K pop

■ Kim Garam ကို အဖွဲ့က ထွက်သွားဖို့၊ ထုတ်ပယ်ဖို့ Netizen တွေ တောင်းဆို

– – – Kim Garam ရဲ့ Fancam မှာ ကျောင်းတုန်းက သူ့ရဲ့ နှိပ်စက်ခြင်းကို ခံရသူ Comment လာရေးပြီးနောက်မှာတော့ …

LE SSERAFIM အဖွဲ့ဝင် Kim Garam ဟာ ပွဲမထွက်ခင် စတင်မိတ်ဆက်ကတည်းက ကျောင်းသူဘဝတုန်းက အတန်းဖော်ကို ဗိုလ်ကျခဲ့တာတွေ၊ ခြိမ်းခြောက်ခဲ့တာတွေကြောင့် LE SSERAFIM အဖွဲ့မှာ မပါဝင်သင့်ဘူးလို့ ပရိသတ်တွေ ပြောဆိုခဲ့ကြတာပါ။

အခု LE SSERAFIM အဖွဲ့ ပွဲထွက်ချိန်မှာ Kim Garam အပေါ် ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး ပိုဆိုးတာက သူ့ရဲ့ Fancam Video မှာ ကျောင်းတုန်းက နှိပ်စက်ခံခဲ့ရတယ်လို့ ဖော်ထုတ်ခဲ့သူက Comment လာရေးခဲ့တာပါပဲ။

သူက “တရားစွဲခံရမှာ ကြောက်လို့ ဘာမှမပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဘာမှ ပြောစရာမရှိလို့ ပို့စ် မတင်တာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ Kyungin Middle School က ကလေးတွေတော့ နင် ဘယ်လောက် ကောက်ကျစ်ညစ်ပတ်ဆိုတာကို ကောင်းကောင်း သိကြတယ်။

နင်က idol ဖြစ်လို့ ပျော်နေချိန်မှာ ငါ့မှာတော့ ကျောင်းသွားဖို့တောင် ကြောက်နေရတယ်။ ဒေါသထွက်လိုက်တာ။ ဒီတော့ ထိပ်ဆုံးရောက်အောင် လုပ်ပေါ့။ နင့်ကို ဆွဲချမယ့်လူတွေမှ အများကြီး”လို့ ရေးသားခဲ့တာပါ။

အဲဒီ Comment ထွက်ပေါ်လာပြီးနောက်မှာ Netizen တွေက Kim Garam ကို ကိုယ်ပိုင်အသိစိတ်နဲ့ အဖွဲ့က ထွက်သွားဖို့ တောင်းဆိုခဲ့ကြသလို၊ HYBE ကိုလည်း Kim Garam ကို အဖွဲ့ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

Source: AKP

 

-Zawgyi

■ Kim Garam ကုိ အဖဲြ႕က ထြက္သြားဖုိ႔၊ ထုတ္ပယ္ဖုိ႔ Netizen ေတြ ေတာင္းဆုိ

— – – Kim Garam ရဲ႕ Fancam မွာ ေက်ာင္းတုန္းက သူ႕ရဲ႕ ႏွိပ္စက္ျခင္းကုိ ခံရသူ Comment လာေရးၿပီးေနာက္မွာေတာ့ …

LE SSERAFIM အဖဲြ႕၀င္ Kim Garam ဟာ ပြဲမထြက္ခင္ စတင္မိတ္ဆက္ကတည္းက ေက်ာင္းသူဘ၀တုန္းက အတန္းေဖာ္ကုိ ဗုိလ္က်ခဲ့တာေတြ၊ ၿခိမ္းေျခာက္ခဲ့တာေတြေၾကာင့္ LE SSERAFIM အဖဲြ႕မွာ မပါ၀င္သင့္ဘူးလုိ႔ ပရိသတ္ေတြ ေျပာဆိုခဲ့ၾကတာပါ။

အခု LE SSERAFIM အဖဲြ႕ ပဲြထြက္ခ်ိန္မွာ Kim Garam အေပၚ ေ၀ဖန္မႈေတြ ပုိမုိျမင့္တက္လာခဲ့ၿပီး ပုိဆုိးတာက သူ႕ရဲ႕ Fancam Video မွာ ေက်ာင္းတုန္းက ႏွိပ္စက္ခံခဲ့ရတယ္လုိ႔ ေဖာ္ထုတ္ခဲ့သူက Comment လာေရးခဲ့တာပါပဲ။

သူက “တရားစဲြခံရမွာ ေၾကာက္လုိ႔ ဘာမွမေျပာႏုိင္ခဲ့ဘူး။ ဒါေပမဲ့ ဘာမွ ေျပာစရာမရွိလုိ႔ ပုိ႔စ္ မတင္တာေတာ့ မဟုတ္ပါဘူး။ အနည္းဆုံးေတာ့ Kyungin Middle School က ကေလးေတြေတာ့ နင္ ဘယ္ေလာက္ ေကာက္က်စ္ညစ္ပတ္ဆုိတာကို ေကာင္းေကာင္း သိၾကတယ္။

နင္က idol ျဖစ္လုိ႔ ေပ်ာ္ေနခ်ိန္မွာ ငါ့မွာေတာ့ ေက်ာင္းသြားဖုိ႔ေတာင္ ေၾကာက္ေနရတယ္။ ေဒါသထြက္လုိက္တာ။ ဒီေတာ့ ထိပ္ဆုံးေရာက္ေအာင္ လုပ္ေပါ့။ နင့္ကုိ ဆဲြခ်မယ့္လူေတြမွ အမ်ားႀကီး”လုိ႔ ေရးသားခဲ့တာပါ။

အဲဒီ Comment ထြက္ေပၚလာၿပီးေနာက္မွာ Netizen ေတြက Kim Garam ကုိ ကုိယ္ပုိင္အသိစိတ္နဲ႔ အဖဲြ႕က ထြက္သြားဖုိ႔ ေတာင္းဆုိခဲ့ၾကသလုိ၊ HYBE ကုိလည္း Kim Garam ကို အဖဲြ႕ ထုတ္ပယ္ဖုိ႔ ေတာင္းဆုိခဲ့ၾကပါတယ္။

Source: AKP

You cannot copy content of this page