Celebrity
■ Song Joong-ki ပွဲထွက်ကတည်းက Ideal Type အဖြစ် ရွေးချယ်ခဲ့တဲ့ မင်းသမီး
– – – Song Joong-ki သရုပ်ဆောင်လောကကို စဝင်ကတည်းက သူ့လက်ထပ်ချင်တဲ့ Ideal Type အဖြစ် ရွေးချယ်ခဲ့တဲ့ မင်းသမီးတစ်ဦး ရှိပါတယ်။
နာမည်ကျော်မင်းသား Song Joong-ki ဟာ မင်းသမီး Hong Eun-hee ကို သူ့ရဲ့ ideal type အဖြစ် သူ သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ကတည်းက ရွေးချယ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက Hot Topic ဖြစ်ခဲ့တာပါ။
entertainment show တစ်ခုမှာ မင်းသမီး Hong Eun-hee က Song Joong-ki ဆီ ဖုန်းဆက်ပြီး “နင် ငါ့ကို နင့်ရဲ့ ideal type အဖြစ် ရွေးချယ်ခဲ့တာ တကယ်ပဲလား” လို့ မေးမြန်းခဲ့ရာမှာ Song Joong-ki က “ဒါက ရှက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အမှန်ပါပဲ။ ကျွန်တော်က အစ်မ ကျွန်တော့်အပေါ် သက်သောင့်သက်သာ ဖြစ်အောင် ပြောဆိုဆက်ဆံတာကို အရမ်းသဘောကျပါတယ်”လို့ ဝန်ခံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Hong Eun-hee က “ကျေးဇူးတင်ပါတယ်။ Joong-ki။ ဘာပဲဖြစ်ဖြစ်လေ ideal type ကတော့ ideal type ပဲပေါ့။ ဒီတော့ မင်း ငါ့ဆီ မြန်မြန်လာတွေ့ပါ” လို့ ပြောရာမှာတော့ Song Joong-ki က ပါးနပ်စွာနဲ့ “ကျွန်တော်က အစ်ကို Yoo Joon-sang အတွက် အမြဲတမ်းဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်”လို့ နောက်ပြောင်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ မင်းသား Yoo Joon-sang ဟာ Hong Eun-hee ရဲ့ အမျိုးသားဖြစ်ပြီး သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source: KSZ
-Zawgyi
Source: KSZ
You cannot copy content of this page