K pop

■ BTS ရဲ့ စစ်မှုထမ်းကိစ္စ နှောင့်နှေးခြင်းနဲ့ပတ်သက်လို့ HYBE ကို Netizens တွေ မေးခွန်းထုတ်

– – – အေဂျင်စီက တိကျတဲ့ အဖြေကို ပေးခြင်းသလို၊ အဖွဲ့ဝင်တွေကလည်း ကုမ္ပဏီက စီမံသလို လိုက်လုပ်ပါမယ်လို့ ပြောဆိုထားတာကြောင့် …

BTS အဖွဲ့ရဲ့ စစ်မှုထမ်းကိစ္စဟာ အခုအချိန်ထိ မတင်မကျဖြစ်နေဆဲဖြစ်ပြီး ကိုရီးယားပြည်သူတွေနဲ့ နိုင်ငံတကာ ပရိသတ်တွေအကြား အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။ အခုအချိန်ထိတော့ BTS ရဲ့ စစ်မှုထမ်းကိစ္စဟာ အတည်တကျ မဖြစ်သေးပါဘူး။

မေလအစောပိုင်းမှာတော့ HYBE ရဲ့ CEO(အမှုဆောင်အရာရှိချုပ်) ဖြစ်သူ Park Ji Won က “စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ အခုအချိန်ထိ အချိန်သတ်မှတ်ရခြင်းမရှိသေးသလို၊ ထမ်းမယ့်နည်းလမ်းကိုလည်း သတ်မှတ်ရခြင်း မရှိသေးပါဘူး။

ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေနဲ့ ဖြေရတာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ တိကျတဲ့အဖြေထွက်လာပြီးတာနဲ့ ကျွန်တော်တို့ ရှယ်ယာရှင်တွေကိုရော ပရိသတ်တွေကိုပါ ချက်ချင်း သတင်းထုတ်ပြန်ပေးသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ လော့စ်အိန်ဂျယ်လိစ်မှာ ဖျော်ဖြေပွဲပြုလုပ်တုန်း သတင်းစာရှင်းလင်းပွဲမှာ BTS အဖွဲ့ဝင် Jin က သူတို့အနေနဲ့ စစ်မှုထမ်းကိစ္စကို ကုမ္ပဏီကို လွဲထားကြောင်းနဲ့ ကုမ္ပဏီက စီမံသလို လိုက်နာမယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ HYBE က အခုထိ အတိအကျထုတ်ပြန်ခြင်းမရှိသေးဘဲ အချိန်ဆွဲနေတာကို Netizen တွေက စိတ်ပျက်နေကြပါတယ်။

တချို့က HYBE ဟာ BTS အဖွဲ့ ရှာပေးနေတဲ့ ဝင်ငွေတွေကို မဆုံးရှုံးချင်လို့ အချိန်ဆွဲနေပြီး စစ်မှုထမ်းတာဝန်က ကင်းလွတ်ခွင့်ရအောင် အမျိုးမျိုးကြိုးပမ်းနေတယ်လို့ စွပ်စွဲခဲ့ကြတယ်။

ပုံမှန်အတိုင်းဆိုရင် BTS အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jin အနေနဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက စစ်မှုထမ်းရမှာ ဖြစ်ပေမဲ့ တစ်နှစ် ရွှေ့ဆိုင်းခဲ့ပြီဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ မဖြစ်မနေ ထမ်းရမှာဖြစ်ပေမဲ့ အခုအချိန် တိကျတဲ့အဖြေ ထွက်မလာသေးတာ ဖြစ်ပါတယ်။

Source: KSZ

 

-Zawgyi

■ BTS ရဲ႕ စစ္မႈထမ္းကိစၥ ေႏွာင့္ေႏွးျခင္းနဲ႔ပတ္သက္လုိ႔ HYBE ကုိ Netizens ေတြ ေမးခြန္းထုတ္

– – – ေအဂ်င္စီက တိက်တဲ့ အေျဖကုိ ေပးျခင္းသလုိ၊ အဖဲြ႕၀င္ေတြကလည္း ကုမၸဏီက စီမံသလုိ လုိက္လုပ္ပါမယ္လုိ႔ ေျပာဆုိထားတာေၾကာင့္ …

BTS အဖဲြ႕ရဲ႕ စစ္မႈထမ္းကိစၥဟာ အခုအခ်ိန္ထိ မတင္မက်ျဖစ္ေနဆဲျဖစ္ၿပီး ကုိရီးယားျပည္သူေတြနဲ႔ ႏုိင္ငံတကာ ပရိသတ္ေတြအၾကား အျငင္းပြားမႈေတြလည္း ရွိေနပါတယ္။ အခုအခ်ိန္ထိေတာ့ BTS ရဲ႕ စစ္မႈထမ္းကိစၥဟာ အတည္တက် မျဖစ္ေသးပါဘူး။

ေမလအေစာပုိင္းမွာေတာ့ HYBE ရဲ႕ CEO(အမႈေဆာင္အရာရွိခ်ဳပ္) ျဖစ္သူ Park Ji Won က “စစ္မႈထမ္းကိစၥနဲ႔ ပတ္သက္လုိ႔ အခုအခ်ိန္ထိ အခ်ိန္သတ္မွတ္ရျခင္းမရွိေသးသလုိ၊ ထမ္းမယ့္နည္းလမ္းကိုလည္း သတ္မွတ္ရျခင္း မရွိေသးပါဘူး။

ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကန္႔သတ္ခ်က္ေတြနဲ႔ ေျဖရတာကုိ နားလည္ေပးဖုိ႔ ေမွ်ာ္လင့္ပါတယ္။ တိက်တဲ့အေျဖထြက္လာၿပီးတာနဲ႔ ကၽြန္ေတာ္တုိ႔ ရွယ္ယာရွင္ေတြကုိေရာ ပရိသတ္ေတြကုိပါ ခ်က္ခ်င္း သတင္းထုတ္ျပန္ေပးသြားမွာပါ”လုိ႔ ဆုိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ ေဖ်ာ္ေျဖပဲြျပဳလုပ္တုန္း သတင္းစာရွင္းလင္းပဲြမွာ BTS အဖဲြ႕၀င္ Jin က သူတုိ႔အေနနဲ႔ စစ္မႈထမ္းကိစၥကုိ ကုမၸဏီကုိ လဲြထားေၾကာင္းနဲ႔ ကုမၸဏီက စီမံသလုိ လုိက္နာမယ္လုိ႔ ေျပာဆုိခဲ့တာပါ။ ဒါေပမဲ့ HYBE က အခုထိ အတိအက်ထုတ္ျပန္ျခင္းမရွိေသးဘဲ အခ်ိန္ဆဲြေနတာကုိ Netizen ေတြက စိတ္ပ်က္ေနၾကပါတယ္။

တခ်ဳိ႕က HYBE ဟာ BTS အဖဲြ႕ ရွာေပးေနတဲ့ ၀င္ေငြေတြကုိ မဆုံး႐ႈံးခ်င္လုိ႔ အခ်ိန္ဆဲြေနၿပီး စစ္မႈထမ္းတာ၀န္က ကင္းလြတ္ခြင့္ရေအာင္ အမ်ဳိးမ်ဳိးႀကိဳးပမ္းေနတယ္လုိ႔ စြပ္စဲြခဲ့ၾကတယ္။

ပုံမွန္အတုိင္းဆုိရင္ BTS အဖဲြ႕ရဲ႕ အသက္အႀကီးဆုံးအဖဲြ႕၀င္ျဖစ္တဲ့ Jin အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းကတည္းက စစ္မႈထမ္းရမွာ ျဖစ္ေပမဲ့ တစ္ႏွစ္ ေရႊ႕ဆုိင္းခဲ့ၿပီျဖစ္ၿပီး ဒီႏွစ္ကုန္ပုိင္းမွာ မျဖစ္မေန ထမ္းရမွာျဖစ္ေပမဲ့ အခုအခ်ိန္ တိက်တဲ့အေျဖ ထြက္မလာေသးတာ ျဖစ္ပါတယ္။

Source: KSZ

You cannot copy content of this page