K pop

■ LE SSERAFIM ရဲ့ ‘FEARLESS’ DP ဘယ်လောက်ထိ လန်းလဲ

– – – LE SSERAFIM အဖွဲ့က သူတို့ရဲ့ ပွဲထွက်သီချင်းအတွက် ပရိသတ်တွေကို …

Source Music က သူတို့ရဲ့ အဖွဲ့သစ် LE SSERAFIM အဖွဲ့ရဲ့ ပွဲထွက်သီချင်း “FEARLESS” အတွက် ‘moving version’ dance practice video ကို ထုတ်ဝေခဲ့ပါတယ်။

အဲဒီသီချင်းဟာ LE SSERAFIM အဖွဲ့ရဲ့ ပွဲထွက် Mini Album ဖြစ်တဲ့ ‘FEARLESS’ မှာ ပါဝင်တာဖြစ်ပြီး အဲဒီ ဗီဒီယိုမှာတော့ သီချင်းရဲ့ official stage choreography ကို မြင်တွေ့ရမှာဖြစ်သလို၊ အနက်ရောင်ဝတ်စုံနဲ့ ကောင်မလေးတွေရဲ့ လန်းနေတာကို မြင်တွေ့ရမှာပါ။

LE SSERAFIM အဖွဲ့ဟာ မေလ (၂) ရက်မှာ တရားဝင် ပွဲထွက်ခဲ့ပြီး သူတို့ရဲ့ ပွဲထွက် Album ဟာ ပထမဆုံးရက်သတ္တပတ်မှာ အချပ်ရေ (၃) သိန်းကျော် ရောင်းချခဲ့ရကာ K-Pop အမျိုးသမီးအဖွဲ့တွေထဲမှာ ပထမဆုံး (၇) ရက်အတွင်း အရောင်းရဆုံး ပွဲထွက် Album အဖြစ် စံချိန်တင်ခဲ့တာပါ။

Source: AKP

 

-Zawgyi






Source: AKP

You cannot copy content of this page