K pop

■ မေလ Brand Reputation မှာ နံပါတ် (၁) နေရာကို သိမ်းပိုက်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင်

– – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ brand value rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ဒီလမှာ နံပါတ်(၁) နေရာကို သိမ်းပိုက်ခဲ့သူကတော့ BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်ကာ …

Korea Institute of Corporate Reputation က မတ်လအတွက် အမျိုးသမီး K-Pop Idol တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဧပြီလ (၁၅) ရက်ကနေ မေလ (၁၅)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

blac

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BLACKPINK Jennie၊ WJSN Bona နဲ့ MAMAMOO Hwasa တို့ ရပ်တည်ခဲ့ပါတယ်။ Jennie က brand value index 3,850,732 မှတ်ရရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Bona က 3,385,296 မှတ်နဲ့ ရပ်တည်ခဲ့ကာ တတိယနေရာမှာ Hwasa က 2,481,278 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ မေလအတွင်း အကျော်ကြားဆုံး အမျိုးသမီး K-Pop Idol (၁၀) ဦး

1- BLACKPINK Jennie
2- WJSN Bona
3- MAMAMOO Hwasa
4- aespa Winter
5- BLACKPINK Jisoo
6- Girls’ Generation Taeyeon
7- (G)I-DLE Miyeon
8- Girls’ Generation YoonA
9- BLACKPINK Lisa
10- aespa Karina

Source: Soompi

You cannot copy content of this page