K pop

■ Triple Triple နဲ့ ၂၀၂၂ မှာ Music Show Win အများဆုံးရဖြစ်လာတဲ့ BIGBANG

— – – BIGBANG ရဲ့ Still Life သီချင်းဟာ Music Show (၃) ခုမှာ Triple Triple ရခဲ့ပြီးနောက် ၂၀၂၂ ထုတ် …

Kings of K-Pop လို့ တင်စားကြတဲ့ BIGBANG အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးထုတ်သီချင်း Still Life နဲ့ ၂၀၂၂ အတွင်း Music Show Win အများဆုံးရတဲ့ အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီနေ့က ကျင်းပတဲ့ Music Core အစီအစဉ်မှာ BIGBANG ရဲ့ “Still Life,” (G)I-DLE ရဲ့ “TOMBOY,” နဲ့ IVE ရဲ့ “LOVE DIVE” အပြိုင်ဖြစ်ခဲ့ပြီး BIGBANG ရဲ့ Still Life သီချင်းက Music Core မှာ Triple Crown ရရှိခဲ့တာပါ။

BIGBANG အဖွဲ့ဟာ Still Life သီချင်းနဲ့ Inkigayo နဲ့ M Countdown တို့မှာလည်း Triple Crown ရရှိပြီးဖြစ်တာကြောင့် အခု Music Core က Triple Crown ဟာ သူတို့အတွက် Triple Triple ဖြစ်ခဲ့တာပါ။

အခု Music Core က Triple Crown ဟာ BIGBANG အဖွဲ့ရဲ့ Still Life သီချင်းအတွက် (၉) ခုမြောက် Music Show Win ဖြစ်ခဲ့ပြီး Taeyeon ရဲ့ INVU (၈ ကြိမ်)ကို ကျော်ကာ ၂၀၂၂ အတွင်း Music Show Win အမျာဆုံးရသီချင်း ဖြစ်လာခဲ့ပါတယ်။

ဒါ့ပြင် ဒီဆုဟာ BIGBANG အဖွဲ့အတွက် (၁၀၂) ကြိမ်မြောက် Music Show Win အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး Second Generation အဖွဲ့တွေထဲမှာ Music Show Win အများဆုံးရ စံချိန်ကို ထပ်မံတိုးချဲ့နိုင်ခဲ့တာပါ။ BIGBANG ရဲ့ Still Life ကို အောက်ကဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

#BIGBANG “Still Life” just won another triple crown for this week’s Music Core earning its 9th music show wins so far.

🔹Inkigayo -🏆🏆🏆
🔹M Countdown -🏆🏆🏆
🔹Music Core -🏆🏆🏆

Source: Soompi

 

-Zawgyi









🔹Inkigayo -🏆🏆🏆
🔹M Countdown -🏆🏆🏆
🔹Music Core -🏆🏆🏆

Source: Soompi

You cannot copy content of this page