Celebrity

■ သားဖြစ်သူရဲ့ ကိုယ်လုံးတီးပုံကို တင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ နာမည်ကြီးမင်းသမီး

– – – လူမှုကွန်ရက်မှာ သားဖြစ်သူရဲ့ ကိုယ်လုံးတီးပုံတင်ခဲ့တဲ့ နာမည်ကျော်မင်းသမီးဟာ ဘာမှ မဟုတ်ပေမဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မေလ အစောပိုင်းမှာ မင်းသမီး Lee Si Young ဟာ ဘူဆန်ကို မိသားစုလိုက် သွားလည်တဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါ။ အဲဒီဓာတ်ပုံတွေထဲမှာ ဟိုတယ်ဝရန်တာမှာ ကိုယ်လုံးတီးနဲ့ သွားနေတဲ့ Lee Si Young သားလေးရဲ့ ဓာတ်ပုံလည်း ပါဝင်ခဲ့တာ့ပါ။

Lee Si Young ရဲ့ သားလေးဟာ အသက် (၄) နှစ်သာ ရှိသေးပေမဲ့ netizens အချို့ကတော့ (၄) နှစ်သားလေးကို ကိုယ်လုံးတီးပုံတင်ခဲ့လို့ မင်းသမီးကို ပြင်းထန်တဲ့ စကားလုံးတွေ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့က “ခင်ဗျားသားလေးရဲ့ ဓာတ်ပုံကို ဆင်ဆာလုပ်ရင် လုပ်၊ မလုပ်ရင် ဖျက်လိုက်ပါ” “သူ အသက် ၂၅ နှစ် ပြည့်တဲ့အခါ ဘာကြောင့် သူ့ရဲ့ ကိုယ်လုံးတီးပုံကို တင်သလဲလို့ မေးမယ် ထင်တယ်” “ခင်ဗျားကလေးရဲ့ ကိုယ်လုံးတီးပုံကို ခင်ဗျား တင်လို့ မရဘူးလေ” စတဲ့ မှတ်ချက်ပေါင်းများစွာကို ရေးသားခဲ့ကြတာပါ။

အခု ကိုရီးယားမှာ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ကိုယ်လုံးတီးပုံတွေ တင်ခြင်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေပြီး ကလေးရဲ့ သဘောတူညီမှုမပါဘဲ အခု ရိုက်တင်တာတွေက သူတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုနေကြတာပါ။

Source: KSZ

 

-Zawgyi






်အခု ကိုရီးယားမှာ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ကိုယ်လုံးတီးပုံတွေ တင်ခြင်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေပြီး ကလေးရဲ့ သဘောတူညီမှုမပါဘဲ အခု ရိုက်တင်တာတွေက သူတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုနေကြတာပါ။

Source: KSZ

You cannot copy content of this page