– – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဖွဲ့တွေကတော့ …
Korea Institute of Corporate Reputation က မေလအတွက် အဆိုတော်တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဧပြီလ (၇)ရက်ကနေ မေလ (၇)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။
ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BTS၊ BIGBANG နဲ့ NCT တို့ ရပ်တည်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ brand value index 11,573,221 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။
ဒုတိယနေရာမှာတော့ BIGBANG အဖွဲ့က 5,004,703 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ NCT အဖွဲ့က 2,470,840 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
■ မေလအတွင်း အကျော်ကြားဆုံး အမျိုးသားအဖွဲ့ (၁၀) ဖွဲ့
1- BTS
2- BIGBANG
3- NCT
4- SEVENTEEN
5- MONSTA X
6- EXO
7- THE BOYZ
8- TXT
9- ASTRO
10- Stray Kids
Source: Soompi