K pop

■ G-Dragon နဲ့ BoA တကယ်ဒိတ်ခဲ့သလား ?

– – – ဒါက Fake လို့ ထင်ကောင်းထင်နိုင်ပေမဲ့ မဟုတ်ပါဘူး။ အဲဒီတုန်းက G-Dragon က (၁၄) နဲ့ BoA က (၁၆) ပဲ ရှိသေးပြီး အဲဒီအကြောင်းကို GD ပြန်ပြောထားပုံလေးက …

၂၀၀၂ မှာ အသက် (၁၆)နှစ်အရွယ်ကောင်မလေး BoA က K-Pop လောကကို “Valenti”၊ “No.1” စတဲ့ သီချင်းတွေနဲ့ သိမ်းပိုက်ထားပြီး hip-hop crew ဖြစ်တဲ့ YG Family မှာ အသက်အငယ်ဆုံးအဖွဲ့ဝင်က G-Dragon ဖြစ်ပြီး အဲဒီတုန်းက သူ့အသက် (၁၄) နှစ်ပဲ ရှိသေးတာပါ။

အဲဒီတုန်းက ကိုရီးယားမီဒီယာတွေ ဖော်ပြခဲ့တာက BoA (16 နှစ်) နဲ့ YG Family အဖွဲ့ဝင် G-Dragon (14 နှစ်) တို့ရဲ့ လျှောက်လမ်းဟာ တူညီပြီး သူတို့အကြား အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးတယ်လို့ ဖော်ပြခဲ့တာပါ။ ပြီးတော့ အဲဒီသတင်းမှာ “G-Dragon ဟာ BoA ရဲ့ ပရိသတ်ဖြစ်ပြီး BoA ကို လာလည်ကာ လက်ဆောင်ပေးကြောင်း၊ BoA ကလည်း G-Dragon ကို သူကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ CD ပေးပြီး YG Family ပရိသတ်ဖြစ်တယ်လို့ ပြောခဲ့ကြောင်း အဲဒီနောက် သူတို့ ဖုန်းနံပါတ် လဲလှယ်ပြီး သူတို့ရဲ့ အခက်အခဲတွေ၊ အောင်မြင်မှုတွေကို ပြောပြနားထောင်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

အဲဒီနောက်မှာတော့ သူတို့နှစ်ဦးအကြား “dating scandal” ပေါ်ပေါက်ခဲ့ပြီး BoA ဟာ အဲဒီတုန်းက hot topic ဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ G-Dragon က သူ့ရဲ့ official fan cafe အခုလိုပဲ ရှင်းပြခဲ့တာပါ။ အသက် (၁၄) နှစ်အရွယ် ကောင်လေးရဲ့ ချစ်စရာကောင်းတဲ့ ရှင်းပြချက်ကတော့ …

“အမှန်တရားကို ကျွန်တော်ပြောပါမယ်။ ကျွန်တော့်နဲ့ BoA noona တို့ရဲ့ သတင်းကို လူတွေ အရမ်းစိတ်ဝင်စားနေကြတာ တွေ့ရပါတယ်။ ခင်ဗျားတို့ comments တွေကို ကြည့်ရတာ တစ်ဖက်က စိတ်ပျက်စရာရသလို၊ တစ်ဖက်ကလာည်း ကျေးဇူးတင်မိတယ်။ ဟုတ်ပြီး ကျွန်တော်တို့ ရိုးသားရအောင် ကျွန်တော် ဒိတ်မလုပ်ပါဘူး။ ဒီတော့ အေးဆေးသာနေကြပါ။ BoA noona ရဲ့ ပရိသတ်တွေရောပေါ့။ မစိုးရိမ်ကြပါနဲ့။ ဒါပေမဲ့ ကျွန်တော်က BoA noona ရဲ့ အကြီးစားပရိသတ်ပါ။ ဒါကို ကျွန်တော်နဲ့ ရင်းနှီးသူတွေ သိကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အဲဒီထက် မပိုသလို၊ အဲဒီထက်လည်း မလျော့ပါဘူး”လို့ G-Dragon က ရေးသားခဲ့တာပါ။

အခု အဲဒီဖြစ်ရပ် နှစ်ပေါင်း (၂၀)ကျော်အကြာမှာတော့ ပရိသတ်တွေက အဲဒီတုန်းက G-Dragon ရဲ့ ဖြေရှင်းချက်ကို အလွန်သဘောကျနေကြပြီး G-Dragon ဟာ ငယ်ငယ်ကတည်းက အလွန်ချစ်စရာကောင်းကြောင်းနဲ့ ဘာပဲပြောပြော GD နဲ့ BoA တို့ဟာ K-Pop ရဲ့ သက်ရှိဂန္ထဝင်တွေ၊ K-Pop ရဲ့ King & Queen ဖြစ်လာခဲ့ကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: AKP

 

-Zawgyi

■ GD နဲ႔ BoA တကယ္ဒိတ္ခဲ့သလား ?

– – – ဒါက Fake လုိ႔ ထင္ေကာင္းထင္ႏုိင္ေပမဲ့ မဟုတ္ပါဘူး။ အဲဒီတုန္းက GD က (၁၄) နဲ႔ BoA က (၁၆) ပဲ ရွိေသးၿပီး အဲဒီအေၾကာင္းကုိ GD ျပန္ေျပာထားပုံေလးက …

၂၀၀၂ မွာ အသက္ (၁၆)ႏွစ္အရြယ္ေကာင္မေလး BoA က K-Pop ေလာကကုိ “Valenti”၊ “No.1” စတဲ့ သီခ်င္းေတြနဲ႔ သိမ္းပုိက္ထားၿပီး hip-hop crew ျဖစ္တဲ့ YG Family မွာ အသက္အငယ္ဆုံးအဖဲြ႕၀င္က G-Dragon ျဖစ္ၿပီး အဲဒီတုန္းက သူ႔အသက္ (၁၄) ႏွစ္ပဲ ရွိေသးတာပါ။

အဲဒီတုန္းက ကုိရီးယားမီဒီယာေတြ ေဖာ္ျပခဲ့တာက BoA (16 ႏွစ္) နဲ႔ YG Family အဖဲြ႕၀င္ G-Dragon (14 ႏွစ္) တုိ႔ရဲ႕ ေလွ်ာက္လမ္းဟာ တူညီၿပီး သူတုိ႔အၾကား အရမ္းရင္းႏွီးတဲ့ ဆက္ဆံေရးတယ္လုိ႔ ေဖာ္ျပခဲ့တာပါ။ ၿပီးေတာ့ အဲဒီသတင္းမွာ “G-Dragon ဟာ BoA ရဲ႕ ပရိသတ္ျဖစ္ၿပီး BoA ကုိ လာလည္ကာ လက္ေဆာင္ေပးေၾကာင္း၊ BoA ကလည္း G-Dragon ကုိ သူကုိယ္တုိင္လက္မွတ္ထုိးထားတဲ့ CD ေပးၿပီး YG Family ပရိသတ္ျဖစ္တယ္လုိ႔ ေျပာခဲ့ေၾကာင္း အဲဒီေနာက္ သူတုိ႔ ဖုန္းနံပါတ္ လဲလွယ္ၿပီး သူတုိ႔ရဲ႕ အခက္အခဲေတြ၊ ေအာင္ျမင္မႈေတြကုိ ေျပာျပနားေထာင္ခဲ့ၾကေၾကာင္း ေဖာ္ျပထားပါတယ္။

အဲဒီေနာက္မွာေတာ့ သူတုိ႔ႏွစ္ဦးအၾကား “dating scandal” ေပၚေပါက္ခဲ့ၿပီး BoA ဟာ အဲဒီတုန္းက hot topic ျဖစ္ခဲ့ပါတယ္။ အဲဒီသတင္းေတြ ထြက္ေပၚလာၿပီးေနာက္မွာ G-Dragon က သူ႕ရဲ႕ official fan cafe အခုလုိပဲ ရွင္းျပခဲ့တာပါ။ အသက္ (၁၄) ႏွစ္အရြယ္ ေကာင္ေလးရဲ႕ ခ်စ္စရာေကာင္းတဲ့ ရွင္းျပခ်က္ကေတာ့ …

“အမွန္တရားကုိ ကၽြန္ေတာ္ေျပာပါမယ္။ ကၽြန္ေတာ့္နဲ႔ BoA noona တုိ႔ရဲ႕ သတင္းကုိ လူေတြ အရမ္းစိတ္၀င္စားေနၾကတာ ေတြ႕ရပါတယ္။ ခင္ဗ်ားတုိ႔ comments ေတြကုိ ၾကည့္ရတာ တစ္ဖက္က စိတ္ပ်က္စရာရသလုိ၊ တစ္ဖက္ကလာည္း ေက်းဇူးတင္မိတယ္။ ဟုတ္ၿပီး ကၽြန္ေတာ္တုိ႔ ႐ုိးသားရေအာင္ ကၽြန္ေတာ္ ဒိတ္မလုပ္ပါဘူး။ ဒီေတာ့ ေအးေဆးသာေနၾကပါ။ BoA noona ရဲ႕ ပရိသတ္ေတြေရာေပါ့။ မစုိးရိမ္ၾကပါနဲ႔။ ဒါေပမဲ့ ကၽြန္ေတာ္က BoA noona ရဲ႕ အႀကီးစားပရိသတ္ပါ။ ဒါကုိ ကၽြန္ေတာ္နဲ႔ ရင္းႏွီးသူေတြ သိၾကပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္အေနနဲ႔ အဲဒီထက္ မပုိသလုိ၊ အဲဒီထက္လည္း မေလ်ာ့ပါဘူး”လုိ႔ G-Dragon က ေရးသားခဲ့တာပါ။

အခု အဲဒီျဖစ္ရပ္ ႏွစ္ေပါင္း (၂၀)ေက်ာ္အၾကာမွာေတာ့ ပရိသတ္ေတြက အဲဒီတုန္းက G-Dragon ရဲ႕ ေျဖရွင္းခ်က္ကုိ အလြန္သေဘာက်ေနၾကၿပီး G-Dragon ဟာ ငယ္ငယ္ကတည္းက အလြန္ခ်စ္စရာေကာင္းေၾကာင္းနဲ႔ ဘာပဲေျပာေျပာ GD နဲ႔ BoA တုိ႔ဟာ K-Pop ရဲဲ႕ သက္ရွိဂႏၳ၀င္ေတြ၊ K-Pop ရဲ႕ King & Queen ျဖစ္လာခဲ့ေၾကာင္း မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Source: AKP

You cannot copy content of this page