K pop

■ ITZY Ryujin နဲ့ NCT Haechan တို့ Dating သတင်းထပ်ထွက်လာပြီး SM နဲ့ JYP နှုတ်ဆိတ်နေ

– – – ချစ်သူကောင်လေးတွေက မိန်းကလေးတွေထက် ဂိမ်းစ်ကို ဦးစားပေးတယ်လို့ Ryujin ရဲ့ ပြောဆိုမှုဟာ သူ့ချစ်သူကို ရည်ညွှန်းတာလို့ ဆိုနေကြပြီး သူတို့နှစ်ယောက်ဟာ ငြင်းမရအောင်…

ITZY အဖွဲ့ဝင် Ryujin နဲ့ NCT အဖွဲ့ဝင် Haechan တို့ရဲ့ Dating သတင်းတွေ ထပ်ထွက်လာပြီး ဒီတစ်ခါမှာတော့ Netizen တွေက ငြင်းမရလောက်အောင် အချက်နဲ့ အလက်နဲ့ သက်သေပြခဲ့တာပါ။ တကယ်တော့ သူတို့နှစ်ယောက်ဟာ ၂၀၂၁ ကတည်းက Dating သတင်း ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု ၂၀၂၂ မှာတော့ သူတို့ရဲ့ ဒိတ်သတင်းဟာ ပိုမိုကျယ်ပြန့်လာပြီး သူတို့ မွေးစားထားတဲ့ ကြောင်လေးတွေကိုတောင် အချိတ်အဆက်နဲ့ နာမည်ပေးထားကြပါသတဲ့။ Ryujin မှာ Byul နဲ့ Dal ဆိုတဲ့ ကြောင်နှစ်ကောင်ရှိပြီး အဓိပ္ပာယ်ကတော့ ကြယ်နဲ့ လ ဖြစ်ပါတယ်။ Haechan ကတော့ သူ့ကြောင်ကို Woojoo လို့ အမည်ပေးထားပြီး အဓိပ္ပာယ်က စကြာဝဌာ ဖြစ်ပါတယ်။

အရင်တုန်းကလည်း NCT နဲ့ ITZY အဖွဲ့ဝင်တွေဖြစ်တဲ့ သူတို့နှစ်ဦးရဲ့ စကားပြောပုံတွေ၊ အမူအရာတွေ တူလို့ ဒိတ်နေတယ်လို့ သတင်းထက်ခဲ့ဖူးပြီး သူတို့ဟာ တခြားလူတွေ သိပ်မသုံးတဲ့ စကားလုံးတွေကို တူညီစွာပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပိုပြီး သံသယဖြစ်စရာကောင်းတာက Haechan ဟာ ITZY ရဲ့ YouTube channel ကို Follow လုပ်ထားတာဖြစ်ပြီး ဒါက သိပ်မဆန်းပေမဲ့ သူ့ရဲ့ live တစ်ခုမှာ အဲဒါပေါ်သွားပြီးနောက်မှာ သူ့အနေနဲ့ တမင်လိုက်ကာ ဖုံးဖိခဲ့တာကြောင့် ဖြစ်ပါတယ်။

ဆက်ပြီးတော့ Ryujin က ဒီနေ့ခေတ်မှာ ချစ်သူကောင်လေးတွေက သူတို့ချစ်တဲ့ ကောင်မလေးတွေထက် ဂိမ်းစ်ကို အပိုလေးကြောင်း၊ ဂိမ်းစ်ကသာ ရည်းစားထက် သူတို့ရဲ့ ဦးစားပေးအရာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ Haechan က gamer လို့ နာမည်ကြီးသူ ဖြစ်ပါတယ်။

ဒါကြောင့် netizens တွေက Ryujin အနေနဲ့ အခုလိုပြောတာဟာ ခေတ်အကြောင်းကို ပြောတာထက် သူ့ခံစားချက်ကို ထုတ်ပြောတာဖြစ်ကြောင်း၊ ပြီးတော့ သူတို့ဟာ “couple items” ပေါင်းများစွာ ဥပမာ ပြောရမယ်ဆိုရင် couple earphones, couple watches နဲ့ couple phone cases တို့ ပိုင်ဆိုင်ထားတွေဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ဆိုနေကြတာပါ။ ပိုဆိုးတာက သူတို့ရဲ့ ဒိတ်သတင်းနဲ့ ပတ်သက်လို့ SM က နှုတ်ဆိတ်နေတာပါပဲ။

Source: KBZ

 

-Zawgyi









Source: KBZ

You cannot copy content of this page