K pop

■ တရုတ်မှာ အရှုံးသမားတစ်ယောက်လို နေထိုင်နေတဲ့ NCT အဖွဲ့ဝင်

– – – Scandal ပေါ်ပေါက်လာပြီးနောက်မှာ လှုပ်ရှားမှုတွေ ရပ်နားခံရထားပြီး တရုတ်မှာ နေထိုင်နေတဲ့ …

NCT၊ WayV နဲ့ SuperM အဖွဲ့ဝင်ဖြစ်တဲ့ Lucas ဟာ အရင်တုန်းက သူနဲ့ ဒိတ်လုပ်ခဲ့တဲ့ ကောင်မလေးတွေဆီကို လိမ်ညာခဲ့ပြီး တန်ကြီးဖိုးလက်ဆောင်တွေ ရယူခဲ့တယ်လို့ ၂၀၂၁ သြဂုတ်လအစပိုင်းမှာ စွပ်စွဲချက်တွေ ထွက်ခဲ့တာပါ။

Lucas ကို အဲဒီလို စွပ်စွဲတဲ့ ကောင်မလေး (၄)ဦးအထိ ရှိနေပြီး Scandal ဟာ တဖြည်းဖြည်းနဲ့ အသံကျယ်လာပြီးနောက်မှာတော့ Lucas က လက်ရေးစာတစ်စောင်ရေးကာ ခံခဲ့ရသူတွေကို လူချင်းတွေ့ တောင်းပန်ချင်ကြောင်းနဲ့ အတိတ်က လုပ်ရပ်တွေအတွက် နောင်တရကြောင်း ဖော်ပြခဲ့ပါတယ်။

Scandal က အသံကျယ်လာတာကြောင့် SM က Lucas ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပြီး သူတို့ရဲ့ အနုပညာရှင်ကို လမ်းမှန်မညွှန်ပေးနိုင်တဲ့အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကတည်းက Lucas ကို NCT၊ WayV နဲ့ SuperM အဖွဲ့တွေက ထွက်သွားဖို့အထိပါ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

အခု တရုတ်က လာတဲ့ သတင်းတွေအရ Lucas ဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ တရုတ်မှာ အရှုံးသမား တစ်ယောက်လို့ နေထိုင်နေတယ်လို့ သိရပါတယ်။ တရုတ်ကလာတဲ့ သတင်းတွေကို ကိုးကားပြီး Naver မှာ ဖော်ပြထားတာက Lucas ဟာ ဆံပင်ညှပ်ခြင်းမရှိတာကြောင့် ဆံပင်တွေ အတော်လေး ရှည်နေသလို၊ မှုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေကိုလည်း ညှပ်ခြင်းမရှိကြောင်း သိရပါတယ်။

ဒါ့ပြင် Lucas ဟာ တရုတ်မှာ ဖြစ်သလို နေထိုင်နေပြီး သူ့ရဲ့ ပုံစံက လုံး၀ အရှုံးသမားတစ်ယောက် ပုံစံ ပေါက်နေတယ်လို့လည်း တရုတ်မှာ သူနဲ့ မြင်တွေ့ခဲ့ကြတဲ့ ပရိသတ်တွေက လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ကြပါတယ်။ Lucas ဟာ အဲဒီပြဿနာပေါ်ပေါက်ပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခြင်းမရှိတော့တာ ဒီနေ့အထိ ဖြစ်ပါတယ်။

Source: KBZ

 

-Zawgyi

■ တ႐ုတ္မွာ အ႐ႈံးသမားတစ္ေယာက္လုိ ေနထုိင္ေနတဲ့ NCT အဖဲြ႕၀င္

– – – Scandal ေပၚေပါက္လာၿပီးေနာက္မွာ လႈပ္ရွားမႈေတြ ရပ္နားခံရထားၿပီး တ႐ုတ္မွာ ေနထုိင္ေနတဲ့ …

NCT၊ WayV နဲ႔ SuperM အဖြဲ႕ဝင္ျဖစ္တဲ့ Lucas ဟာ အရင္တုန္းက သူနဲ႔ ဒိတ္လုပ္ခဲ့တဲ့ ေကာင္မေလးေတြဆီကို လိမ္ညာခဲ့ၿပီး တန္ႀကီးဖိုးလက္ေဆာင္ေတြ ရယူခဲ့တယ္လို႔ ၂၀၂၁ ၾသဂုတ္လအစပိုင္းမွာ စြပ္စြဲခ်က္ေတြ ထြက္ခဲ့တာပါ။

Lucas ကို အဲဒီလို စြပ္စြဲတဲ့ ေကာင္မေလး (၄)ဦးအထိ ရွိေနၿပီး Scandal ဟာ တျဖည္းျဖည္းနဲ႔ အသံက်ယ္လာၿပီးေနာက္မွာေတာ့ Lucas က လက္ေရးစာတစ္ေစာင္ေရးကာ ခံခဲ့ရသူေတြကို လူခ်င္းေတြ႕ ေတာင္းပန္ခ်င္ေၾကာင္းနဲ႔ အတိတ္က လုပ္ရပ္ေတြအတြက္ ေနာင္တရေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

Scandal က အသံက်ယ္လာတာေၾကာင့္ SM က Lucas ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ဆိုင္းငံ့ထားမယ္လို႔ ေၾကညာခဲ့ၿပီး သူတို႔ရဲ႕ အႏုပညာရွင္ကို လမ္းမွန္မၫႊန္ေပးႏိုင္တဲ့အတြက္ ေတာင္းပန္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီကတည္းက Lucas ကို NCT၊ WayV နဲ႔ SuperM အဖြဲ႕ေတြက ထြက္သြားဖို႔အထိပါ ေတာင္းဆိုမႈေတြ ရွိခဲ့ပါတယ္။

အခု တ႐ုတ္က လာတဲ့ သတင္းေတြအရ Lucas ဟာ သူ႕ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ တ႐ုတ္မွာ အ႐ႈံးသမား တစ္ေယာက္လုိ႔ ေနထုိင္ေနတယ္လုိ႔ သိရပါတယ္။ တ႐ုတ္ကလာတဲ့ သတင္းေတြကုိ ကုိးကားၿပီး Naver မွာ ေဖာ္ျပထားတာက Lucas ဟာ ဆံပင္ညႇပ္ျခင္းမရွိတာေၾကာင့္ ဆံပင္ေတြ အေတာ္ေလး ရွည္ေနသလုိ၊ မႈတ္ဆိတ္ေမႊး၊ ပါးသုိင္းေမႊးေတြကုိလည္း ညႇပ္ျခင္းမရွိေၾကာင္း သိရပါတယ္။

ဒါ့ျပင္ Lucas ဟာ တ႐ုတ္မွာ ျဖစ္သလုိ ေနထုိင္ေနၿပီး သူ႕ရဲ႕ ပုံစံက လုံး၀ အ႐ႈံးသမားတစ္ေယာက္ ပုံစံ ေပါက္ေနတယ္လုိ႔လည္း တ႐ုတ္မွာ သူနဲ႔ ျမင္ေတြ႕ခဲ့ၾကတဲ့ ပရိသတ္ေတြက လူမႈကြန္ရက္ေတြမွာ ေရးသားခဲ့ၾကပါတယ္။ Lucas ဟာ အဲဒီျပႆနာေပၚေပါက္ၿပီးကတည္းက အႏုပညာလႈပ္ရွားမႈေတြ ျပဳလုပ္ျခင္းမရွိေတာ့တာ ဒီေန႔အထိ ျဖစ္ပါတယ္။

Source: KBZ

You cannot copy content of this page