– – – သရုပ်ဆောင်လောကမှာ အောင်မြင်သလို၊ သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် Visual Kings အဖြစ် သတ်မှတ်ခံထားရသူတွေပါ။ ဘူဆန်က မွေးထုတ်ပေးတဲ့ နာမည်ကျော်မင်းသားတွေကတော့
Nam Joo-hyuk
Nam Joo-hyuk ဟာ ဘူဆန် Yeongdo-gu မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိနာမည်ကျော်မင်းသားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ၂၀၂၂ ထုတ် “Twenty-Five Twenty-One” မှာ Nam Joo-hyuk ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တိုင်း နှစ်သက်ခဲ့ကြပါတယ်။
Lee Joon-gi
K မင်းသားလို့ လူသိများတဲ့ Lee Joon-gi ဟာ ၁၉၈၂ ခုနှစ်က ဘူဆန် Nam-gu မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင် အလွန်ပီပြင်သလို၊ ကိုယ်ခံပညာတွေလည်း တော်တော်များများ တတ်သူဖြစ်ပြီး အခုအချိန်ထိ အမျိုးသမီးပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်ဆဲပါပဲ။
Kang Ha-neul
မင်းသား Kang Ha-neul ကလည်း ဘူဆန်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အမြဲတမ်း ပြုံးနေတတ်ပြီး သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း ဝေဖန်ရေးသမားတွေဆီမှာတောင် ချီးကျူးခံရတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။
Kang Dong-won
Kang Dong-won က အရပ် 186 cm ရှိပြီး ဘူဆန်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေ မပြောနဲ့။ Taeyeon, Suzy တို့အပါအဝင် နာမည်ကျော် အမျိုးသမီးတော်တော်များများရဲ့ Ideal Type အဖြစ် သတ်မှတ်ခံရအောင် ဆွဲဆောင်မှု ရှိသူဖြစ်ပြီး သူ ရိုက်ကားတဲ့ ဇာတ်ကားတိုင်းကလည်း ပေါက်တာချည်းပါပဲ။
Gong Yoo
လက်ရှိအချိန်ထိ ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ မင်းသား Gong Yoo ဟာလည်း ဘူဆန်ထွက်ဖြစ်ပြီး ဘူဆန် Dongnae-gu မှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမရှိဘဲ သူရိုက်တဲ့ ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတိုင်း လူကြိုက်များတာချည်းပါပဲ။
Source: KBZ
-Zawgyi
■ ဘူဆန်ကလာတဲ့ နာမည်ကျော် Visual Kings (၅) ဦး
Nam Joo-hyuk
Lee Joon-gi
Kang Ha-neul
Kang Dong-won
Gong Yoo
Source: KBZ