K pop

■ (၁၃) နှစ်ကြာပြီးနောက် အရမ်းချောလာတဲ့ F4 က ယွန်းဂျီဟိုအသေးလေး

– – – ကမ္ဘာကျော် “Boys Over Flowers” ဇာတ်လမ်းတွဲမှာ Kim Hyun Joong ရဲ့ child version အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကောင်လေးဟာ …

ကမ္ဘာအနှံ့မှာ အောင်မြင်ခဲ့တဲ့ “Boys Over Flowers” ဇာတ်လမ်းတွဲမှာ Yoon Ji Hoo (Kim Hyun Joong) ဇာတ်ကောင်ရဲ့ ကလေးဘဝနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ကောင်လေးဟာ အခုတော့ အရမ်းကို Handsome ဖြစ်တဲ့ ယောကျ်ားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

“Boys Over Flowers“ ဇာတ်လမ်းတွဲမှာတုန်းက ယွန်းဂျီယို ကလေးဗားရှင်းအဖြစ် သရုပ်ဆောင်ခဲ့သူက Nam Da Reum ဖြစ်ပြီး အသက် (၂၀) ရှိပြီဖြစ်ပြီး အောင်မြင်တဲ့ ခေါင်းဆောင်မင်းသားအဖြစ် မြင်တွေ့နေရပြီဖြစ်သလို၊ အနာဂတ်မှာ ပိုအောင်မြင်လာဖို့လည်း ရှိနေပါတယ်။

Nam Da Reum ဟာ အရမ်းကို ကြိုးစားတဲ့ ကောင်လေးအဖြစ် သရုပ်ဆောင်လောကမှာ သတ်မှတ်ခံထားရသူဖြစ်ပြီး နိုင်ငံမှာလည်း နှစ်ပေါင်းများစွာကြာအောင် “nation’s little brother” အဖြစ် သတ်မှတ်ထားခံထားရသူ ဖြစ်ပါတယ်။

သိပ်မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ “Monstrous” ဇာတ်လမ်းတွဲမှာလည်း Nam Da Reum ဟာ Koo Gyo Hwan၊ Shin Hyun Bin တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း၊ အားပေးခြင်းကို ခံခဲ့ရပါတယ်။

“Monstrous” ဇာတ်လမ်းတွဲ မတိုင်ခင်တုန်းက Nam Da Reum ဟာ “The 8th Night” နဲ့ “The Great Shaman Ga Doo Shim” တို့မှာ သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှု၊ ရုပ်ရည်ချောမော လှပမှုတွေကြောင့် အနာဂတ်မှာ အကြီးအကျယ် အောင်မြင်လာမယ်လို့ သတ်မှတ်ခံထားရပါတယ်။

Source: KBZ

 

-Zawgyi



ကမ္ဘာအနှံ့မှာ အောင်မြင်ခဲ့တဲ့ “Boys Over Flowers” ဇာတ်လမ်းတွဲမှာ Yoon Ji Hoo (Kim Hyun Joong) ဇာတ်ကောင်ရဲ့ ကလေးဘ၀နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ကောင်လေးဟာ အခုတော့ အရမ်းကို Handsome ဖြစ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။





Source: KBZ

You cannot copy content of this page