K pop

■ BLACKPINK ကို ‘The Biggest Girl Group In The World’ အဖြစ် Forbes ဂုဏ်ပြု

— – – ကမ္ဘာကျော်အမေရိကန်မဂ္ဂဇင်း Forbes က BLACKPINK ကို ကမ္ဘာမှာ အကြီးကျယ်ဆုံးအမျိုးသမီးအဖွဲ့အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။

Forbes ဟာ အရင်တုန်းက ‘The Biggest Girl Group In The World’ အဖြစ် The Supremes, Destiny’s Child, the Pussycat Dolls နဲ့ Fifth Harmony တို့ကို တင်စားခဲ့ဖူးပြီး အခုအချိန်မှာတော့ BLACKPINK အဖွဲ့ကို တင်စားခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ကို ‘The Biggest Girl Group In The World’ အဖြစ် တင်စားခြင်းနဲ့ ပတ်သက်လို့ Forbes က သူတို့ရဲ့ Supremacy (အားလုံးထက် သာလွန်မှု)ကို မေးခွန်းထုတ်စရာ မလိုဘူးလို့ ထိထိမိမိ ဖော်ပြခဲ့ပါတယ်။

BLACKPINK အဖွဲ့ရဲ့ ဒီနှစ်ထုတ် first full-length album ဖြစ်တဲ့ ‘THE ALBUM’ ဟာ ကမ္ဘာပေါ်က Music Chart ပေါင်းများစွာမှာ စိုးမိုးခဲ့ပြီး ကမ္ဘာကျော်တွေနဲ့ Collaborate လုပ်ခဲ့တဲ့ “Ice Cream”၊ “Bet You Wanna.” နဲ့ “Sour Candy” သီချင်းတွေဟာ အမျိုးသမီးအဖွဲ့ သီချင်းတွေထဲမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။

BLACKPINK အဖွဲ့ဟာ ဒီဇင်ဘာ (၂၇)ရက်မှာ “THE SHOW” ဆိုတဲ့ အွန်လိုင်း Concert ကို ကျင်းပမှာဖြစ်ပြီး BLACKPINK You Tube Channel မှာ Join လုပ်ပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

— ဃဲ
Ref: Forbes

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

-Zawgyi







— ဃဲ
Ref: Forbes

You cannot copy content of this page