– – – အဖွဲ့လိုက် သီချင်းသစ် မထုတ်တာ ကြာလာမှု၊ ဖက်ရှင် Show တွေမှာ ထိပ်ဆုံးက တွေ့ရလေ့ရှိလာတာတွေကြောင့် တချို့တွေက …
BLACKPINK အဖွဲ့အနေနဲ့ ၂၀၂၀ အောက်တိုဘာ THE ALBUM ကို ထုတ်ဝေပြီးနောက် သီချင်း မထုတ်တာ (၁) နှစ်ခွဲကျော်ခဲ့ပြီဖြစ်ပါတယ်။ Comeback အတွက် ပြင်ဆင်နေတယ်လို့ ပြောနေပေမဲ့ အခုအချိန်ထိ ဘာမှ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
ဒါ့ပြင် BLACKPINK အဖွဲ့ဝင်တွေကို သီချင်းသစ်တွေ ပြင်ဆင်နေတာထက် ဖက်ရှင်ပွဲတွေမှာ တွေ့နေရလို့ ပရိသတ်အချို့က BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ အဆိုတော်ထက် မော်ဒယ်ဘဝမှာ ပိုပျော်ပိုက်နေပြီး အဲဒီအတွက် အချိန်ပိုသုံးနေတယ်လို့ ဝေဖန်ခဲ့ကြတာပါ။
Celine’s new collection မှာ မော်ဒယ်အဖြစ် ရှိုးလျှောက်ခဲ့တဲ့ Lisa
Dior Fall 2022 ပွဲကို တက်ရောက်ခဲ့တဲ့ Jisoo
Chanel နဲ့ Jacquemus fashion show တွေကို တက်ရောက်ခဲ့တဲ့ Jennie
Saint Lauren ပွဲတွေကို တက်ရောက်လေ့ရှိတဲ့ Rosé
Source: KBZ