K pop

■ စတုတ္ထမြောက် Mini-album ‘Flashback’ အတွက် iKON ရဲ့ But You MV

– – – iKON အဖွဲ့ဟာ သူတို့ရဲ့ စတုတ္ထမြောက် Mini-album ‘Flashback’ ရဲ့ ခေါင်းစီးသီချင်းဖြစ်တဲ့ အလန်းစား But You MV ကို ထုတ်ဝေလိုက်ပြီဖြစ်ပြီး ဒီမှာ ခံစားနိုင်ပါပြီ။

iKON အဖွဲ့ဟာ စတုတ္ထမြောက် Mini-album ‘Flashback’ မှာ ပါဝင်မယ့် သီချင်းတွေကို ဧပြီလ (၂၅) ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ‘Flashback’ မှာ သီချင်း (၆) ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီသီချင်းတွေကတော့ ခေါင်းစီးသီချင်း “But You”, “Dragon”, “For Real?”, “Gold”, “Name” နဲ့”At Ease” တို့ ဖြစ်ပါတယ်။

iKON အဖွဲ့အနေနဲ့ ခေါင်းစီး “But You” ရဲ့ Music Video ကို ထုတ်လွှင့်မှာဖြစ်ပြီး တခြားသီချင်းတွေ ဖြစ်တဲ့ “Dragon”, “For Real?”, “Gold” နဲ့ “Name” တို့ကို online က ထုတ်လွှင့်မှာဖြစ်ကာ “At Ease” ကိုတော့ CD ဝယ်မှာပဲ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

iKON အဖွဲ့အနေနဲ့ သူတို့ရဲ့ စတုတ္ထမြောက် Mini-album ‘Flashback’ ကို မေလ (၃) ရက်မှာ ထုတ်ဝေမှာ ဖြစ်ပြီး offline အနေနဲ့တော့ မေလ (၁၀) ရက်မှာမှ ထုတ်ဝေမှာပါ။

Source: YG

 

-Zawgyi






Source: YG

You cannot copy content of this page