K pop

■ Oh My Girl အဖွဲ့က အဖွဲ့ဝင်တစ်ဦး ထွက်ခွာခဲ့ပြီး (၆) ဦးနဲ့ ဆက်လှုပ်ရှားမယ်လို့ WM ကြေညာ

– – – သူ့အနေနဲ့ ကုမ္ပဏီနဲ့သာမက အဖွဲ့ကပါ ထွက်ခွာခဲ့ပြီး အနာဂတ်မှာ Oh My Girl အဖွဲ့ကို အဖွဲ့ဝင် (၆) ဦးနဲ့ပဲ မြင်တွေ့ရတော့မှာပါ။

Oh My Girl အဖွဲ့ဝင် Jiho ဟာ သူ့ရဲ့ အေဂျင်စီ WM Entertainment နဲ့သာမက အဖွဲ့နဲ့ လမ်းခွဲမယ်လို့ မေလ (၉) ရက်မှာ WM Entertainment က ကြေညာခဲ့ပါတယ်။ WM Entertainment ရဲ့ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

“မင်္ဂလာပါ WM Entertainment ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Oh My Girl အဖွဲ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အေဂျင်စီအနေနဲ့ Oh My Girl အဖွဲ့ဝင်တွေဖြစ်တဲ့ Hyojung, Mimi, YooA, Seunghee, Yoo Bin (Binnie), Arin တို့ (၆) ယောက်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ (၇) နှစ်တိုင်တိုင် တစ်ဦးအပေါ် တစ်ဦး ယုံကြည်စွာနဲ့ လက်တွဲခဲ့တာပါ။ Oh My Girl အဖွဲ့ဟာ အဖွဲ့ဝင် (၆) ဦးနဲ့ ဆက်လက်လှုပ်ရှားမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ သူတို့ကို အစွမ်းကုန်ကူညီပေးသွားမှာပါ။

ပြီးတော့ Jiho ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်တို့ လေးစားပါတယ်။ သူက သူ့ရဲ့ အိပ်မက်သစ်တွေအတွက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီအတွက် အေဂျင်စီနဲ့ရော၊ အဖွဲ့ဝင်တွေနဲ့ပါ သေသေချာချာဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ကျွန်တော့်တို့အနေနဲ့ ပြီးခဲ့တဲ့ (၇) နှစ်အတွင်း Jiho ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း သူ့ကို အားပေးနေမှာပါ”

Oh My Girl အဖွဲ့ဟာ ၂၀၁၅ မှာ mini album “Oh My Girl” နဲ့ ပွဲထွက်ခဲ့ပြီး “Dun Dun Dance,” “Dolphin,” “Nonstop,” “Secret Garden,” စတဲ့ သီချင်းတွေဟာ အဖွဲ့ရဲ့ နာမည်ကျော်သီချင်းတွေ ဖြစ်ပါတယ်။ Oh My Girl ဟာ ၂၀၂၂ မတ်လမှာ ဧပြီလ (၃၀) ရက်နေ့ ကျရောက်တဲ့ အဖွဲ့ရဲ့ (၇)နှစ်ပြည့်နှစ်ပတ်လည်အဖြစ် ဒုတိယမြောက် studio-length album “Real Love” ကို ထုတ်ဝေခဲ့ပါတယ်။

Source: Soompi

 

-Zawgyi

■ Oh My Girl အဖဲြ႕က အဖဲြ႕၀င္တစ္ဦး ထြက္ခြာခဲ့ၿပီး (၆) ဦးနဲ႔ ဆက္လႈပ္ရွားမယ္လုိ႔ WM ေၾကညာ

— – – သူ႕အေနနဲ႔ ကုမၸဏီနဲ႔သာမက အဖဲြ႕ကပါ ထြက္ခြာခဲ့ၿပီး အနာဂတ္မွာ Oh My Girl အဖဲြ႕ကုိ အဖဲြ႕၀င္ (၆) ဦးနဲ႔ပဲ ျမင္ေတြ႕ရေတာ့မွာပါ။

Oh My Girl အဖဲြ႕၀င္ Jiho ဟာ သူ႕ရဲ႕ ေအဂ်င္စီ WM Entertainment နဲ႔သာမက အဖဲြ႕နဲ႔ လမ္းခဲြမယ္လုိ႔ ေမလ (၉) ရက္မွာ WM Entertainment က ေၾကညာခဲ့ပါတယ္။ WM Entertainment ရဲ႕ ထုတ္ျပန္ခ်က္မွာ ေအာက္ပါအတုိင္း ေဖာ္ျပထားပါတယ္။

“မဂၤလာပါ WM Entertainment ျဖစ္ပါတယ္။ ပထမဆုံးအေနနဲ႔ Oh My Girl အဖဲြ႕ကုိ ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကုိ ေက်းဇူးတင္ေၾကာင္း ေျပာၾကားလုိပါတယ္။ ေအဂ်င္စီအေနနဲ႔ Oh My Girl အဖဲြ႕၀င္ေတြျဖစ္တဲ့ Hyojung, Mimi, YooA, Seunghee, Yoo Bin (Binnie), Arin တုိ႔ (၆) ေယာက္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ပါတယ္။

ကၽြန္ေတာ္တုိ႔အေနနဲ႔ (၇) ႏွစ္တုိင္တုိင္ တစ္ဦးအေပၚ တစ္ဦး ယုံၾကည္စြာနဲ႔ လက္တဲြခဲ့တာပါ။ Oh My Girl အဖဲြ႕ဟာ အဖဲြ႕၀င္ (၆) ဦးနဲ႔ ဆက္လက္လႈပ္ရွားမွာျဖစ္ၿပီး ကၽြန္ေတာ္တုိ႔အေနနဲ႔ သူတုိ႔ကုိ အစြမ္းကုန္ကူညီေပးသြားမွာပါ။

ၿပီးေတာ့ Jiho ရဲ႕ ဆုံးျဖတ္ခ်က္ကုိလည္း ကၽြန္ေတာ္တုိ႔ ေလးစားပါတယ္။ သူက သူ႕ရဲ႕ အိပ္မက္သစ္ေတြအတြက္ လမ္းခဲြဖုိ႔ ဆုံးျဖတ္ခဲ့ၿပီး အဲဒီအတြက္ ေအဂ်င္စီနဲ႔ေရာ၊ အဖဲြ႕၀င္ေတြနဲ႔ပါ ေသေသခ်ာခ်ာေဆြးေႏြးတုိင္ပင္ခဲ့ပါတယ္။ ကၽြန္ေတာ့္တုိ႔အေနနဲ႔ ၿပီးခဲ့တဲ့ (၇) ႏွစ္အတြင္း Jiho ေက်းဇူးတင္ပါတယ္။ အနာဂတ္မွာလည္း သူ႕ကုိ အားေပးေနမွာပါ”

Oh My Girl အဖဲြ႕ဟာ ၂၀၁၅ မွာ mini album “Oh My Girl” နဲ႔ ပဲြထြက္ခဲ့ၿပီး “Dun Dun Dance,” “Dolphin,” “Nonstop,” “Secret Garden,” စတဲ့ သီခ်င္းေတြဟာ အဖဲြ႕ရဲ႕ နာမည္ေက်ာ္သီခ်င္းေတြ ျဖစ္ပါတယ္။ Oh My Girl ဟာ ၂၀၂၂ မတ္လမွာ ဧၿပီလ (၃၀) ရက္ေန႔ က်ေရာက္တဲ့ အဖဲြ႕ရဲ႕ (၇)ႏွစ္ျပည့္ႏွစ္ပတ္လည္အျဖစ္ ဒုတိယေျမာက္ studio-length album “Real Love” ကုိ ထုတ္ေ၀ခဲ့ပါတယ္။

Source: Soompi

You cannot copy content of this page