K pop

■ မေလအတွင်း Brand Reputation အမြင့်ဆုံးဖြစ်ခဲ့တဲ့ BTS အဖွဲ့ဝင်

– – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ brand value rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံး (၅) နေရာမှာ (၄) နေရာအထိ BTS အဖွဲ့ဝင်တွေ သိမ်းပိုက်ထားတာကို တွေ့ရပါတယ်။

Korea Institute of Corporate Reputation က မေလအတွက် အမျိုးသား K-Pop Idol တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဧပြီလ (၁၄)ရက်ကနေ မေလ (၁၄)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BTS Jimin၊ BTS Suga နဲ့ Kang Daniel တို့ ရပ်တည်ခဲ့ပါတယ်။ Jimin က brand value index 6,229,539 မှတ်ရရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Suga က 6,185,304 မှတ်နဲ့ ရပ်တည်ခဲ့ကာ တတိယနေရာမှာ Kang Daniel က 4,915,114 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ မေလအတွင်း အကျော်ကြားဆုံး အမျိုးသား K-Pop Idol (၁၀) ဦး

1- BTS Jimin
2- BTS Suga
3- Kang Daniel
4- BTS Jungkook
5- BTS V
6- BIGBANG G-Dragon
7- BTS Jin
8- ASTRO Cha Eun Woo
9- WINNER Song Mino
10- WINNER Kang Seung Yoon

Source: Soompi

You cannot copy content of this page