Drama

■ အရမ်းကောင်းတယ်ဆိုပြီး ချီးကျူးခံနေရတဲ့ Zombie ကိုရီးယားဇာတ်လမ်းတွဲသစ်

– – – “Kingdom”, “All of us are Dead”, “Happiness” တို့လိုပဲ ဒီ Zombie ဇာတ်လမ်းတွဲကတော့ Quality ပိုင်း ပိုကောင်းတယ်လို့ …

“Kingdom”, “All of us are Dead” နဲ့ “Happiness” တို့လို ဇွမ်ဘီဇာတ်လမ်းတွဲတွေ အောင်မြင်ပြီးနောက် အခု ကိုရီးယားမှာ “Monstrous” လို့ အမည်ရတဲ့ ဇွမ်ဘီဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေအကြား အတော်လေးကို ကျော်ကြားနေတာပါ။

“Monstrous” မှာ အပိုင်း (၆) ပိုင်း ပါဝင်ပြီး ဒီဇာတ်လမ်းတွဲမှာတော့ ဇွမ်ဘီတွေက ပိုယုတ္တိရှိပြီး ပိုလည်း ကြောက်စရာကောင်းတယ်လို့ သိရပါတယ်။ ဒါ့ပြင် ဒီဇာတ်လမ်းတွဲမှာ Goo Kyo Hwan, Shin Hyun Bin, Kwak Dong Yeon တို့နဲ့အတူ နာမည်ကျော် မင်းသားလေး Nam Da Reum လည်း ပါဝင်ထားပါတယ်။

“Monstrous” က ကျေးရွာတစ်ခုမှာ အခြေတည်ထားပြီး ဘုရားရုပ်တုတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ထူးဆန်းတာတွေ ဖြစ်ပေါ်လာတာကို ရိုက်ကူးထားတာပါ။ အဲဒီနောက်မှာ လူတွေ ထိန်းမရဖြစ်လာတာ၊ မဖြစ်သင့်တာတွေ ဖြစ်လာတာတွေကို ရဲတွေ၊ ပညာရှင်တွေ အကြောင်းရင်း ရှာဖွေတာတွေကို ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းတွဲမှာ မိနစ် (၃၀) စာ အပိုင်း (၆) ပိုင်း ပါဝင်ပြီး ဝေဖန်လွန်းတယ်လို့ နာမည်ကြီးတဲ့ Netizen တွေတောင် “Monstrous” ရဲ့ ဇာတ်ညွှန်းကောင်းမွန်မှု၊ သရုပ်ဆောင်ပီပြင်မှု၊ ထိတ်လန့်စရာကောင်းမှု စတာတွေက နောက်တစ်ဆင့်လို့တောင် တင်စားကြပါတယ်။

Source: KSZ

 

-Zawgyi

■ အရမ္းေကာင္းတယ္ဆုိၿပီး ခ်ီးက်ဴးခံေနရတဲ့ Zombie ကုိရီးယားဇာတ္လမ္းတဲြသစ္

– – – “Kingdom”, “All of us are Dead”, “Happiness” တုိ႔လုိပဲ ဒီ Zombie ဇာတ္လမ္းတဲြကေတာ့ Quality ပုိင္း ပုိေကာင္းတယ္လုိ႔ …

“Kingdom”, “All of us are Dead” နဲ႔ “Happiness” တို႔လုိ ဇြမ္ဘီဇာတ္လမ္းတဲြေတြ ေအာင္ျမင္ၿပီးေနာက္ အခု ကုိရီးယားမွာ “Monstrous” လုိ႔ အမည္ရတဲ့ ဇြမ္ဘီဇာတ္လမ္းတဲြဟာလည္း ပရိသတ္ေတြအၾကား အေတာ္ေလးကုိ ေက်ာ္ၾကားေနတာပါ။

“Monstrous” မွာ အပုိင္း (၆) ပုိင္း ပါ၀င္ၿပီး ဒီဇာတ္လမ္းတဲြမွာေတာ့ ဇြမ္ဘီေတြက ပုိယုတိၱရွိၿပီး ပုိလည္း ေၾကာက္စရာေကာင္းတယ္လုိ႔ သိရပါတယ္။ ဒါ့ျပင္ ဒီဇာတ္လမ္းတဲြမွာ Goo Kyo Hwan, Shin Hyun Bin, Kwak Dong Yeon တုိ႔နဲ႔အတူ နာမည္ေက်ာ္ မင္းသားေလး Nam Da Reum လည္း ပါ၀င္ထားပါတယ္။

“Monstrous” က ေက်းရြာတစ္ခုမွာ အေျခတည္ထားၿပီး ဘုရား႐ုပ္တုတစ္ခုကို ရွာေဖြေတြ႕ရွိၿပီးေနာက္ ထူးဆန္းတာေတြ ျဖစ္ေပၚလာတာကုိ ႐ုိက္ကူးထားတာပါ။ အဲဒီေနာက္မွာ လူေတြ ထိန္းမရျဖစ္လာတာ၊ မျဖစ္သင့္တာေတြ ျဖစ္လာတာေတြကုိ ရဲေတြ၊ ပညာရွင္ေတြ အေၾကာင္းရင္း ရွာေဖြတာေတြကုိ ႐ုိက္ကူးထားတာပါ။

ဒီဇာတ္လမ္းတဲြမွာ မိနစ္ (၃၀) စာ အပုိင္း (၆) ပုိင္း ပါ၀င္ၿပီး ေ၀ဖန္လြန္းတယ္လုိ႔ နာမည္ႀကီးတဲ့ Netizen ေတြေတာင္ “Monstrous” ရဲ႕ ဇာတ္ညႊန္းေကာင္းမြန္မႈ၊ သ႐ုပ္ေဆာင္ပီျပင္မႈ၊ ထိတ္လန္႔စရာေကာင္းမႈ စတာေတြက ေနာက္တစ္ဆင့္လုိ႔ေတာင္ တင္စားၾကပါတယ္။

Source: KSZ

You cannot copy content of this page