Celebrity

■ Song Ji Hyo – Kim Jong Kook Shippers တွေ စိတ်ချမ်းသားစေမယ့် Song Ji Hyo ရဲ့ မှတ်ချက်

– – – အရင်တုန်းကတော့ Kim Jong Kook နဲ့ love line လုပ်ရတာကို သဘောမကျဘူး။ အဲဒါကြောင့် သူ့ကို အဲဒီလို မလုပ်ဖို့ ပြောမလို့ လုပ်ခဲ့ပေမဲ့ အခုတော့ …

Song Ji Hyo – Kim Jong Kook Shippers တွေ စိတ်ချမ်းသာစေမယ့် မှတ်ချက်ဖြစ်တဲ့ Running Man co-star Kim Jong Kook နဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြောင်းလဲသွားတဲ့ love line နဲ့ ပတ်သက်တာကို Song Ji Hyo က ပြောဆိုခဲ့တာပါ။

MBC Everyone ရဲ့ Tteokbokki Brothers အစီအစဉ်မှာ မင်းသမီး Song Ji Hyo ဟာ Running Man co-host Ji Suk Jin အတွက် ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး Ji Suk Jin က မင်းသမီးရဲ့ သဘာဝအလှနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ Kim Jong Min က “Kim Jong Kook နဲ့ ခင်ဗျားရဲ့ love line က တကယ်ပဲလား” လို့ မင်းသမီးနဲ့ အဆိုတော်တို့ရဲ့ Running Man သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး Song Ji Hyo ကို မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Song Ji Hyo က “အစပိုင်းတုန်းကတော့ Kim Jong Kook နဲ့ love line လုပ်ရတာကို ကျွန်မ သဘောမကျခဲ့ပါဘူး။ ဒါကြောင့် သူ့ကို အဲဒီလို သရုပ်ဆောင်တွေ ရပ်ဖို့တောင် ကျွန်မ ပြောမလို့ပါပဲ။ ဒါပေမဲ့ အခုတော့ ကျွန်မ သဘောကျနေပါပြီ။ ပျော်စရာကောင်းတယ်လေ။ ဒါကြောင့် သူ့ကို ထပ်လုပ်ဖို့တောင် ကျွန်မ ပြောထားတယ်”လို့ ဆိုခဲ့တာပါ။

ဒီစကားက Song Ji Hyo – Kim Jong Kook Shippers အတွက် အားတက်စရာ ဖြစ်ခဲ့ပြီး အသက် (၄၀) ကျော်လာပြီ ဖြစ်ပေမဲ့ အခုအချိန်ထိ အပျိုကြီး၊ လူပျိုကြီး ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို လက်တွေ့ဘဝမှာပါ နီးစပ်စေချင်နေကြတာ ဖြစ်ပါတယ်။

Source: Wikitree

 

-Zawgyi

■ Song Ji Hyo – Kim Jong Kook Shippers ေတြ စိတ္ခ်မ္းသားေစမယ့္ Song Ji Hyo ရဲ႕ မွတ္ခ်က္

– – – အရင္တုန္းကေတာ့ Kim Jong Kook နဲ႔ love line လုပ္ရတာကုိ သေဘာမက်ဘူး။ အဲဒါေၾကာင့္ သူ႕ကုိ အဲဒီလုိ မလုပ္ဖုိ႔ ေျပာမလုိ႔ လုပ္ခဲ့ေပမဲ့ အခုေတာ့ …

Song Ji Hyo – Kim Jong Kook Shippers ေတြ စိတ္ခ်မ္းသာေစမယ့္ မွတ္ခ်က္ျဖစ္တဲ့ Running Man co-star Kim Jong Kook နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ေျပာင္းလဲသြားတဲ့ love line နဲ႔ ပတ္သက္တာကုိ Song Ji Hyo က ေျပာဆုိခဲ့တာပါ။

MBC Everyone ရဲ႕ Tteokbokki Brothers အစီအစဥ္မွာ မင္းသမီး Song Ji Hyo ဟာ Running Man co-host Ji Suk Jin အတြက္ ဧည့္သည္အျဖစ္ ပါ၀င္ခဲ့ၿပီး Ji Suk Jin က မင္းသမီးရဲ႕ သဘာ၀အလွနဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးခဲ့ပါတယ္။

အဲဒီအစီအစဥ္မွာ အစီအစဥ္တင္ဆက္သူတစ္ဦးျဖစ္တဲ့ Kim Jong Min က “Kim Jong Kook နဲ႔ ခင္ဗ်ားရဲ႕ love line က တကယ္ပဲလား” လုိ႔ မင္းသမီးနဲ႔ အဆုိေတာ္တုိ႔ရဲ႕ Running Man သ႐ုပ္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး Song Ji Hyo ကုိ ေမးျမန္းခဲ့တာပါ။

အဲဒီေမးခြန္းကုိ Song Ji Hyo က “အစပုိင္းတုန္းကေတာ့ Kim Jong Kook နဲ႔ love line လုပ္ရတာကုိ ကၽြန္မ သေဘာမက်ခဲ့ပါဘူး။ ဒါေၾကာင့္ သူ႕ကုိ အဲဒီလုိ သ႐ုပ္ေဆာင္ေတြ ရပ္ဖုိ႔ေတာင္ ကၽြန္မ ေျပာမလုိ႔ပါပဲ။ ဒါေပမဲ့ အခုေတာ့ ကၽြန္မ သေဘာက်ေနပါၿပီ။ ေပ်ာ္စရာေကာင္းတယ္ေလ။ ဒါေၾကာင့္ သူ႕ကုိ ထပ္လုပ္ဖုိ႔ေတာင္ ကၽြန္မ ေျပာထားတယ္”လုိ႔ ဆုိခဲ့တာပါ။

ဒီစကားက Song Ji Hyo – Kim Jong Kook Shippers အတြက္ အားတက္စရာ ျဖစ္ခဲ့ၿပီး အသက္ (၄၀) ေက်ာ္လာၿပီ ျဖစ္ေပမဲ့ အခုအခ်ိန္ထိ အပ်ဳိႀကီး၊ လူပ်ဳိႀကီး ျဖစ္ေနတဲ့ သူတုိ႔ႏွစ္ေယာက္ကုိ လက္ေတြ႕ဘ၀မွာပါ နီးစပ္ေစခ်င္ေနၾကတာ ျဖစ္ပါတယ္။

Source: Wikitree

You cannot copy content of this page