K pop

■ Kyungbock ကျောင်းမှာ အထိအကိုင်သာမက သားပြော၊ မယားပြောပါ ခံခဲ့ရတဲ့ aespa

– – – အဲဒီကျောင်းက ကျောင်းသားတွေဟာ aespa အဖွဲ့ဝင်တွေကို ထိ၊ ကိုင်ခဲ့ရုံတင်သာမက လူမှုကွန်ရက်တွေမှာ အတူရိုက်ထားတဲ့ပုံတွေနဲ့အတူ ပါးစပ်အရသာခံ ပြောထားပုံတွေက … သူတို့ လူမှုကွန်ရက်တွေမှာ တင်ထားတွေကို Caption တွေနဲ့အတူ ဖော်ပြ …

aespa အဖွဲ့ဟာ မေလ (၂) ရက်မှာ ကျောင်သားတွေချည်းပဲ တက်တဲ့ Kyungbock High School မှာ ဖျော်ဖြေရာမှာတော့ လုံခြုံရေးအားနည်းမှုကြောင့် အဖွဲ့ဝင်တွေဟာ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

(Photo- Kyungbock High School ကို ရောက်လာတဲ့ aespa အဖွဲ့ဝင်များ)

 

Kyungbock High School မှာ SM Entertainment အနုပညာရှင်တွေ ဖျော်ဖြေလေ့ရှိပြီး ၂၀၀၈ မှာ Girl’s Generation၊ ၂၀၁၅ မှာ Red Velvet၊ ၂၀၁၆ မှာ NCT 127၊ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ NCT Dream တို့ တက်ရောက်ခဲ့ကာ ဒီနှစ်မှာတော့ aespa ကိုလည်း ပရိသတ်တွေ မျှော်လင့်ချက် မြင့်မားခဲ့တာပါ။

(Photo – aespa အဖွဲ့ဝင်တွေအနား အတင်းကပ်ကာ ဓာတ်ပုံရိုက်ပြီး Sex လို့ ရေးတင်ထားတဲ့ ကျောင်းသားတစ်ယောက်)

ဒါပေမဲ့ လုံခြုံရေးအားနည်းမှုကြောင့် မြင်ကွင်းတွေကတော့ အတော်လေး အကျဉ်းတန်ခဲ့ပြီး တချို့ကျောင်းသားတွေက aespa အဖွဲ့ဝင်တွေကို ဆွဲလား၊ ရမ်းလား လုပ်တာ၊ ခါးကို ကိုင်တွယ်တာ၊ ဖက်တာမျိုးတွေ လုပ်ခဲ့ကြတာပါ။

(Photo- အားလုံးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ထိခဲ့ရုံပုံလို့ aespa အဖွဲ့ဝင်တစ်ဦး ခါးကို ဖက်သလို လုပ်ကာ ဓာတ်ပုံရိုက်တင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်)

 

 

(Photo- ကျောင်းသားတစ်ယောက်ကလည်း ကျွန်တော့် စော်တွေ ဒီမှာ lol … သူတို့ရဲ့ Body က ေ-ာက်ရမ်း လန်းတာ)

အဲဒီထက်ပိုဆိုးတာက တချို့ကျောင်းသားတွေဟာ aespa အဖွဲ့ ဖျော်ဖြေတဲ့ စတိတ်စင်ပေါ်အထိ တက်ပြီး အဖွဲ့ဝင်တွေနဲ့အတူ Selfie တွေ ရိုက်ခဲ့တာပါပဲ။

(Photo – လုံခြုံရေးတွေကို ကျော်ကာ aespa အဖွဲ့ဝင်တွေနဲ့ မရမက Selfie ဆွဲခဲ့တဲ့ ကျောင်းသားများ)

အဲဒီဖြစ်ရပ်တွေအတွက် ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာတော့ Kyungbock High School ဘက်က အဲဒီဖြစ်ရပ်တွေအတွက် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Source: Wikitree, Theqoo and Wikitree

You cannot copy content of this page