Articles

■ ဘောင်းဘီ ချွတ်ပြခဲ့ရတဲ့ DJ Soda တောင်းပန်မှု ပြန်ရ

– – – F**K You ဆိုတဲ့ စာသားပါဝင်တဲ့ ဘောင်းဘီတစ်ခုတည်းကြောင့် DJ Soda တိုင်ပတ်ခဲ့ရပြီး လေယာဉ်ဝန်ထမ်းတွေ ရှေ့မှာ မိန်းကလေးတစ်ယောက်ပေမဲ့ …

DJ Soda ရဲ့ အေဂျင်စီက ပြီးခဲ့တဲ့ ဧပြီလတုန်းက အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ American Airlines ဆီက တောင်းပန်မှုကို ပြန်ရခဲ့ကြောင်း မေလ (၉) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလတုန်းက DJ Soda ဟာ အမေရိကန်လေကြောင်းလိုင်း American Airlines နဲ့ အမေရိကန်ပြည်နယ်တစ်ခုကနေ နောက်တစ်ခုကို သွားတဲ့အချိန်မှာ ဝတ်ထားတဲ့ ဘောင်းဘီကြောင့် ပြဿနာ တက်ခဲ့တာပါ။ DJ Soda ဟာ စပွန်ဆာပေးထားတဲ့ ဘောင်းဘီမှာ F**K You ဆိုတဲ့ စာသား ပါဝင်ပြီး ဒါက မသင့်တော်ဘူးဆိုကာ ဘောင်းဘီ ပြန်လဲခိုင်းခဲ့တာပါ။

ဆိုးသွားတာက DJ Soda အနေနဲ့ အဲဒီဘောင်းဘီတစ်ထည်တည်းသာ ပါဝင်တာကြောင့် အခက်တွေ့ခဲ့သလို၊ လေယာဉ်ပြောင်းစီးရအောင်လည်း အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ နောက်ဆုံးမှာ လေယာဉ်ရှေ့မှာ ဘောင်းဘီကို ချွတ်ကာ ပြောင်းပြန်ဝတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် DJ Soda ဟာ ဒေါသပေါက်ကွဲခဲ့ပြီး အမေရိကန်လေကြောင်းလိုင်းကို သပိတ်မှောက်တယ်လို့ ကြေညာခဲ့တာပါ။

အခု အဲဒီတုန်းက ပြဿနာအတွက် American Airlines က DJ Soda ကို တောင်းပန်ကြောင်းနဲ့ သူတို့ဝန်ထမ်းတွေအနေနဲ့ ပရော်ဖက်ရှင်နယ်မဆန်ဘဲ အကြောင်းအကျိုးမရှင်းပြခဲ့ဘူးဆိုရင် ပြောပြဖို့နဲ့ တကယ်လို့ အဲဒီလို မလုပ်ခဲ့ဘူးဆိုရင် ဝန်ထမ်းတွေကို အရေးယူသွားမှာ ဖြစ်တဲ့အတွက် ပြန်လည် အကြောင်းကြားဖို့လည်း တိုက်တွန်းခဲ့တာပါ။

Source: AKP

 

-Zawgyi

■ ေဘာင္းဘီ ခၽြတ္ျပခဲ့ရတဲ့ DJ Soda ေတာင္းပန္မႈ ျပန္ရ

– – – F**K You ဆုိတဲ့ စာသားပါ၀င္တဲ့ ေဘာင္းဘီတစ္ခုတည္းေၾကာင့္ DJ Soda တုိင္ပတ္ခဲ့ရၿပီး ေလယာဥ္၀န္ထမ္းေတြ ေရွ႕မွာ မိန္းကေလးတစ္ေယာက္ေပမဲ့ …

DJ Soda ရဲ႕ ေအဂ်င္စီက ၿပီးခဲ့တဲ့ ဧၿပီလတုန္းက အေမရိကန္မွာ ျဖစ္ပြားခဲ့တဲ့ အေၾကာင္းနဲ႔ ပတ္သက္တဲ့ American Airlines ဆီက ေတာင္းပန္မႈကုိ ျပန္ရခဲ့ေၾကာင္း ေမလ (၉) ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဧၿပီလတုန္းက DJ Soda ဟာ အေမရိကန္ေလေၾကာင္းလုိင္း American Airlines နဲ႔ အေမရိကန္ျပည္နယ္တစ္ခုကေန ေနာက္တစ္ခုကုိ သြားတဲ့အခ်ိန္မွာ ၀တ္ထားတဲ့ ေဘာင္းဘီေၾကာင့္ ျပႆနာ တက္ခဲ့တာပါ။ DJ Soda ဟာ စပြန္ဆာေပးထားတဲ့ ေဘာင္းဘီမွာ F**K You ဆုိတဲ့ စာသား ပါ၀င္ၿပီး ဒါက မသင့္ေတာ္ဘူးဆုိကာ ေဘာင္းဘီ ျပန္လဲခုိင္းခဲ့တာပါ။

ဆုိးသြားတာက DJ Soda အေနနဲ႔ အဲဒီေဘာင္းဘီတစ္ထည္တည္းသာ ပါ၀င္တာေၾကာင့္ အခက္ေတြ႕ခဲ့သလုိ၊ ေလယာဥ္ေျပာင္းစီးရေအာင္လည္း အေရးႀကီးတဲ့ ကိစၥျဖစ္ေနလုိ႔ ေနာက္ဆုံးမွာ ေလယာဥ္ေရွ႕မွာ ေဘာင္းဘီကုိ ခၽြတ္ကာ ေျပာင္းျပန္၀တ္ခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီအတြက္ DJ Soda ဟာ ေဒါသေပါက္ကဲြခဲ့ၿပီး အေမရိကန္ေလေၾကာင္းလုိင္းကုိ သပိတ္ေမွာက္တယ္လုိ႔ ေၾကညာခဲ့တာပါ။

အခု အဲဒီတုန္းက ျပႆနာအတြက္ American Airlines က DJ Soda ကုိ ေတာင္းပန္ေၾကာင္းနဲ႔ သူတုိ႔၀န္ထမ္းေတြအေနနဲ႔ ပေရာ္ဖက္ရွင္နယ္မဆန္ဘဲ အေၾကာင္းအက်ဳိးမရွင္းျပခဲ့ဘူးဆုိရင္ ေျပာျပဖုိ႔နဲ႔ တကယ္လုိ႔ အဲဒီလုိ မလုပ္ခဲ့ဘူးဆုိရင္ ၀န္ထမ္းေတြကုိ အေရးယူသြားမွာ ျဖစ္တဲ့အတြက္ ျပန္လည္ အေၾကာင္းၾကားဖုိ႔လည္း တုိက္တြန္းခဲ့တာပါ။

Source: AKP

You cannot copy content of this page