– – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဖွဲ့တွေကတော့ …
Korea Institute of Corporate Reputation က မေလအတွက် အမျိုးသမီးအဖွဲ့တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဧပြီလ (၈)ရက်ကနေ မေလ (၈)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။
ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် IVE၊ (G)I-DLE နဲ့ BLACKPINK တို့ ရပ်တည်ခဲ့ပါတယ်။ IVE အဖွဲ့ဟာ brand value index 3,896,773 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။
ဒုတိယနေရာမှာတော့ (G)I-DLE အဖွဲ့က 3,566,325 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ BLACKPINK အဖွဲ့က 3,185,684 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
■ မေလအတွင်း အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ (၁၀) ဖွဲ့
1- IVE
2- (G)I-DLE
3- BLACKPINK
4- WJSN
5- Red Velvet
6- TWICE
7- Oh My Girl
8- aespa
9- Apink
10- LE SSERAFIM
Source: Soompi