K pop

■ BTS အဖွဲ့ရဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ HYBE ပြောကြား

– – – ပုံမှန်အတိုင်းဆိုရင် BTS အဖွဲ့ဝင် Jin အနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်မှုထမ်းရမှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ မဖြစ်မနေ …

BTS အဖွဲ့ရဲ့ စစ်မှုထမ်းကိစ္စဟာ အခုအချိန်ထိ မတင်မကျဖြစ်နေဆဲဖြစ်ပြီး ကိုရီးယားပြည်သူတွေနဲ့ နိုင်ငံတကာ ပရိသတ်တွေအကြား အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။ အခုအချိန်ထိတော့ BTS ရဲ့ စစ်မှုထမ်းကိစ္စဟာ အတည်တကျ မဖြစ်သေးပါဘူး။

မေလအစောပိုင်းမှာတော့ BTS ရဲ့ အေဂျင်စီ HYBE Labels က ၂၀၂၂ ပထမ (၄) လအတွက် ဘဏ္ဍာရေး ရှင်းတမ်းကို ပြုလုပ်ခဲ့ပြီး အဲဒီမှာ BTS အဖွဲ့ဝင်တွေရဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီးလည်း သတိကြီးစွာထားကာ ပြောဆိုခဲ့တာ တွေ့ရပါတယ်။

HYBE ရဲ့ CEO(အမှုဆောင်အရာရှိချုပ်) ဖြစ်သူ Park Ji Won က “စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ အခုအချိန်ထိ အချိန်သတ်မှတ်ရခြင်းမရှိသေးသလို၊ ထမ်းမယ့်နည်းလမ်းကိုလည်း သတ်မှတ်ရခြင်း မရှိသေးပါဘူး။

ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေနဲ့ ဖြေရတာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ တိကျတဲ့အဖြေထွက်လာပြီးတာနဲ့ ကျွန်တော်တို့ ရှယ်ယာရှင်တွေကိုရော ပရိသတ်တွေကိုပါ ချက်ချင်း သတင်းထုတ်ပြန်ပေးသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

Source: KSZ

 

-Zawgyi

■ BTS အဖဲြ႕ရဲ႕ စစ္မႈထမ္းကိစၥနဲ႔ ပတ္သက္လုိ႔ HYBE သတိထားေျပာၾကား

– – – ပုံမွန္အတုိင္းဆုိရင္ BTS အဖဲြ႕၀င္ Jin အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ကတည္းက စစ္မႈထမ္းရမွာျဖစ္ၿပီး ဒီႏွစ္ကုန္ပုိင္းမွာေတာ့ မျဖစ္မေန …

BTS အဖဲြ႕ရဲ႕ စစ္မႈထမ္းကိစၥဟာ အခုအခ်ိန္ထိ မတင္မက်ျဖစ္ေနဆဲျဖစ္ၿပီး ကုိရီးယားျပည္သူေတြနဲ႔ ႏုိင္ငံတကာ ပရိသတ္ေတြအၾကား အျငင္းပြားမႈေတြလည္း ရွိေနပါတယ္။ အခုအခ်ိန္ထိေတာ့ BTS ရဲ႕ စစ္မႈထမ္းကိစၥဟာ အတည္တက် မျဖစ္ေသးပါဘူး။

ေမလအေစာပုိင္းမွာေတာ့ BTS ရဲ႕ ေအဂ်င္စီ HYBE Labels က ၂၀၂၂ ပထမ (၄) လအတြက္ ဘ႑ာေရး ရွင္းတမ္းကုိ ျပဳလုပ္ခဲ့ၿပီး အဲဒီမွာ BTS အဖဲြ႕၀င္ေတြရဲ႕ စစ္မႈထမ္းကိစၥနဲ႔ ပတ္သက္ၿပီးလည္း သတိႀကီးစြာထားကာ ေျပာဆုိခဲ့တာ ေတြ႕ရပါတယ္။

HYBE ရဲ႕ CEO(အမႈေဆာင္အရာရွိခ်ဳပ္) ျဖစ္သူ Park Ji Won က “စစ္မႈထမ္းကိစၥနဲ႔ ပတ္သက္လုိ႔ အခုအခ်ိန္ထိ အခ်ိန္သတ္မွတ္ရျခင္းမရွိေသးသလုိ၊ ထမ္းမယ့္နည္းလမ္းကိုလည္း သတ္မွတ္ရျခင္း မရွိေသးပါဘူး။

ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကန္႔သတ္ခ်က္ေတြနဲ႔ ေျဖရတာကုိ နားလည္ေပးဖုိ႔ ေမွ်ာ္လင့္ပါတယ္။ တိက်တဲ့အေျဖထြက္လာၿပီးတာနဲ႔ ကၽြန္ေတာ္တုိ႔ ရွယ္ယာရွင္ေတြကုိေရာ ပရိသတ္ေတြကုိပါ ခ်က္ခ်င္း သတင္းထုတ္ျပန္ေပးသြားမွာပါ”လုိ႔ ဆုိခဲ့ပါတယ္။

Source: KSZ

You cannot copy content of this page