K pop

■ Ji Chan Wook ရဲ့ The Sound of Magic ဇာတ်လမ်းတွဲနဲ့ပတ်သက်လို့ ချီးကျူးခံနေရတဲ့ IU

– – – နည်းနည်းခေါင်းရှုပ်သွားမယ် ထင်ပါတယ်။ The Sound of Magic မှာ IU လည်း မပါဘဲနဲ့ ဘာကြောင့် ချီးကျူးခံနေရသလဲဆိုတာကို ပုံနှိပ်ပြီး ဆက်လက်ဖတ်ရှုလိုက်ပါ။

ဒါရိုက်တာ Kim Seong Yoon က Netflix ဇာတ်လမ်းတွဲ ‘The Sound of Magic’ အတွက် အဆိုတော်/မင်းသမီး IU ကို အရမ်းကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့တာပါ။ Celeb Media က IU နဲ့ပတ်သက်ပြီး ဒါရိုက်တာရဲ့ ပြောကြားချက်တွေကို အခုလို ဖော်ပြခဲ့တာပါ။

Kim Seong Yoon က “ဇာတ်လမ်းအဆုံးပိုင်းမှာ Knees ဆိုတဲ့ သီချင်းကို ကျွန်တော်တို့ အသုံးပြုထားပါတယ်။ ပြီးတော့ အဆုံးမှာ Lee Ji Eun (IU ရဲ့ နာမည်ရင်း) ကို Credit ပေးထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ The Sound of Magic က ကမ္ဘာအနှံ့မှာ ပြသတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ Knees သီချင်းကို အသုံးပြုဖို့အတွက် ကျွန်တော် ဝယ်ယူဖို့ IU ကို ဆက်သွယ်ခဲ့တာပါ။

ဒါပေမဲ့ IU က အဲဒီသီချင်းက ကျွန်မကိုယ်တိုင် ရေးထားတာဆိုတော့ လိုအပ်ရင် စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်ဆိုပြီး ကျွန်တော့်ကို ခွင့်ပြုပေးခဲ့တာပါ။ အဲဒီအတွက် IU ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ Dream High ရိုက်ပြီးနောက် IU နဲ့ ခင်မင်ရင်းနှီးခဲ့တာပါ” လို့ ဆိုပါတယ်။

“Knees” က သူ့ကို ကိုယ်စားပြုတဲ့ သီချင်းလို့ IU ဖွင့်ဟဖူးပါတယ်။ သူ့ရဲ့ Concert တစ်ခုမှာ “အသက်တွေကြီးလို့ ကျွန်မ သေတဲ့အခါ IU ကို ကိုယ်စားပြုတဲ့ သီချင်းတွေအဖြစ် Heart၊ Knees နဲ့ Night Letter တို့ ဖြစ်ပါတယ်”လို့ IU က ပြောဆိုခဲ့တာပါ။

‘The Sound of Magic’ က ၂၀၁၀ ထုတ် webtoon စာရေးဆရာ Kwon Ha Il က ရေးသားခဲ့ပြီး ဘဝအခက်အခဲတွေကို ရင်ဆိုင်ရတဲ့ ဆယ်ကျော်သက်တွေကို အခွင့်အရေးပေးတဲ့ မျက်လှည့်ဆရာအကြောင်းကို ရိုက်ကူးထားပြီး မင်းသားချော Ji Chang Wook က အဓိကသရုပ်ဆောင်ထားပါတယ်။

Source: AKP

 

-Zawgyi

■ Ji Chan Wook ရဲ႕ The Sound of Magic ဇာတ္လမ္းတဲြနဲ႔ပတ္သက္လုိ႔ ခ်ီးက်ဴးခံေနရတဲ့ IU

– – – နည္းနည္းေခါင္းရႈပ္သြားမယ္ ထင္ပါတယ္။ The Sound of Magic မွာ IU လည္း မပါဘဲနဲ႔ ဘာေၾကာင့္ ခ်ီးက်ဴးခံေနရသလဲဆုိတာကုိ ပုံႏွိပ္ၿပီး ဆက္လက္ဖတ္႐ႈလုိက္ပါ။

ဒါ႐ုိက္တာ Kim Seong Yoon က Netflix ဇာတ္လမ္းတဲြ ‘The Sound of Magic’ အတြက္ အဆုိေတာ္/မင္းသမီး IU ကုိ အရမ္းေက်းဇူးတင္ေၾကာင္း ဖြင့္ဟခဲ့တာပါ။ Celeb Media က IU နဲ႔ပတ္သက္ၿပီး ဒါ႐ုိက္တာရဲ႕ ေျပာၾကားခ်က္ေတြကုိ အခုလုိ ေဖာ္ျပခဲ့တာပါ။

Kim Seong Yoon က “ဇာတ္လမ္းအဆုံးပုိင္းမွာ Knees ဆုိတဲ့ သီခ်င္းကုိ ကြ်န္ေတာ္တုိ႔ အသုံးျပဳထားပါတယ္။ ၿပီးေတာ့ အဆုံးမွာ Lee Ji Eun (IU ရဲ႕ နာမည္ရင္း) ကုိ Credit ေပးထားတာကုိ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ The Sound of Magic က ကမၻာအႏွ႔ံမွာ ျပသတဲ့ ဇာတ္လမ္းတဲြျဖစ္လုိ႔ Knees သီခ်င္းကုိ အသုံးျပဳဖုိ႔အတြက္ ကြ်န္ေတာ္ ဝယ္ယူဖုိ႔ IU ကုိ ဆက္သြယ္ခဲ့တာပါ။

ဒါေပမဲ့ IU က အဲဒီသီခ်င္းက ကြ်န္မကုိယ္တုိင္ ေရးထားတာဆုိေတာ့ လုိအပ္ရင္ စိတ္ႀကိဳက္အသုံးျပဳႏုိင္ပါတယ္ဆုိၿပီး ကြ်န္ေတာ့္ကုိ ခြင့့္ျပဳေပးခဲ့တာပါ။ အဲဒီအတြက္ IU ကုိ ကြ်န္ေတာ္ အရမ္းေက်းဇူးတင္ပါတယ္။ ကြ်န္ေတာ္တုိ႔ Dream High ႐ုိက္ၿပီးေနာက္ IU နဲ႔ ခင္မင္ရင္းႏွီးခဲ့တာပါ” လုိ႔ ဆုိပါတယ္။

“Knees” က သူ႔ကုိ ကုိယ္စားျပဳတဲ့ သီခ်င္းလုိ႔ IU ဖြင့္ဟဖူးပါတယ္။ သူ႔ရဲ႕ Concert တစ္ခုမွာ “အသက္ေတြႀကီးလုိ႔ ကြ်န္မ ေသတဲ့အခါ IU ကုိ ကုိယ္စားျပဳတဲ့ သီခ်င္းေတြအျဖစ္ Heart၊ Knees နဲ႔ Night Letter တုိ႔ ျဖစ္ပါတယ္”လုိ႔ IU က ေျပာဆုိခဲ့တာပါ။

‘The Sound of Magic’ က ၂၀၁၀ ထုတ္ webtoon စာေရးဆရာ Kwon Ha Il က ေရးသားခဲ့ၿပီး ဘဝအခက္အခဲေတြကုိ ရင္ဆုိင္ရတဲ့ ဆယ္ေက်ာ္သက္ေတြကုိ အခြင့္အေရးေပးတဲ့ မ်က္လွည့္ဆရာအေၾကာင္းကုိ ႐ုိက္ကူးထားၿပီး မင္းသားေခ်ာ Ji Chang Wook က အဓိကသ႐ုပ္ေဆာင္ထားပါတယ္။

Source: AKP

You cannot copy content of this page