K pop

■ TREASURE ရဲ့ ‘DARARI’ Promotions ကို ဖျက်သိမ်းခဲ့လို့ YG Entertainment ဝေဖန်ခံရ

– – – ရိုးရိုးဖျက်တာက လက်ခံလို့ရပေမဲ့ YG ရဲ့ လုပ်ပုံက အတော်လေး အရုပ်ဆိုးပြီး ဝေဖန်တာတောင် နည်းသေးတယ်လို့ ဆိုရမလိုပါပဲ။ အကြောင်းကတော့ …

TREASURE အဖွဲ့ရဲ့ b-sidetrack သီချင်းဖြစ်တဲ့ ‘DARARI’ ဟာ TikTok မှာ အရမ်းကို အောင်မြင်ခဲ့ပြီးနောက် Promotions တွေ ဆက်တိုက်ပြုလုပ်မယ်လို့ မတ်လမှာ YG က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလသာ ကုန်သွားတယ်။ ဘာမှ ဖြစ်မလာပါဘူး။

အခုတော့ ‘DARARI’ Promotions ကို ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ မေလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ TREASURE online meet and greet အစီအစဉ်မှာ ပရိသတ်တစ်ယောက်က music show တွေမှာ ‘DARARI’ Promotions လုပ်မှာလားလို့ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို TREASURE အဖွဲ့ခေါင်းဆောင် Hyunsuk ဟာ music show တွေမှာ ‘DARARI’ Promotions ပြုလုပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြန်ဖြေခဲ့တာပါ။ ဒါ့ပြင် YG ဟာ ‘DARARI’ MV ကို ထုတ်ဝေမယ်လို့ ကြေညာထားပေမဲ့ အခုထိ Dance Pratice သာ ထွက်သေးပြီး MV က ရိုက်ထားပေမဲ့ ဘယ်အချိန် ထုတ်မလဲ မသိသေးဘူးလို့ Haruto က ဆိုပါတယ်။

အခု ပရိသတ်တွေ ဒေါသထွက်နေတာက ‘DARARI’ Promotions ဖျက်သိမ်းတာကို YG က တရားဝင် ကြေညာခြင်းမရှိဘဲ အနုပညာရှင်က ပြောမှ သိရတာကြောင့်ဖြစ်ပြီး ပရိသတ်တွေက အဲဒီအတွက် YG Entertainment ရဲ့ ပရော်ဖက်ရှင်နယ်မဆန်မှုကို အဓိကထားပြီး ပြင်းထန်စွာ ဝေဖန်ခဲ့ကြတာပါ။

Source: KSZ

 

-Zawgyi

■ TREASURE ရဲ႕ ‘DARARI’ Promotions ကုိ ဖ်က္သိမ္းခဲ့လုိ႔ YG Entertainment ေ၀ဖန္ခံရ

– – – ႐ုိး႐ုိးဖ်က္တာက လက္ခံလုိ႔ရေပမဲ့ YG ရဲ႕ လုပ္ပုံက အေတာ္ေလး အ႐ုပ္ဆုိးၿပီး ေ၀ဖန္တာေတာင္ နည္းေသးတယ္လုိ႔ ဆုိရမလုိပါပဲ။ အေၾကာင္းကေတာ့ …

TREASURE အဖဲြ႕ရဲ႕ b-sidetrack သီခ်င္းျဖစ္တဲ့ ‘DARARI’ ဟာ TikTok မွာ အရမ္းကုိ ေအာင္ျမင္ခဲ့ၿပီးေနာက္ Promotions ေတြ ဆက္တုိက္ျပဳလုပ္မယ္လုိ႔ မတ္လမွာ YG က ေၾကညာခဲ့ပါတယ္။ ဒါေပမဲ့ ဧၿပီလသာ ကုန္သြားတယ္။ ဘာမွ ျဖစ္မလာပါဘူး။

အခုေတာ့ ‘DARARI’ Promotions ကုိ ဖ်က္သိမ္းလုိက္ၿပီလုိ႔ သိရပါတယ္။ ေမလအေစာပုိင္းက ျပဳလုပ္ခဲ့တဲ့ TREASURE online meet and greet အစီအစဥ္မွာ ပရိသတ္တစ္ေယာက္က music show ေတြမွာ ‘DARARI’ Promotions လုပ္မွာလားလုိ႔ ေမးျမန္းခဲ့ပါတယ္။

အဲဒီေမးခြန္းကုိ TREASURE အဖဲြ႕ေခါင္းေဆာင္ Hyunsuk ဟာ music show ေတြမွာ ‘DARARI’ Promotions ျပဳလုပ္မယ့္အစီအစဥ္ကုိ ဖ်က္သိမ္းလုိက္ၿပီလုိ႔ ျပန္ေျဖခဲ့တာပါ။ ဒါ့ျပင္ YG ဟာ ‘DARARI’ MV ကုိ ထုတ္ေ၀မယ္လုိ႔ ေၾကညာထားေပမဲ့ အခုထိ Dance Pratice သာ ထြက္ေသးၿပီး MV က ႐ုိက္ထားေပမဲ့ ဘယ္အခ်ိန္ ထုတ္မလဲ မသိေသးဘူးလုိ႔ Haruto က ဆုိပါတယ္။

အခု ပရိသတ္ေတြ ေဒါသထြက္ေနတာက ‘DARARI’ Promotions ဖ်က္သိမ္းတာကုိ YG က တရား၀င္ ေၾကညာျခင္းမရွိဘဲ အႏုပညာရွင္က ေျပာမွ သိရတာေၾကာင့္ျဖစ္ၿပီး ပရိသတ္ေတြက အဲဒီအတြက္ YG Entertainment ရဲ႕ ပေရာ္ဖက္ရွင္နယ္မဆန္မႈကုိ အဓိကထားၿပီး ျပင္းထန္စြာ ေ၀ဖန္ခဲ့ၾကတာပါ။

Source: KSZ

You cannot copy content of this page