Celebrity

■ LA စားသောက်ဆိုင်မှာ Lee Byung Hun, Gang Dong Won, Lee Jung Jae နဲ့ Lee Minho တို့ အတူစားသောက်စဉ်က ဘယ်သူ ပိုက်ဆံရှင်းခဲ့လဲ ?

– – – ကိုရီးယားရဲ့ Top Tier မင်းသားတွေဖြစ်တဲ့ Lee Byung Hun, Gang Dong Won, Jung Woo Sung, Park Hae Soo, Lee Jung Jae, Lee Minho တို့ လော့စ်အိန်ဂျယ်လိစ်မှာ အတူစားသောက်ခဲ့စဉ်က ဘယ်သူ ပိုက်ဆံရှင်းတယ်ဆိုတာနဲ့ ပတ်သက်လို့ မင်းသား Lee Minho က အခုလို ရှင်းပြထားပါတယ်။

Lee Minho ဟာ သူ့ရဲ့ ဇာတ်လမ်းတွဲသစ် ‘PACHINKO’ အတွက် Apple TV+ နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး အဲဒီအင်တာဗျူးမှာ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျယ်လိစ်က ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အကြောင်းအရာကိုလည်း ပြောပြခဲ့ပါတယ်။

၂၀၂၁ နိုဝင်ဘာလတုန်းက Lee Minho ဟာ ‘2021 LACMA Art+Film Gala’ ပွဲတက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ကို သွားရောက်ခဲ့ပြီး LA စားသောက်ဆိုင်တစ်ခုမှာ အဆိုတော် Eric Nam, နာမည်ကျော် မင်းသားတွေဖြစ်တဲ့ Lee Byung Hun, Gang Dong Won, Jung Woo Sung, Park Hae Soo, Lee Jung Jae နဲ့ Lee Jung Jae ချစ်သူ သန်းကြွယ်သူဌေး Lim Se-ryoung စားသောက်ခဲ့ပါတယ်။

သူတို့အားလုံးဟာ ‘2021 LACMA Art+Film Gala’ ပွဲကို တက်ရောက်ခဲ့သူတွေဖြစ်ပြီး အဲဒီလို LA စားသောက်ဆိုင်တစ်ခုမှာ ကိုရီးယားရဲ့ ထိတ်ထိတ်ကြဲ Celebrity တွေ စားသောက်တဲ့အခါ ဘယ်သူ ပိုက်ဆံရှင်းသလဲဆိုတာကို ပရိသတ်တွေက အထူးစိတ်ဝင်စားခဲ့ကြတာပါ။

အဲဒါနဲ့ပတ်သက်လို့ Apple TV+ နဲ့ အင်တာဗျူးမှာ အင်တာဗျူးသူက မေးမြန်းတဲ့အခါ Lee Minho က ရယ်ပြီး “အဲဒီနေ့က ညနေစာအတွက် ဘယ်သူ ပိုက်ဆံရှင်းခဲ့တယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ သူတို့ထဲမှာ ကျွန်တော်က maknaes (အငယ်တွေထဲက တစ်ယောက်)ဆိုတော့ ကျွန်တော် မရှင်းခဲ့ပါဘူး။ Sunbaes (စီနီယာ)တွေထဲက တစ်ယောက်က ရှင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Source: SBS

 

 

-Zawgyi

■ LA စားေသာက္ဆုိင္မွာ Lee Byung Hun, Gang Dong Won, Lee Jung Jae နဲ႔ Lee Minho တုိ႔ အတူစားေသာက္စဥ္က ဘယ္သူ ပုိက္ဆံရွင္းခဲ့လဲ ?

— – – ကုိရီးယားရဲ႕ Top Tier မင္းသားေတြျဖစ္တဲ့ Lee Byung Hun, Gang Dong Won, Jung Woo Sung, Park Hae Soo, Lee Jung Jae, Lee Minho တုိ႔ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ အတူစားေသာက္ခဲ့စဥ္က ဘယ္သူ ပုိက္ဆံရွင္းတယ္ဆုိတာနဲ႔ ပတ္သက္လုိ႔ မင္းသား Lee Minho က အခုလုိ ရွင္းျပထားပါတယ္။

Lee Minho ဟာ သူ႕ရဲ႕ ဇာတ္လမ္းတဲြသစ္ ‘PACHINKO’ အတြက္ Apple TV+ နဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ၿပီး အဲဒီအင္တာဗ်ဴးမွာ အေမရိကန္ႏုိင္ငံ၊ ေလာ့အိန္ဂ်ယ္လိစ္က ပရိသတ္ေတြ စိတ္၀င္စားေနတဲ့ အေၾကာင္းအရာကုိလည္း ေျပာျပခဲ့ပါတယ္။

၂၀၂၁ ႏုိ၀င္ဘာလတုန္းက Lee Minho ဟာ ‘2021 LACMA Art+Film Gala’ ပဲြတက္ေရာက္ဖုိ႔အတြက္ အေမရိကန္ႏုိင္ငံ၊ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕ကုိ သြားေရာက္ခဲ့ၿပီး LA စားေသာက္ဆုိင္တစ္ခုမွာ အဆုိေတာ္ Eric Nam, နာမည္ေက်ာ္ မင္းသားေတြျဖစ္တဲ့ Lee Byung Hun, Gang Dong Won, Jung Woo Sung, Park Hae Soo, Lee Jung Jae နဲ႔ Lee Jung Jae ခ်စ္သူ သန္းၾကြယ္သူေဌး Lim Se-ryoung စားေသာက္ခဲ့ပါတယ္။

သူတုိ႔အားလုံးဟာ ‘2021 LACMA Art+Film Gala’ ပဲြကုိ တက္ေရာက္ခဲ့သူေတြျဖစ္ၿပီး အဲဒီလုိ LA စားေသာက္ဆုိင္တစ္ခုမွာ ကုိရီးယားရဲ႕ ထိတ္ထိတ္ႀကဲ Celebrity ေတြ စားေသာက္တဲ့အခါ ဘယ္သူ ပုိက္ဆံရွင္းသလဲဆုိတာကုိ ပရိသတ္ေတြက အထူးစိတ္၀င္စားခဲ့ၾကတာပါ။

အဲဒါနဲ႔ပတ္သက္လုိ႔ Apple TV+ နဲ႔ အင္တာဗ်ဴးမွာ အင္တာဗ်ဴးသူက ေမးျမန္းတဲ့အခါ

Lee Minho က ရယ္ၿပီး “အဲဒီေန႔က ညေနစာအတြက္ ဘယ္သူ ပုိက္ဆံရွင္းခဲ့တယ္ဆုိတာကုိ ကၽြန္ေတာ္ မသိပါဘူး။ သူတုိ႔ထဲမွာ ကၽြန္ေတာ္က maknaes (အငယ္ေတြထဲက တစ္ေယာက္)ဆုိေတာ့ ကၽြန္ေတာ္ မရွင္းခဲ့ပါဘူး။ Sunbaes (စီနီယာ)ေတြထဲက တစ္ေယာက္က ရွင္းခဲ့တယ္လုိ႔ ကၽြန္ေတာ္ ထင္ပါတယ္”လုိ႔ ေျပာဆုိခဲ့ပါတယ္။

Source: SBS

You cannot copy content of this page