K pop

■ BTS စစ်မှုထမ်းကင်းလွတ်ခွင့် အငြင်းပွားနေချိန်မှာ 2PM Taecyeon ကိစ္စ ပြန်လည်ရေပန်းစား

– – – အမေရိကန်နိုင်ငံသားဖြစ်သလို ကျောရိုးဒဏ်ရာက နှစ်ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှု ခံယူခဲ့ရပေမဲ့ …

BTS အဖွဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ရသင့်၊ မရသင့် အငြင်းပွားနေချိန်မှာ 2PM အဖွဲ့ဝင် Taecyeon ရဲ့ စစ်မှုထမ်းခဲ့တဲ့ အကြောင်းက ပြန်ပြီး ရေပန်းစားလာပါတယ်။ MBC ရဲ့ ‘PD Note’ က BTS စစ်မှုထမ်းကင်းလွတ်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး တင်ပြခဲ့ရာမှာတော့ အငြင်းပွားမှုတွေ ဖြစ်လာတာပါ။

အဲဒီလို အငြင်းပွားမှုတွေ ဖြစ်လာချိန်မှာ 2PM အဖွဲ့ဝင် Taecyeon စစ်မှုထမ်းခဲ့တဲ့ အကြောင်းဟာ ကိုရီးယားမီဒီယာတွေဟာ ပြန်လည်ရေပန်းစားလာပြီ အဲဒီအချက် နှိုင်းယှဉ်ကာ တောင်ကိုရီးယား အင်တာနက်အသုံးပြုသူတွေအကြား အပြောများနေပါတယ်။

Taecyeon ဟာ တောင်ကိုရီးယားမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့အတွက် ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် စွန့်လွှတ်ကာ ကိုရီးယားနိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ တကယ်တော့ Taecyeon ဟာ ကိုရီးယားမှာ မွေးတာဖြစ်ပေမဲ့ ငယ်ငယ်ကတည်းက အမေရိကန်မှာ နေထိုင်ခဲ့တာကြောင့် အမေရိကန်နိုင်ငံသား ဖြစ်နေတာပါ။

ဒါပေမဲ့ Taecyeon ဟာ တောင်ကိုရီးယားမှာ စစ်မှုထမ်းဖို့ အမေရိကန်နိုင်ငံသားအဖြစ် စွန့်လွှတ်ခဲ့သလို၊ သူဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ကျောရိုးဒဏ်ရာ ရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး အဲဒီလို ပြဿနာရှိတဲ့ နာမည်ကျော်တွေက public servant အဖြစ် ထမ်းဆောင်လေ့ရှိပေမဲ့ Taecyeon ကတော့ အချိန်ပြည့်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

အဲဒီလို အမေရိကန်နိုင်ငံသားအဖြစ်ကိုတောင် စွန့်ကာ Taecyeon လို တောင်ကိုရီးယားအတွက် စစ်မှုထမ်းခဲ့သူတွေ ရှိတာကြောင့် BTS အဖွဲ့ဝင်တွေအနေနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ရသင့်တယ်ဆိုတဲ့ Culture, Sports and Tourism ဝန်ကြီးရဲ့ ပြောဆိုမှုဟာ အဓိပ္ပာယ်မရှိဘူးလို့ ဆိုနေကြပါတယ်။

Source: AKP

 

-Zawgyi

■ BTS စစ္မႈထမ္းကင္းလြတ္ခြင့္ အျငင္းပြားေနခ်ိန္မွာ 2PM Taecyeon ကိစၥ ျပန္လည္ေရပန္းစား

— – – အေမရိကန္ႏုိင္ငံသားျဖစ္သလို ေက်ာ႐ုိးဒဏ္ရာက ႏွစ္ႀကိမ္တုိင္တုိင္ ခဲြစိတ္ကုသမႈ ခံယူခဲ့ရေပမဲ့ …

BTS အဖဲြ႕ စစ္မႈထမ္းကင္းလြတ္ခြင့္ရသင့္၊ မရသင့္ အျငင္းပြားေနခ်ိန္မွာ 2PM အဖဲြ႕၀င္ Taecyeon ရဲ႕ စစ္မႈထမ္းခဲ့တဲ့ အေၾကာင္းက ျပန္ၿပီး ေရပန္းစားလာပါတယ္။ MBC ရဲ႕ ‘PD Note’ က BTS စစ္မႈထမ္းကင္းလြတ္ခြင့္ကိစၥနဲ႔ ပတ္သက္ၿပီး တင္ျပခဲ့ရာမွာေတာ့ အျငင္းပြားမႈေတြ ျဖစ္လာတာပါ။

အဲဒီလုိ အျငင္းပြားမႈေတြ ျဖစ္လာခ်ိန္မွာ 2PM အဖဲြ႕၀င္ Taecyeon စစ္မႈထမ္းခဲ့တဲ့ အေၾကာင္းဟာ ကုိရီးယားမီဒီယာေတြဟာ ျပန္လည္ေရပန္းစားလာၿပီ အဲဒီအခ်က္ ႏႈိင္းယွဥ္ကာ ေတာင္ကုိရီးယား အင္တာနက္အသုံးျပဳသူေတြအၾကား အေျပာမ်ားေနပါတယ္။

Taecyeon ဟာ ေတာင္ကုိရီးယားမွာ စစ္မႈထမ္းတာ၀န္ထမ္းေဆာင္ဖုိ႔အတြက္ ၂၀၁၀ ျပည့္ႏွစ္မွာ အေမရိကန္ႏုိင္ငံသားအျဖစ္ စြန္႔လႊတ္ကာ ကုိရီးယားႏုိင္ငံသားအျဖစ္ ခံယူခဲ့ပါတယ္။ တကယ္ေတာ့ Taecyeon ဟာ ကုိရီးယားမွာ ေမြးတာျဖစ္ေပမဲ့ ငယ္ငယ္ကတည္းက အေမရိကန္မွာ ေနထုိင္ခဲ့တာေၾကာင့္ အေမရိကန္ႏုိင္ငံသား ျဖစ္ေနတာပါ။

ဒါေပမဲ့ Taecyeon ဟာ ေတာင္ကုိရီးယားမွာ စစ္မႈထမ္းဖုိ႔ အေမရိကန္ႏုိင္ငံသားအျဖစ္ စြန္႔လႊတ္ခဲ့သလုိ၊ သူဟာ ၂၀၁၂ နဲ႔ ၂၀၁၃ ခုႏွစ္ေတြမွာ ေက်ာ႐ုိးဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ခဲြစိတ္ကုသမႈ ခံယူခဲ့ၿပီး အဲဒီလုိ ျပႆနာရွိတဲ့ နာမည္ေက်ာ္ေတြက public servant အျဖစ္ ထမ္းေဆာင္ေလ့ရွိေပမဲ့ Taecyeon ကေတာ့ အခ်ိန္ျပည့္စစ္သားအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့တာပါ။

အဲဒီလုိ အေမရိကန္ႏုိင္ငံသားအျဖစ္ကုိေတာင္ စြန္႔ကာ Taecyeon လုိ ေတာင္ကုိရီးယားအတြက္ စစ္မႈထမ္းခဲ့သူေတြ ရွိတာေၾကာင့္ BTS အဖဲြ႕၀င္ေတြအေနနဲ႔ စစ္မႈထမ္းကင္းလြတ္ခြင့္ရသင့္တယ္ဆုိတဲ့ Culture, Sports and Tourism ၀န္ႀကီးရဲ႕ ေျပာဆုိမႈဟာ အဓိပၸာယ္မရွိဘူးလုိ႔ ဆုိေနၾကပါတယ္။

Source: AKP

You cannot copy content of this page