K pop

■ Taeyeon ရဲ့ အကြီးစားပရိသတ်လို့ ဝန်ခံခဲ့တဲ့ SEVENTEEN အဖွဲ့ဝင်

– – – သူဟာ Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ရဲ့ အကြီးစားပရိသတ်ဖြစ်ကြောင်းနဲ့ မက်ဆေ့ချ်တွေတောင် ပို့ခဲ့ဖူးတယ်လို့ ဝန်ခံခဲ့တာပါ။

“Amazing Saturday” အစီအစဉ်မှာ SEVENTEEN အဖွဲ့ဝင်တွေ ဖြစ်တဲ့ Seungkwan, Mingyu, and DK ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး အဲဒီမှာ SEVENTEEN အဖွဲ့ဝင် Seungkwan က “ကျွန်တော် အစ်မ Taeyeon နဲ့ ခင်မင်ရင်းနှီးခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ အားလည်း နာမိတယ်။ Taeyeon ကို အရမ်းလေးစားပါတယ်။ ကျွန်တော့်က သူ့ရဲ့ အကြီးစား ပရိသတ်ပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

ဆက်ပြီးတော့ သူက “ကျွန်တော် သူနဲ့ မကြာခဏဆိုသလို အဆက်အသွယ် လုပ်ချင်ပါတယ်၊ ဒါပေမဲ့ အစ်မ Taeyeon က ကြော်ငြာတွေ၊Queendom၊ Amazing Saturday အစီအစဉ်တွေနဲ့ အရမ်းကို အလုပ်များနေတာပါ။ ကျွန်တော် သူ့ကို ဆက်သွယ်တိုင်း သူနဲ့ တွေ့ချင်ပါတယ်။ သူရဲ့ Fan Cafe မှာ ကျွန်တော် အဖွဲ့ဝင်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဒါ့ပြင် Seungkwan ကနေ သူ့အနေနဲ့ Taeyeon ဆီကို စာကြောင်း ၁၅ ကြောင်း ပါဝင်တဲ့ မက်ဆေ့ချ်တစ်စောင် ပို့ခဲ့ဖူးကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ သူက “ကျွန်တော် အရမ်းများနေသလားလို့ အစ်မကို မေးဖူးပါတယ်။ အစ်မကတော့ မများပါဘူးလို့ ကျွန်တော့်ကို ပြန်ပြောတယ်။ သူ့ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်”လု့် ဆိုပါတယ်။

Taeyeon ကတော့ သူ့ကို အားပေးတဲ့ အတွက် Seungkwan ကို အရမ်းကျေးဇူးတင်ကြောင်းနဲ့ သူ့ရဲ့ ရိုးသားဖြူစင်မှု၊ အမှန်တကယ်အားပေးမှုတွေကို ခံစားရကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Source: AKP

 

-Zawgyi

■ Taeyeon ရဲ႕ အႀကီးစားပရိသတ္လုိ႔ ဝန္ခံခဲ့တဲ့ SEVENTEEN အဖြဲ႕ဝင္

– – – သူဟာ Girls’ Generation အဖြဲ႕ေခါင္းေဆာင္ Taeyeon ရဲ႕ အႀကီးစားပရိသတ္ျဖစ္ေၾကာင္းနဲ႔ မက္ေဆ့ခ်္ေတြေတာင္ ပုိ႔ခဲ့ဖူးတယ္လုိ႔ ဝန္ခံခဲ့တာပါ။

“Amazing Saturday” အစီအစဥ္မွာ SEVENTEEN အဖဲြ႕၀င္ေတြ ျဖစ္တဲ့ Seungkwan, Mingyu, and DK ဧည့္သည္အျဖစ္ ပါဝင္ခဲ့ၿပီး အဲဒီမွာ SEVENTEEN အဖြဲ႕ဝင္ Seungkwan က “ကြ်န္ေတာ္ အစ္မ Taeyeon နဲ႔ ခင္မင္ရင္းႏွီးခြင့္ရလုိ႔ အရမ္းဝမ္းသာပါတယ္။ ၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ အားလည္း နာမိတယ္။ Taeyeon ကုိ အရမ္းေလးစားပါတယ္။ ကြ်န္ေတာ့္က သူ႔ရဲ႕ အႀကီးစား ပရိသတ္ပါ”လုိ႔ ဖြင့္ဟခဲ့ပါတယ္။

ဆက္ၿပီးေတာ့ သူက “ကြ်န္ေတာ္ သူနဲ႔ မၾကာခဏဆုိသလုိ အဆက္အသြယ္ လုပ္ခ်င္ပါတယ္၊ ဒါေပမဲ့ အစ္မ Taeyeon က ေၾကာ္ျငာေတြ၊Queendom၊ Amazing Saturday အစီအစဥ္ေတြနဲ႔ အရမ္းကုိ အလုပ္မ်ားေနတာပါ။ ကြ်န္ေတာ္ သူ႔ကုိ ဆက္သြယ္တုိင္း သူနဲ႔ ေတြ႕ခ်င္ပါတယ္။ သူရဲ႕ Fan Cafe မွာ ကြ်န္ေတာ္ အဖြဲ႕ဝင္မွာပါ” လုိ႔ ေျပာျပခဲ့ပါတယ္။

ဒါ့ျပင္ Seungkwan ကေန သူ႔အေနနဲ႔ Taeyeon ဆီကုိ စာေၾကာင္း ၁၅ ေၾကာင္း ပါဝင္တဲ့ မက္ေဆ့ခ်္တစ္ေစာင္ ပုိ႔ခဲ့ဖူးေၾကာင္းလည္း ဝန္ခံခဲ့ပါတယ္။ သူက “ကြ်န္ေတာ္ အရမ္းမ်ားေနသလားလုိ႔ အစ္မကုိ ေမးဖူးပါတယ္။ အစ္မကေတာ့ မမ်ားပါဘူးလုိ႔ ကြ်န္ေတာ့္ကုိ ျပန္ေျပာတယ္။ သူ႔ကုိ ကြ်န္ေတာ္ အရမ္းေက်းဇူးတင္ပါတယ္”လု္႔ ဆုိပါတယ္။

Taeyeon ကေတာ့ သူ႔ကို အားေပးတဲ့ အတြက္ Seungkwan ကုိ အရမ္းေက်းဇူးတင္ေၾကာင္းနဲ႔ သူ႔ရဲ႕ ႐ုိးသားျဖဴစင္မႈ၊ အမွန္တကယ္အားေပးမႈေတြကုိ ခံစားရေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

Source: AKP

You cannot copy content of this page