K pop

■ NCT Doyoung နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေကို မင်းသမီး Kwon Ah Reum ရဲ့ အေဂျင်စီ ရှင်းပြီ

– – – Kwon Ah Reum ရဲ့ အေဂျင်စီက သူတို့မင်းသမီးနဲ့ NCT အဖွဲ့ဝင် Doyoung တို့ ဒိတ်နေတယ်ဆိုတာ …

အခုလအစောပိုင်းမှာ NCT အဖွဲ့ဝင် Doyoung အနေနဲ့ မင်းသမီး Kwon Ah Reum ရဲ့ Instagram ကို Follow လုပ်ခဲ့တာ၊ Comment ရေးခဲ့တာကြောင့် သူတို့နှစ်ဦး ဒိတ်နေကြပြီး ‘lovestagram’ လုပ်နေကြတာ ဖြစ်တယ်လို့ ပရိသတ်တွေ ပြောဆိုခဲ့ကြပြီး အွန်လိုင်းမှာအတော်လေးကို ပျံ့နှံ့ခဲ့တာပါ။

ပြီးတော့ သူတို့နှစ်ယောက်ဟာ လာမယ့် TVING ရဲ့ ဇာတ်လမ်းတွဲ ‘To The X Who Doesn’t Love Me’ မှာ အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်နေတာကြောင့်လည်း အဲဒီလို ဒိတ်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခု မင်းသမီး Kwon Ah Reum ရဲ့ SWMP က သူတို့မင်းသမီးနဲ့ NCT အဖွဲ့ဝင် Doyoung ဒိတ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ အခုလို ထုတ်ပြန်ခဲ့ပါတယ်။ “အခု အွန်လိုင်းတွေမှာ ပြန့်နေတဲ့ မင်းသမီး Kwon Ah Reum ရဲ့ သတင်းတွေဟာ အမှားတွေ ဖြစ်တယ်ဆိုတာကို ဦးစွာ ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ မင်းသမီး Kwon Ah Reum နဲ့ ပတ်သက်ပြီး နာမည်ဖျက်တာ၊ သတင်းမှား လွှင့်တာတွေကို အရေးယူဖို့ လုပ်ဆောင်နေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ သတင်းဖြန့်သူတွေကို စုံစမ်းနေပြီး တွေ့ရှိရင် အရေးယူဖို့ ဆောင်ရွက်သွားမှာပါ”လို့ SWMP က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NCT အဖွဲ့ဝင် Doyoung နဲ့ မင်းသမီး Kwon Ah Reum တို့ ခေါင်းဆောင်မင်းသား၊ မင်းသမီးအဖြစ် ပါဝင်ထားတဲ့ ‘To The X Who Doesn’t Love Me’ ဇာတ်လမ်းတွဲကိုတော့ လာမယ့်ဇွန်လမှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

Source: Soompi

 

-Zawgyi

■ NCT Doyoung နဲ႔ တဲြေနတယ္ဆုိတဲ့ သတင္းေတြကုိ မင္းသမီး Kwon Ah Reum ရဲ႕ ေအဂ်င္စီ ရွင္းၿပီ

— – – Kwon Ah Reum ရဲ႕ ေအဂ်င္စီက သူတုိ႔မင္းသမီးနဲ႔ NCT အဖဲြ႕၀င္ Doyoung တုိ႔ ဒိတ္ေနတယ္ဆုိတာ …

အခုလအေစာပုိင္းမွာ NCT အဖဲြ႕၀င္ Doyoung အေနနဲ႔ မင္းသမီး Kwon Ah Reum ရဲ႕ Instagram ကုိ Follow လုပ္ခဲ့တာ၊ Comment ေရးခဲ့တာေၾကာင့္ သူတုိ႔ႏွစ္ဦး ဒိတ္ေနၾကၿပီး ‘lovestagram’ လုပ္ေနၾကတာ ျဖစ္တယ္လုိ႔ ပရိသတ္ေတြ ေျပာဆုိခဲ့ၾကၿပီး အြန္လုိင္းမွာအေတာ္ေလးကုိ ပ်ံ႕ႏွံ႔ခဲ့တာပါ။

ၿပီးေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ လာမယ့္ TVING ရဲ႕ ဇာတ္လမ္းတဲြ ‘To The X Who Doesn’t Love Me’ မွာ အဓိကသ႐ုပ္ေဆာင္ေတြအျဖစ္ ပါ၀င္ေနတာေၾကာင့္လည္း အဲဒီလုိ ဒိတ္သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

အခု မင္းသမီး Kwon Ah Reum ရဲ႕ SWMP က သူတုိ႔မင္းသမီးနဲ႔ NCT အဖဲြ႕၀င္ Doyoung ဒိတ္ေနတယ္ဆုိတဲ့ သတင္းေတြနဲ႔ အခုလုိ ထုတ္ျပန္ခဲ့ပါတယ္။ “အခု အြန္လုိင္းေတြမွာ ျပန္႔ေနတဲ့ မင္းသမီး Kwon Ah Reum ရဲ႕ သတင္းေတြဟာ အမွားေတြ ျဖစ္တယ္ဆုိတာကုိ ဦးစြာ ေျပာလုိပါတယ္။

ကၽြန္ေတာ္တို႔အေနနဲ႔ မင္းသမီး Kwon Ah Reum နဲ႔ ပတ္သက္ၿပီး နာမည္ဖ်က္တာ၊ သတင္းမွား လႊင့္တာေတြကုိ အေရးယူဖုိ႔ လုပ္ေဆာင္ေနပါတယ္။ အခုအခ်ိန္မွာ ကၽြန္ေတာ္တုိ႔အေနနဲ႔ သတင္းျဖန္႔သူေတြကုိ စုံစမ္းေနၿပီး ေတြ႕ရွိရင္ အေရးယူဖုိ႔ ေဆာင္ရြက္သြားမွာပါ”လုိ႔ SWMP က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

NCT အဖဲြ႕၀င္ Doyoung နဲ႔ မင္းသမီး Kwon Ah Reum တုိ႔ ေခါင္းေဆာင္မင္းသား၊ မင္းသမီးအျဖစ္ ပါ၀င္ထားတဲ့ ‘To The X Who Doesn’t Love Me’ ဇာတ္လမ္းတဲြကုိေတာ့ လာမယ့္ဇြန္လမွာ ထုတ္လႊင့္သြားဖုိ႔ ရွိေနပါတယ္။

Source: Soompi

You cannot copy content of this page