K pop

■ ပုရိသတွေ ရေငတ်စေမယ့် ဓာတ်ပုံတွေ တင်ခဲ့ပြန်တဲ့ Jennie

– – – သူကတော့ IG မှာ ဘာရယ်မဟုတ်… အပန်းဖြေရာက ပုံတွေကို တင်တာပါပဲ။

BLACKPINK အဖွဲ့ဝင် Jennie ဟာ သူ အားလပ်ရက် ရတုန်းက အပန်းဖြေခရီးထွက်ခဲ့တဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ Instagram မှာ တင်ခဲ့ပါတယ်။

Jennie ဟာ မေလ (၂) ရက်က သူ့ရဲ့ Instagram မှာ အပန်းဖြေခရီးက ပုံပေါင်းများစွာကို တင်ခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံတွေဟာ အရမ်းလှတဲ့ ရှုခင်းနဲ့ ဖက်ရှင်ကျသလို၊ Sexy လည်း ကျတဲ့ Jennie ကို မြင်တွေ့ရမှာပါ။

Jennie ဟာ ဓာတ်ပုံတွေနဲ့အတူ “Love earth Love water Love this” ကို ရေးတင်ခဲ့တာဖြစ်ပြီး ကိုကိုတွေကတော့ ရှုခင်းထက် Jennie ကို မြင်နေမှာ သေချာပါတယ်။ အဝါရောင်စွတ်ကျယ်နဲ့ အနက်ရောင် ဘီကီနီကို ဝတ်ဆင်ထားတဲ့ Jennie ဟာ နွေခေါင်ခေါင်မှာ ပုရိသတွေကို ရေငတ်စေမှာ ကျိန်းသေပါပဲ။

ပရိသတ်တွေကတော့ Jennie ရဲ့ ပို့စ်အောက်မှာ အရမ်းမိုက်ကြောင်းနဲ့ ခန္ဓာကိုယ် ကောက်ကြောင်း ဘယ်လောက်လှကြောင်းတွေကို မှတ်ချက်ရေးချီးကျူးခဲ့ကြတာပါ။

Source: Jennie

 

-Zawgyi







Source: Jennie

You cannot copy content of this page