K pop
■ Jennie ရဲ့ဖက်ရှင်တွေကို ကူးချတယ်လို့ စွပ်စွဲခံနေရတဲ့ Yeri ကို Netizens တွေ ဘာပြောလဲ
– – – အွန်လိုင်း Community တွေမှာ Red Velvet အဖွဲ့ဝင် Yeri ဟာ BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ဖက်ရှင်၊ စတိုင်လ်တွေကို ကူးချနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် K Netizns တွေက …
ပြဿနာက ဟာဝိုင်ယီမှာ အပန်းဖြေတဲ့ပုံတွေကို Yeri လူမှုကွန်ရက်မှာ တင်တာက စတာ ဖြစ်ပါတယ်။ IG မှာ Yeri ရဲ့ပို့စ်တွေ တက်လာပြီးနောက် TikTok တို့လို လူမှုကွန်ရက်တွေမှာ နိုင်ငံတကာ ပရိသတ်တွေက Yeri ဟာ Jennie ရဲ့ စတိုင်လ်တွေ၊ ဖက်ရှင်တွေသာမက Pose ကိုပါ Copy လုပ်တယ်လို့ စွပ်စွဲခဲ့ကြတာပါ။
အဲဒီလို စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီးနောက်မှာ Netizen အချို့က Yeri အပေါ် တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီပို့စ်တွေဟာ Korean online community တစ်ခုဖြစ်တဲ့ Nate Pann အထိ ရောက်လာခဲ့တာပါ။
အဲဒီနောက်တော့ ကိုရီးယား Netizen တွေက Yeri ကို ကာကွယ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့က “Yeri တင်တဲ့ ပို့စ်တွေထဲမှာ Jennie နဲ့ ဓာတ်ပုံတွေနဲ့ မတူတာတွေ အများကြီး ရှိတယ်။ ပြီးတော့ Yeri ကလည်း အဝတ်အစားတွေ စပွန်ဆာ ရထားတာ ရှိလို့ ပို့စ်တွေ တင်မှာပေါ့။ Yeri အရင်တင်ပြီး Jennie နောက်မှ တင်တာတွေလည်း ရှိတယ်။ အဲဒီတော့ Jennie ကူးချတယ်လို့ရော မဖြစ်ဘူးလား”
“တို့ကတော့ Jennie နဲ့ Yeri တို့ရဲ့ ‘Lovestagram လို့ ထင်တယ်”၊ “IG မှာ Pose တူတာများ အဆန်းလုပ်လို့” ၊ “သူတို့သာဘာ အေးဆေးနေကြပါစေ”၊ “သူတို့က အရမ်းခင်ကြတာ နင်တို့သာ သတ်နေကြ”၊ “ပို့စ်စတင်တဲ့သူက အလကား ရန်တိုက်နေတာ။ အားကုန်မခံကြနဲ့”
Source: AKP
-Zawgyi
Source: AKP
You cannot copy content of this page