Drama

■ မနေ့ညက စံချိန်တင် Viewership Ratings မြင့်တက်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲများ

– – – လက်ရှိ နာမည်ကြီးနေတဲ့ Our Blues နဲ့ My Liberation Notes တို့ ဘယ်လောက်အထိ မြင့်တက်ခဲ့သလဲ …

မေလ (၈) ရက်က ထုတ်လွှင့်ခဲ့တဲ့ tvN ရဲ့ “Our Blues” ဇာတ်လမ်းတွဲကတော့ ကိန်းဂဏာန်း (၂) လုံးလောက်အထိ ကို Viewership Ratings မြင့်တက်ခဲ့တာပါ။ မနေ့ညက ထုတ်လွှင့်တဲ့ အပိုင်း (၁၀) ကို ကြည့်ရှုသူ average nationwide rating (11.2) ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။

“Our Blues” ဇာတ်လမ်းတွဲဟာ စနေ၊ တနင်္ဂနွေ ထုတ်လွှင့်တဲ့ အခပေးရုပ်သံတွေထဲမှာ Viewership Ratings အမြင့်ဆုံးအဖြစ် နံပါတ် (၁) နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အသက် (၂၀) နဲ့ အသက် (၄၉) ကြား ကြည့်ရှုသူ (5.3) ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

MBC ရဲ့ ဇာတ်လမ်းတွဲသစ် “From Now On, Showtime!” ကတော့ average nationwide rating ကတော့ အပိုင်း (၆) မှာ (4.1) ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ အဲဒီဇာတ်လမ်းတွဲအတွက်တော့ လက်ရှိမှာ အမြင့်ဆုံး Viewership Ratings ဖြစ်ခဲ့တာပါ။

JTBC ရဲ့ “My Liberation Notes” ဇာတ်လမ်းတွဲကတော့ average nationwide rating (4.6) ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ အဲဒီဇာတ်လမ်းတွဲအတွက် အမြင့်ဆုံး Viewership Ratings လည်း ဖြစ်ခဲ့ပါတယ်။ အစကတော့ “My Liberation Notes” ဟာ Flop ဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပေမဲ့ တစ်ပတ်ပြီး တစ်ပတ် Rating တွေ တက်လာခဲ့တာပါ။

နောက်ဆုံးအနေနဲ့ အခမဲ့ရုပ်သံတစ်ခုဖြစ်တဲ့ KBS 2TV က ထုတ်လွှင့်နေတဲ့ “It’s Beautiful Now” ဇာတ်လမ်းတွဲကတော့ average nationwide rating (24.3) အထိ ရှိခဲ့ပါတယ်။ ဇာတ်သိမ်းပိုင်း ဖြစ်လို့လည်း အဲဒီလို မြှင့်တက်ခဲ့တာ ဖြစ်ပါတယ်။

Source: Soompi

 

-Zawgyi








Source: Soompi

You cannot copy content of this page