K pop

■ BLACKPINK ရဲ့ Comeback ကို စောင့်ရင်း ပရိသတ်တွေ စိတ်ကုန်လာ

– – – (၁) နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ အခုထိ ကောလာဟလသတင်းတွေကလွဲလို့ ဘာမှ အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ …

BLACKPINK အဖွဲ့ရဲ့ Comeback ကို စောင့်မျှော်ရင် ပရိသတ်တွေအကြား စိတ်ကုန်မှုများပြားလာပြီလို့ အွန်လိုင်းကွန်မြူနတီတွေမှာ ရေးသားခဲ့ကြပါတယ်။ ဧပြီလကုန်ပိုင်းမှာ BLACKPINK အဖွဲ့အနေနဲ့ ဇွန်လမှာ Comeback လုပ်မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ YG က ငြင်းဆန်ပယ်ချခဲ့ပါတယ်။

BLACKPINK အဖွဲ့ဟာ ၂၀၂၀ အောက်တိုဘာလမှာ The Album ကို ထုတ်ဝေပြီးနောက်ပိုင်း သီချင်းသစ် ထုတ်ဝေခြင်း မရှိသေးဘဲ ကြားထဲမှာ Rose နဲ့ Lisa တို့ Solo Debut တွေ ပြုလုပ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ Solo တွေကလည်း တစ်ယောက်ကို သီချင်း (၂) ပုဒ်ပဲ ပါခဲ့တာပါ။

အခုဆိုရင် BLACKPINK အဖွဲ့အနေနဲ့ အဖွဲ့လိုက် သီချင်းသစ် မထုတ်တာ တစ်နှစ်ခွဲကျော်ကြာလာပြီ ဖြစ်ပြီး ပရိသတ်တွေဟာ နည်းလမ်းမျိုးစုံနဲ့ BLACKPINK အဖွဲ့ Comeback လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုအချိန်ထိတော့ ဘာမှ အတည်ပြုခြင်းမရှိသေးပါဘူး။

BLACKPINK အဖွဲ့ဝင်တွေကတော့ သူတို့အနေနဲ့ သီချင်းသစ်တွေ ထုတ်ဖို့ စီစဉ်နေကြောင်း ပရိသတ်တွေကို ချွေးသိပ်လေ့ရှိပေမဲ့ ဖက်ရှင်ပွဲတွေနဲ့သာ အလုပ်များနေတာကြောင့် ပရိသတ်တွေဟာ အဖွဲ့ရဲ့ Comeback ကို စောင့်မျှော်ရတာ တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပြီလို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Source: KSZ

 

-Zawgyi

■ BLACKPINK ရဲ႕ Comeback ကုိ ေစာင့္ရင္း ပရိသတ္ေတြ စိတ္ကုန္လာ

– – – (၁) ႏွစ္ခဲြေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ေပမဲ့ အခုထိ ေကာလာဟလသတင္းေတြကလဲြလုိ႔ ဘာမွ အတည္ျပဳႏုိင္ျခင္းမရွိေသးတဲ့ …

BLACKPINK အဖဲြ႕ရဲ႕ Comeback ကုိ ေစာင့္ေမွ်ာ္ရင္ ပရိသတ္ေတြအၾကား စိတ္ကုန္မႈမ်ားျပားလာၿပီလုိ႔ အြန္လုိင္းကြန္ျမဴနတီေတြမွာ ေရးသားခဲ့ၾကပါတယ္။ ဧၿပီလကုန္ပုိင္းမွာ BLACKPINK အဖဲြ႕အေနနဲ႔ ဇြန္လမွာ Comeback လုပ္မယ္လုိ႔ သတင္းထြက္ခဲ့ေပမဲ့ YG က ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

BLACKPINK အဖဲြ႕ဟာ ၂၀၂၀ ေအာက္တုိဘာလမွာ The Album ကုိ ထုတ္ေ၀ၿပီးေနာက္ပုိင္း သီခ်င္းသစ္ ထုတ္ေ၀ျခင္း မရွိေသးဘဲ ၾကားထဲမွာ Rose နဲ႔ Lisa တုိ႔ Solo Debut ေတြ ျပဳလုပ္ခဲ့တာပါ။ ဒါေပမဲ့ သူတုိ႔ရဲ႕ Solo ေတြကလည္း တစ္ေယာက္ကုိ သီခ်င္း (၂) ပုဒ္ပဲ ပါခဲ့တာပါ။

အခုဆုိရင္ BLACKPINK အဖဲြ႕အေနနဲ႔ အဖဲြ႕လုိက္ သီခ်င္းသစ္ မထုတ္တာ တစ္ႏွစ္ခဲြေက်ာ္ၾကာလာၿပီ ျဖစ္ၿပီး ပရိသတ္ေတြဟာ နည္းလမ္းမ်ဳိးစုံနဲ႔ BLACKPINK အဖဲြ႕ Comeback လုပ္ဖုိ႔ ႀကိဳးစားခဲ့ေပမဲ့ အခုအခ်ိန္ထိေတာ့ ဘာမွ အတည္ျပဳျခင္းမရွိေသးပါဘူး။

BLACKPINK အဖဲြ႕၀င္ေတြကေတာ့ သူတုိ႔အေနနဲ႔ သီခ်င္းသစ္ေတြ ထုတ္ဖုိ႔ စီစဥ္ေနေၾကာင္း ပရိသတ္ေတြကုိ ေခၽြးသိပ္ေလ့ရွိေပမဲ့ ဖက္ရွင္ပဲြေတြနဲ႔သာ အလုပ္မ်ားေနတာေၾကာင့္ ပရိသတ္ေတြဟာ အဖဲြ႕ရဲ႕ Comeback ကုိ ေစာင့္ေမွ်ာ္ရတာ တျဖည္းျဖည္းနဲ႔ စိတ္ကုန္လာၿပီလုိ႔ မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။

Source: KSZ

You cannot copy content of this page