K pop

■ Bright စာအုပ်မှာ Girls’ Generation အဖွဲ့ဝင်တွေကို ဖဲ့ထားတဲ့ Jessica

– – – Girls’ Generation အဖွဲ့ကနေ သူ ဘယ်လို ကန်ထုတ်ခံရတယ်ဆိုတာကို Bright စာအုပ်မှာ ရေးသားထားပြီး ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာကို ပုံနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

“Bright” စာအုပ်က Jessica ရဲ့ ပွဲထွက်ဝတ္ထုစာအုပ် “Shine” ရဲ့ sequel ဖြစ်ပြီး Korean-American ကောင်မလေး Rachel ရဲ့ နာမည်ကျော် K-pop girl group အဖွဲ့ဝင်အဖြစ် လျှောက်လှမ်းခဲ့တဲ့ဘဝကို Jessica က သူ့အတွေ့အကြုံကို အခြေခံကာ ရေးသားထားတာပါ။

Rachel ဟာ ဒီစာအုပ်ရဲ့ အဓိကဇာတ်ဆောင်ဖြစ်ပြီး Girls Forever အဖွဲ့ရဲ့အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ Jessica က Rachel ဟာ အဖွဲ့ကို ဦးဆောင်သူလို့ ရေးသားထားပြီး Rachel ဟာ တခြားအဖွဲ့ဝင် (၈) ဦးနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ကြောင်း အခု “Bright” စာအုပ်မှာ ဖော်ပြထားတယ်။

ဒီစာအုပ်မှာ Rachel က fashion ကို တိုးဝင်ပြီးနောက် တခြား အဖွဲ့ဝင် (၈) ဦးဟာ သူ့ကို မကျေမနပ် ဖြစ်ခဲ့သလို၊ မနာလိုဖြစ်ခဲ့ကြကြောင်း၊ သူတို့ဟာ Rachel ကို သင်းကွဲငှက်လို ဆက်ဆံခဲ့ပြီး နောက်ဆုံးမှာ အဖွဲ့ထဲက ထုတ်ပယ်ခဲ့ကြောင်း ရေးသားထားပါတယ်။

ပြီးတော့ လော့စ်အိန်ဂျယ်လိစ်မှာ ပြုလုပ်မယ့် Concert အတွက် rehearsals ပြုလုပ်ရာမှာ နောက်ကျမှာ ရောက်လာခဲ့တဲ့ Rachel ကို အခြား Girls Forever အဖွဲ့ဝင် (၈) ဦးက ပြဿနာရှာကြောင်း၊ အဲဒီအဖွဲ့ဝင် (၈) ဦးဟာ မန်နေဂျာနဲ့တိုင်ပြီး Rachel ဖက်ရှင်လုပ်နေတာကို မကျေနပ်ကြောင်း၊ Rachel ရှိနေမယ်ဆိုရင် Concert လုပ်မှာ မဟုတ်ဘူးလို့ အကျပ်ကိုင်ခဲ့ကြောင်း၊ နောက်ဆုံးမှာ အေဂျင်စီက အများနဲ့ တစ်ယောက်မှာ အများကို ရွေးလိုက်ရကြောင်း ရေးထားပါတယ်။

Jessica ဟာ ၂၀၁၄ စက်တင်ဘာလ (၃၀) ရက်မှာ Girls’ Generation ထုတ်ပယ်ခဲ့ရပြီး “Bright” စာအုပ်မှာ Jessica အဲဒီအကြောင်းနဲ့ ပတ်သက်လို့ Rachel က အခုလိုပြောတယ်ဆိုပြီး “ကျွန်မရဲ့ ချစ်လှစွာသော Dearest +Evers အရမ်းဝမ်းနည်းရပါတယ်။ Girls Forever အဖွဲ့က ကျွန်မအတွက် ဦးစားပေးပါပဲ။ တစ်ဘဝလုံး ချစ်ခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ တရားမျှတမှုမရှိတဲ့ အကြောင်းပြချက်နဲ့ အဖွဲ့က ထွက်လိုက်ရပြီ”လို့ ရေးသားခဲ့တာပါ။

Source: KBZ

 

-Zawgyi

■ Bright စာအုပ္မွာ Girls’ Generation အဖဲြ႕၀င္ေတြကုိ ဖဲ့ထားတဲ့ Jessica

– – – Girls’ Generation အဖဲြ႕ကေန သူ ဘယ္လုိ ကန္ထုတ္ခံရတယ္ဆုိတာကုိ Bright စာအုပ္မွာ ေရးသားထားၿပီး ဘယ္လုိေတြျဖစ္ခဲ့တယ္ဆုိတာကုိ ပုံႏွိပ္ၿပီး ဖတ္႐ႈႏုိင္ပါတယ္။

“Bright” စာအုပ္က Jessica ရဲ႕ ပဲြထြက္၀တၳဳစာအုပ္ “Shine” ရဲ႕ sequel ျဖစ္ၿပီး Korean-American ေကာင္မေလး Rachel ရဲ႕ နာမည္ေက်ာ္ K-pop girl group အဖဲြ႕၀င္အျဖစ္ ေလွ်ာက္လွမ္းခဲ့တဲ့ဘ၀ကုိ Jessica က သူ႕အေတြ႕အႀကံဳကုိ အေျခခံကာ ေရးသားထားတာပါ။

Rachel ဟာ ဒီစာအုပ္ရဲ႕ အဓိကဇာတ္ေဆာင္ျဖစ္ၿပီး Girls Forever အဖဲြ႕ရဲ႕အဖဲြ႕၀င္လည္း ျဖစ္ပါတယ္။ Jessica က Rachel ဟာ အဖဲြ႕ကုိ ဦးေဆာင္သူလုိ႔ ေရးသားထားၿပီး Rachel ဟာ တျခားအဖဲြ႕၀င္ (၈) ဦးနဲ႔ ဆက္ဆံေရး အဆင္မေျပခဲ့ေၾကာင္း အခု “Bright” စာအုပ္မွာ ေဖာ္ျပထားတယ္။

ဒီစာအုပ္မွာ Rachel က fashion ကုိ တုိး၀င္ၿပီးေနာက္ တျခား အဖဲြ႕၀င္ (၈) ဦးဟာ သူ႕ကုိ မေက်မနပ္ ျဖစ္ခဲ့သလုိ၊ မနာလုိျဖစ္ခဲ့ၾကေၾကာင္း၊ သူတုိ႔ဟာ Rachel ကုိ သင္းကဲြငွက္လုိ ဆက္ဆံခဲ့ၿပီး ေနာက္ဆုံးမွာ အဖဲြ႕ထဲက ထုတ္ပယ္ခဲ့ေၾကာင္း ေရးသားထားပါတယ္။

ၿပီးေတာ့ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ ျပဳလုပ္မယ့္ Concert အတြက္ rehearsals ျပဳလုပ္ရာမွာ ေနာက္က်မွာ ေရာက္လာခဲ့တဲ့ Rachel ကုိ အျခား Girls Forever အဖဲြ႕၀င္ (၈) ဦးက ျပႆနာရွာေၾကာင္း၊ အဲဒီအဖဲြ႕၀င္ (၈) ဦးဟာ မန္ေနဂ်ာနဲ႕တုိင္ၿပီး Rachel ဖက္ရွင္လုပ္ေနတာကုိ မေက်နပ္ေၾကာင္း၊ Rachel ရွိေနမယ္ဆုိရင္ Concert လုပ္မွာ မဟုတ္ဘူးလုိ႔ အက်ပ္ကုိင္ခဲ့ေၾကာင္း၊ ေနာက္ဆုံးမွာ ေအဂ်င္စီက အမ်ားနဲ႔ တစ္ေယာက္မွာ အမ်ားကုိ ေရြးလုိက္ရေၾကာင္း ေရးထားပါတယ္။

Jessica ဟာ ၂၀၁၄ စက္တင္ဘာလ (၃၀) ရက္မွာ Girls’ Generation ထုတ္ပယ္ခဲ့ရၿပီး “Bright” စာအုပ္မွာ Jessica အဲဒီအေၾကာင္းနဲ႔ ပတ္သက္လုိ႔ Rachel က အခုလုိေျပာတယ္ဆုိၿပီး “ကၽြန္မရဲ႕ ခ်စ္လွစြာေသာ Dearest +Evers အရမ္း၀မ္းနည္းရပါတယ္။ Girls Forever အဖဲြ႕က ကၽြန္မအတြက္ ဦးစားေပးပါပဲ။ တစ္ဘ၀လုံး ခ်စ္ခဲ့ရတာပါ။ ဒါေပမဲ့ အခုေတာ့ တရားမွ်တမႈမရွိတဲ့ အေၾကာင္းျပခ်က္နဲ႔ အဖဲြ႕က ထြက္လုိက္ရၿပီ”လုိ႔ ေရးသားခဲ့တာပါ။

Source: KBZ

You cannot copy content of this page