FEARLESS’ နဲ႔ ပဲြထြက္ခဲ့ၿပီး အဲဒီေန႔ ညေနပုိင္းမွာပဲ သတင္းစာရွင္းလင္းပဲြနဲ႔ ပဲြထြက္ေဖ်ာ္ေျဖပဲြကုိ ျပဳလုပ္ခဲ့ပါတယ္။

LE SSERAFIM အဖဲြ႕၀င္တစ္ဦးျဖစ္တဲ့ Kim Garam ဟာ ပဲြမထြက္ခင္ကတည္းက ေက်ာင္းသူဘ၀မွာ အတန္းေဖာ္ေတြကုိ အႏုိင္က်င့္ဗုိလ္က်ခဲ့တယ္လုိ႔ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚခဲ့ၿပီး ပဲြထြက္စတိတ္မွာ သတင္းေထာက္ေတြက အဲဒီအေၾကာင္းကုိ အထာမထားဘဲ ေမးျမန္းခဲ့တာပါ။

ဒါကုိ Kim Garam က “အခုအခ်ိန္မွာ အဲဒီတုန္းက အေၾကာင္းအရာေတြနဲ႔ ပတ္သက္လုိ႔ ေျပာျပဖုိ႔ ခက္တာေၾကာင့္ ရွင္တုိ႔ နားလည္ေပးႏုိင္ဖုိ႔ ကၽြန္မ ေမွ်ာ္လင့္ပါတယ္။ ကၽြန္မအေနနဲ႔ LE SSERAFIM အဖဲြ႕၀င္အျဖစ္ အေကာင္းဆုံးႀကိဳးစားသြားမွာပါ”လုိ႔ ေျပၾကားခဲ့ပါတယ္။

ပုိၿပီး႐ုပ္ေပါက္သြားတာက အဲဒီအခ်ိန္မွာ အဖဲြ႕ေခါင္းေဆာင္ Kim Chaewon က Kim Garam ဆီက မုိက္ကုိ ယူၿပီး “ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ကုမၸဏီက အေသးစိတ္ရွင္းျပမယ့္ အခြင့္အေရး ေပၚလာပါလိမ့္မယ္။ အခုလုိအခ်ိန္မ်ဳိးမွာ ဒီအေၾကာင္းကုိ တုိက္႐ုိက္ေျပာဖုိ႔ မသင့္ေတာ္ပါဘူး”လုိ႔ ေျပာၾကားခဲ့တာပါ။

Source: KBZ

You cannot copy content of this page