K pop

■ လေဆိပ်ဖက်ရှင်နဲ့ Spotlight တွေကို သိမ်းပိုက်ခဲ့ပြန်တဲ့ King of K-Pop

– – – ကိုရီးယားဖျော်ဖြေရေးရဲ့ style icon အဖြစ် သတ်မှတ်ခံထားတာ ဘာကြောင့်ဆိုတာကို G-Dragon သက်သေပြခဲ့တာပါ …

မေလ (၃) ရက် ကိုရီးယားစံတော်ချိန် ည (၁၁) နာရီမှာ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ Chanel ပွဲကို တက်ရောက်ဖို့အတွက် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ကို ထွက်ခွာခဲ့ပါတယ်။

G-Dragon အနေနဲ့ လူမြင်ကွင်းမှာ လေဆိပ်ကို မထွက်တာ (၂) နှစ်ခွဲနီးပါး ရှိခဲ့ပြီဖြစ်ပြီး သူ့အနေနဲ့ ဘယ်လို ထွက်လာမလဲဆိုပြီး ပရိသတ်တွေ၊ မီဒီယာတွေ တော်တော်များများစိတ်ဝင်စားခဲ့ကြတာပါ။ G-Dragon ဟာ လေဆိပ်ကို Roll Royce ကားနဲ့ ရောက်လာခဲ့ပြီး ဖက်ရှင်ကလည်း ပုံမှန်အတိုင်း အလန်းစားဖြစ်ပါတယ်။

G-Dragon ဟာ Chanel အနက်ရောင်ဂျာကင်ကို ဝတ်ဆင်ထားပြီး အဲဒီဂျာကင်မှာ အဖြူရောင် camellia ပန်းပွင့် Chanel Logo ပါဝင်ကာ ရင်ဘတ်တစ်ဖက် တစ်ချက်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ သူဟာ အနက်ရောင်ဝတ်စုံနဲ့ ထွက်လာသလို၊ ဦးထုပ်ကလည်း အနက်ရောင် ဖြစ်ပါတယ်။

လေဆိပ်မှာ G-Dragon ကို မီဒီယာတွေနဲ့ ပရိသတ်တွေဟာ လျှပ်စီးလှပ်သလို ဓာတ်ပုံတွေများစွာ ရိုက်ခဲ့ကြပြီး G-Dragon ဟာ ထုံးစံအတိုင်း သူ့ကို လာကြည့်ကြတဲ့ ပရိသတ်တွေနဲ့ သတင်းလာယူတဲ့ သတင်းထောက်တွေကို ခါးကို ၉၀ ဒီဂရီညွှတ်ကာ နှုတ်ဆက်ခဲ့သလို၊ လက်အုပ်ချီပြီးပါ နှုတ်ဆက်ခဲ့တာပါ။

ပရိသတ်တွေကတော့ G-Dragon ရဲ့ ဖက်ရှင်နဲ့ ဝတ်စားဆင်ယင်မှုတွေကို ချီးကျူးမဆုံးဖြစ်နေကြပါတယ်။ သူတို့က G-Dragon ဟာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့ ဘယ်တော့မှာ စိတ်ပျက်စေဘူး။ ဘာဝတ်ဝတ် သူနဲ့ လိုက်တာချည်းပဲ။ သူရဲ့ ထူးခြားတဲ့ aura က ဘယ်သူနဲ့မှကို မတူတာ စတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြတာပါ။

Source: KSZ

 

-Zawgyi

■ ေလဆိပ္ဖက္ရွင္နဲ႔ Spotlight ေတြကုိ သိမ္းပုိက္ခဲ့ျပန္တဲ့ King of K-Pop

– – – ကုိရီးယားေဖ်ာ္ေျဖေရးရဲ႕ style icon အျဖစ္ သတ္မွတ္ခံထားတာ ဘာေၾကာင့္ဆုိတာကုိ G-Dragon သက္ေသျပခဲ့တာပါ …
ေမလ (၃) ရက္ ကုိရီးယားစံေတာ္ခ်ိန္ ည (၁၁) နာရီမွာ BIGBANG အဖဲြ႕ေခါင္းေဆာင္ G-Dragon ဟာ Chanel ပဲြကုိ တက္ေရာက္ဖုိ႔အတြက္ နယ္သာလန္ႏုိင္ငံ၊ အမ္စတာဒမ္ၿမိဳ႕ကုိ ထြက္ခြာခဲ့ပါတယ္။

G-Dragon အေနနဲ႔ လူျမင္ကြင္းမွာ ေလဆိပ္ကို မထြက္တာ (၂) ႏွစ္ခဲြနီးပါး ရွိခဲ့ၿပီျဖစ္ၿပီး သူ႕အေနနဲ႔ ဘယ္လုိ ထြက္လာမလဲဆုိၿပီး ပရိသတ္ေတြ၊ မီဒီယာေတြ ေတာ္ေတာ္မ်ားမ်ားစိတ္၀င္စားခဲ့ၾကတာပါ။ G-Dragon ဟာ ေလဆိပ္ကို Roll Royce ကားနဲ႔ ေရာက္လာခဲ့ၿပီး ဖက္ရွင္ကလည္း ပုံမွန္အတုိင္း အလန္းစားျဖစ္ပါတယ္။

G-Dragon ဟာ Chanel အနက္ေရာင္ဂ်ာကင္ကုိ ၀တ္ဆင္ထားၿပီး အဲဒီဂ်ာကင္မွာ အျဖဴေရာင္ camellia ပန္းပြင့္ Chanel Logo ပါ၀င္ကာ ရင္ဘတ္တစ္ဖက္ တစ္ခ်က္မွာ တပ္ဆင္ထားတာျဖစ္ပါတယ္။ သူဟာ အနက္ေရာင္၀တ္စုံနဲ႔ ထြက္လာသလုိ၊ ဦးထုပ္ကလည္း အနက္ေရာင္ ျဖစ္ပါတယ္။

ေလဆိပ္မွာ G-Dragon ကုိ မီဒီယာေတြနဲ႔ ပရိသတ္ေတြဟာ လွ်ပ္စီးလွပ္သလုိ ဓာတ္ပုံေတြမ်ားစြာ ႐ုိက္ခဲ့ၾကၿပီး G-Dragon ဟာ ထုံးစံအတုိင္း သူ႕ကုိ လာၾကည့္ၾကတဲ့ ပရိသတ္ေတြနဲ႔ သတင္းလာယူတဲ့ သတင္းေထာက္ေတြကုိ ခါးကုိ ၉၀ ဒီဂရီညႊတ္ကာ ႏႈတ္ဆက္ခဲ့သလုိ၊ လက္အုပ္ခ်ီၿပီးပါ ႏႈတ္ဆက္ခဲ့တာပါ။

ပရိသတ္ေတြကေတာ့ G-Dragon ရဲ႕ ဖက္ရွင္နဲ႔ ၀တ္စားဆင္ယင္မႈေတြကုိ ခ်ီးက်ဴးမဆုံးျဖစ္ေနၾကပါတယ္။ သူတုိ႔က G-Dragon ဟာ ဖက္ရွင္ပုိင္းနဲ႔ ပတ္သက္လုိ႔ ဘယ္ေတာ့မွာ စိတ္ပ်က္ေစဘူး။ ဘာ၀တ္၀တ္ သူနဲ႔ လုိက္တာခ်ည္းပဲ။ သူရဲ႕ ထူးျခားတဲ့ aura က ဘယ္သူနဲ႔မွကုိ မတူတာ စတဲ့ မွတ္ခ်က္ေတြကုိ ေရးသားခဲ့ၾကတာပါ။

Source: KSZ

You cannot copy content of this page