Celebrity

■ Son Ye Jin ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ချင်ပေမဲ့ အခွင့်မရတဲ့ Song Hye Kyo

— – – Son Ye Jin နဲ့ ဘာကြောင့် ခင်ချင်တယ်။ ဘာလို့ သူငယ်ချင်းဖြစ်ချင်တယ်ဆိုတာကို Song Hye Kyo ဖွင့်ထားပြီး အခုထိ …

ပါရမီ၊ ရုပ်ရည်ချောမောနဲ့ ပေါင်းသင်းဖို့ လွယ်ကူမှုတွေကြောင့် Son Ye Jin ဟာ တက်သစ်စ မင်းသမီးများစွာ စံထားရတဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပြီး သူ့ကို အလုပ်တွဲ လုပ်ချင်သူတွေထဲမှာ ခေတ်ပြိုင်တွေလိုဆိုနိုင်တဲ့ ထိပ်တန်းမင်းသမီး Song Hye Kyo လည်း ပါဝင်နေတာပါ။

W magazine နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Song Hye Kyo က သူ့အနေနဲ့ အနုပညာလောကမှာ ဝါရင့်မင်းသမီးတစ်ဦးဖြစ်ပေမဲ့ သူနဲ့ ရွယ်တူ မင်းသမီးတွေနဲ့ သရုပ်ဆောင်ခွင့်၊ ခင်မင်ရင်းနှီးခွင့် မရကြောင်း အံ့အားသင့်ဖွယ် ထုတ်ပြောခဲ့ပါတယ်။

အဲဒီနောက် Song Hye Kyo က သူ့အနေနဲ့ Son Ye Jin နဲ့ အတွေ့ချင်ဆုံးဖြစ်ကြောင်း၊ Son Ye Jin ရဲ့ သရုပ်ဆောင်ပညာတွေကို လေးစားအားကျကြောင်း၊ Son Ye Jin နဲ့အတူ ဇာတ်ကားဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲ ဖြစ်ဖြစ် အတူရိုက်လိုပြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လိုကြောင်း ပြောကြားခဲ့တာပါ။

Song Hye Kyo ရဲ့ အဲဒီအင်တာဗျူး ထွက်လာပြီးနောက် ပရိသတ်တွေက သူ့ရဲ့ စိတ်နေသဘောထားကို ချီးကျူးခဲ့ကြပြီး Hye Kyo နဲ့ Ye Jin တို့ ပရောဂျက်တစ်ခုတည်းကို အတူတူ လုပ်ရဖို့ မျှော်လင့်ကာ သူငယ်ချင်းတွေ ဖြစ်လာဖို့ ဆုတောင်းခဲ့ကြပါတယ်။

ဒါပေမဲ့ Song Hye Kyo ရဲ့ ဆန္ဒဟာ အခုအချိန် ဖြစ်လာခြင်းမရှိသေးဘဲ Hye Kyo နဲ့ Ye Jin တို့ဟာ ဇာတ်ကား၊ ဇာတ်လမ်းတွဲအတွက် အတူကမ်းလှမ်းခြင်း မခံရသေးပါဘူး။ အဓိကတော့ သူတို့နှစ်ယောက်စလုံးက ကိုရီးယားရဲ့ ထိပ်တန်းမင်းသမီးတွေ ဖြစ်တာကြောင့် ဇာတ်ကား ဒါမှမဟုတ် ဇာတ်လမ်းတွဲတစ်ခုတည်းမှာ တွဲရိုက်ဖို့ဆိုရင် အနုပညာကြေးကြောင့်လည်း ထုတ်လုပ်ရေးကုမ္ပဏီတွေ မစဉ်းစားတာ ဖြစ်ပါလိမ့်မယ်။

Source: KSZ

 

-Zawgyi

■ Son Ye Jin ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ခ်င္ေပမဲ့ အခြင့္မရတဲ့ Song Hye Kyo

— – – Son Ye Jin နဲ႔ ဘာေၾကာင့္ ခင္ခ်င္တယ္။ ဘာလုိ႔ သူငယ္ခ်င္းျဖစ္ခ်င္တယ္ဆုိတာကုိ Song Hye Kyo ဖြင့္ထားၿပီး အခုထိ …

ပါရမီ၊ ႐ုပ္ရည္ေခ်ာေမာနဲ႔ ေပါင္းသင္းဖုိ႔ လြယ္ကူမႈေတြေၾကာင့္ Son Ye Jin ဟာ တက္သစ္စ မင္းသမီးမ်ားစြာ စံထားရတဲ့ ထိပ္တန္းမင္းသမီးတစ္ဦးျဖစ္ၿပီး သူ႕ကုိ အလုပ္တဲြ လုပ္ခ်င္သူေတြထဲမွာ ေခတ္ၿပိဳင္ေတြလုိဆုိႏုိင္တဲ့ ထိပ္တန္းမင္းသမီး Song Hye Kyo လည္း ပါ၀င္ေနတာပါ။

W magazine နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ Song Hye Kyo က သူ႕အေနနဲ႔ အႏုပညာေလာကမွာ ၀ါရင့္မင္းသမီးတစ္ဦးျဖစ္ေပမဲ့ သူနဲ႔ ရြယ္တူ မင္းသမီးေတြနဲ႔ သ႐ုပ္ေဆာင္ခြင့္၊ ခင္မင္ရင္းႏွီးခြင့္ မရေၾကာင္း အံ့အားသင့္ဖြယ္ ထုတ္ေျပာခဲ့ပါတယ္။

အဲဒီေနာက္ Song Hye Kyo က သူ႕အေနနဲ႔ Son Ye Jin နဲ႔ အေတြ႕ခ်င္ဆုံးျဖစ္ေၾကာင္း၊ Son Ye Jin ရဲ႕ သ႐ုပ္ေဆာင္ပညာေတြကုိ ေလးစားအားက်ေၾကာင္း၊ Son Ye Jin နဲ႔အတူ ဇာတ္ကားျဖစ္ျဖစ္၊ ဇာတ္လမ္းတဲြ ျဖစ္ျဖစ္ အတူ႐ုိက္လုိၿပီး ခင္မင္ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္လုိေၾကာင္း ေျပာၾကားခဲ့တာပါ။

Song Hye Kyo ရဲ႕ အဲဒီအင္တာဗ်ဴး ထြက္လာၿပီးေနာက္ ပရိသတ္ေတြက သူ႕ရဲ႕ စိတ္ေနသေဘာထားကုိ ခ်ီးက်ဴးခဲ့ၾကၿပီး Hye Kyo နဲ႔ Ye Jin တုိ႔ ပေရာဂ်က္တစ္ခုတည္းကုိ အတူတူ လုပ္ရဖုိ႔ ေမွ်ာ္လင့္ကာ သူငယ္ခ်င္းေတြ ျဖစ္လာဖုိ႔ ဆုေတာင္းခဲ့ၾကပါတယ္။

ဒါေပမဲ့ Song Hye Kyo ရဲ႕ ဆႏၵဟာ အခုအခ်ိန္ ျဖစ္လာျခင္းမရွိေသးဘဲ Hye Kyo နဲ႔ Ye Jin တုိ႔ဟာ ဇာတ္ကား၊ ဇာတ္လမ္းတဲြအတြက္ အတူကမ္းလွမ္းျခင္း မခံရေသးပါဘူး။ အဓိကေတာ့ သူတုိ႔ႏွစ္ေယာက္စလုံးက ကုိရီးယားရဲဲ႕ ထိပ္တန္းမင္းသမီးေတြ ျဖစ္တာေၾကာင့္ ဇာတ္ကား ဒါမွမဟုတ္ ဇာတ္လမ္းတဲြတစ္ခုတည္းမွာ တဲြ႐ုိက္ဖုိ႔ဆုိရင္ အႏုပညာေၾကးေၾကာင့္လည္း ထုတ္လုပ္ေရးကုမၸဏီေတြ မစဥ္းစားတာ ျဖစ္ပါလိမ့္မယ္။

Source: KSZ

You cannot copy content of this page