K pop

■ တခြား Boy Group တွေနဲ့စာရင် BIGBANG မှာ အမျိုးသားပရိသတ် ပိုများနေတာ ဘာကြောင့်ပါလဲ

– – – BIGBANG နဲ့ Still Life သီချင်းကို နားထောင်တဲ့ အမျိုးသားနဲ့ အမျိုးသမီး အချိုးဟာ ၅၀-၅၀ တူညီနေတာ K-Pop မှာ ထူးခြားဖြစ်စဉ်ဖြစ်ပြီး BIGBANG အနေနဲ့ ဘာကြောင့် …

BIGBANG အဖွဲ့ဟာ အမှန်တကယ် trendsetter ဖြစ်ပြီး သူတို့ဟာ K-pop industry မှာ ဂန္ထဝင်အမြောက်ဆုံးအဖွဲ့ဆိုတာကို စကားလုံးတွေနဲ့ ဖော်ပြလို့တောင် မကုန်နိုင်ပါဘူး။ BIGBANG ဟာ ကမ္ဘာ့အနှံ့ ပရိသတ်ပေါင်းများစွာရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး music industry မှာ လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်တွေ ဖြစ်ပါတယ်။

အဖွဲ့ လှုပ်ရှားမှုတွေမရှိတာ (၄) နှစ်ကျော်ကြာခဲ့ပြီး ဖြစ်ပေမဲ့ BIGBANG အဖွဲ့ရဲ့ နောက်ဆုံးထုတ် “Still Life” သီချင်းဟာ music industry ကို ထိုးဖောက်ခဲ့ပြီး တောင်ကိုရီးယားရဲ့ အဓိက Music Chart တွေအားလုံးမှာ နံပါတ် (၁) ဖြစ်ခဲ့တာကြောင့် ‘Perfect All Kill’ တောင် ရရှိခဲ့တာပါ။

သူတို့ရဲ့ လွှမ်းမိုးမှု၊ ကျော်ကြားမှုတွေကြောင့် ကမ္ဘာအနှံ့မှာ BIGBANG လို ဖြစ်ချင်တဲ့ လူငယ်ပေါင်းများစွာ ရှိခဲ့၊ ရှိနေ၊ ရှိနေဦးမှာ ဖြစ်ပြီး သူတို့ကြောင့် အခုအချိန်မှာ ထိတ်ထိတ်ကြဲအောင်မြင်နေသူတွေလည်း ရှိပါတယ်။ ဒီအချက်တွေကြောင့်ပဲ BIGBANG ဟာ တခြားအမျိုးသားအဖွဲ့တွေထက် အမျိုးသားပရိသတ်တွေကို ပိုပြီးဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

BIGBANG အဖွဲ့ အမျိုးသားပရိသတ်တွေ ဘာကြောင့် များရတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး Netizens တွေက “BIGBANG က ကောင်လေး လိုချင်တဲ့ ပုံရိပ်မျိုးကို ပိုင်ဆိုင်ထားတယ်လို့ ထင်တယ်။ သူတို့က ယောကျ်ားဆန်ပြီး အရမ်း fancy ဖြစ်တယ်။ BIGBANG က အမျိုးသားတွေ Cool ဖြစ်တယ်လို့ ယူဆတဲ့ ပုံရိပ်ကို ပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်”

“BIGBANG ရဲ့ သီချင်းတွေက အရမ်းကောင်းတယ်လေ။ ပြီးတော့ G-Dragon ကလည်း အရမ်းမိမိုက်နေတာကို။ ဒါကြောင့်ပါ” “ဘာကြောင့်လဲဆိုတော့ သူတို့သီချင်းတွေက အရမ်းကောင်းလို့ပါ။ ဖက်ရှင်ဆိုတာလည်း အရမ်းမိုက်” “သူတို့သီချင်းတွေက အမျိုးသားတွေရဲ့ အကြိုက်နဲ့ ကွက်တီဖြစ်လို့ပါ။ အရမ်း trendy ဖြစ်တယ်လေ”

“ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဂီတပါရမီက ဘယ်သူမှ မယှဉ်နိုင်လို့လေ”၊ “သူတို့က အရမ်းမိုက်တယ်။ သူတို့ဟာ ဂီတနဲ့ ပတ်သက်ရင် လေးစားခံရဆုံးသူတွေပါ”၊ “သူတို့ သီချင်းတွေ အရမ်းကောင်းတယ်။ သူတို့က ဂီတဝမ်းစာပြည့်တယ်။ ပြီးတော့ သူတို့က အရမ်းမိုက်တယ်။ ဘယ်သူတွေ ဘာထင်ထင် သူတို့ဂရုမစိုက်ဘူး။ အဲဒါက မိုက်တာ။ သူတို့က rockstar vibe မျိုး အပြည့်ရှိတယ်”စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

Source: AKP

 

-Zawgyi

■ တျခား Boy Group ေတြနဲ႔စာရင္ BIGBANG မွာ အမ်ဳိးသားပရိသတ္ ပုိမ်ားေနတာ ဘာေၾကာင့္ပါလဲ

– – – BIGBANG နဲ႔ Still Life သီခ်င္းကုိ နားေထာင္တဲ့ အမ်ဳိးသားနဲ႔ အမ်ဳိးသမီး အခ်ဳိးဟာ ၅၀-၅၀ တူညီေနတာ K-Pop မွာ ထူးျခားျဖစ္စဥ္ျဖစ္ၿပီး BIGBANG အေနနဲ႔ ဘာေၾကာင့္ …

BIGBANG အဖဲြ႕ဟာ အမွန္တကယ္ trendsetter ျဖစ္ၿပီး သူတုိ႔ဟာ K-pop industry မွာ ဂႏၳ၀င္အေျမာက္ဆုံးအဖဲြ႕ဆုိတာကုိ စကားလုံးေတြနဲ႔ ေဖာ္ျပလုိ႔ေတာင္ မကုန္ႏုိင္ပါဘူး။ BIGBANG ဟာ ကမၻာ့အႏွံ႔ ပရိသတ္ေပါင္းမ်ားစြာရဲ႕ ႏွလုံးသားကုိ ဖမ္းစားႏုိင္ခဲ့ၿပီး music industry မွာ လႊမ္းမုိးမႈအရွိဆုံး အႏုပညာရွင္ေတြ ျဖစ္ပါတယ္။

အဖဲြ႕ လႈပ္ရွားမႈေတြမရွိတာ (၄) ႏွစ္ေက်ာ္ၾကာခဲ့ၿပီး ျဖစ္ေပမဲ့ BIGBANG အဖဲြ႕ရဲ႕ ေနာက္ဆုံးထုတ္ “Still Life” သီခ်င္းဟာ music industry ကုိ ထုိးေဖာက္ခဲ့ၿပီး ေတာင္ကုိရီးယားရဲ႕ အဓိက Music Chart ေတြအားလုံးမွာ နံပါတ္ (၁) ျဖစ္ခဲ့တာေၾကာင့္ ‘Perfect All Kill’ ေတာင္ ရရွိခဲ့တာပါ။

သူတုိ႔ရဲ႕ လႊမ္းမိုးမႈ၊ ေက်ာ္ၾကားမႈေတြေၾကာင့္ ကမၻာအႏွံ႕မွာ BIGBANG လုိ ျဖစ္ခ်င္တဲ့ လူငယ္ေပါင္းမ်ားစြာ ရွိခဲ့၊ ရွိေန၊ ရွိေနဦးမွာ ျဖစ္ၿပီး သူတုိ႔ေၾကာင့္ အခုအခ်ိန္မွာ ထိတ္ထိတ္ႀကဲေအာင္ျမင္ေနသူေတြလည္း ရွိပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ BIGBANG ဟာ တျခားအမ်ဳိးသားအဖဲြ႕ေတြထက္ အမ်ဳိးသားပရိသတ္ေတြကုိ ပုိၿပီးဆဲြေဆာင္ႏုိင္တာ ျဖစ္ပါတယ္။

BIGBANG အဖဲြ႕ အမ်ဳိးသားပရိသတ္ေတြ ဘာေၾကာင့္ မ်ားရတယ္ဆုိတဲ့ အခ်က္နဲ႔ ပတ္သက္ၿပီး Netizens ေတြက “BIGBANG က ေကာင္ေလး လုိခ်င္တဲ့ ပုံရိပ္မ်ဳိးကုိ ပုိင္ဆုိင္ထားတယ္လုိ႔ ထင္တယ္။ သူတုိ႔က ေယာက်္ားဆန္ၿပီး အရမ္း fancy ျဖစ္တယ္။ BIGBANG က အမ်ဳိးသားေတြ Cool ျဖစ္တယ္လုိ႔ ယူဆတဲ့ ပုံရိပ္ကုိ ပုိင္ဆုိင္ထားတယ္လုိ႔ ထင္ပါတယ္”

“BIGBANG ရဲ႕ သီခ်င္းေတြက အရမ္းေကာင္းတယ္ေလ။ ၿပီးေတာ့ G-Dragon ကလည္း အရမ္းမိမိုက္ေနတာကုိ။ ဒါေၾကာင့္ပါ” “ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔သီခ်င္းေတြက အရမ္းေကာင္းလုိ႔ပါ။ ဖက္ရွင္ဆုိတာလည္း အရမ္းမုိက္” “သူတုိ႔သီခ်င္းေတြက အမ်ဳိးသားေတြရဲ႕ အႀကိဳက္နဲ႔ ကြက္တီျဖစ္လုိ႔ပါ။ အရမ္း trendy ျဖစ္တယ္ေလ”

“ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔ရဲ႕ဂီတပါရမီက ဘယ္သူမွ မယွဥ္ႏုိင္လုိ႔ေလ”၊ “သူတုိ႔က အရမ္းမုိက္တယ္။ သူတုိ႔ဟာ ဂီတနဲ႔ ပတ္သက္ရင္ ေလးစားခံရဆုံးသူေတြပါ”၊ “သူတုိ႔ သီခ်င္းေတြ အရမ္းေကာင္းတယ္။ သူတုိ႔က ဂီတ၀မ္းစာျပည့္တယ္။ ၿပီးေတာ့ သူတုိ႔က အရမ္းမုိက္တယ္။ ဘယ္သူေတြ ဘာထင္ထင္ သူတုိ႔ဂ႐ုမစုိက္ဘူး။ အဲဒါက မုိက္တာ။ သူတုိ႔က rockstar vibe မ်ဳိး အျပည့္ရွိတယ္”စတဲ့ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကတာပါ။

Source: AKP

You cannot copy content of this page